ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အကြို အလှူပြုလုပ် (ဓာတ်ပုံသတင်း) - BUR.MIZZIMA.COM
politics||2 MIN READ

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အကြို အလှူပြုလုပ် (ဓာတ်ပုံသတင်း) - BUR.MIZZIMA.COM

Back to News

AI Summary

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် NLD ဗဟိုအမျိုးသမီးကော်မတီနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက အလှူအတန်းပြုလုပ်ခဲ့ကြသည်။ အဆိုပါအဖွဲ့သည် ဆေးခန်းရှိ လူနာနှင့် လူနာစောင့် ၃၀၀ ဦးအတွက် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ပြီး ဆေးခန်းရန်ပုံငွေအတွက်လည်း ငွေကြေးများ ထည့်ဝင်လှူဒါန်းခဲ့သည်။ ဤလှူဒါန်းမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားတွင် မွေးနေ့အမှတ်တရစကား ပြောကြားခြင်းနှင့် ကဗျာရွတ်ဆိုခြင်းများ ပါဝင်သည်။ လက်ရှိတွင် အဆိုပါအစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။

မင်းထက် (ဇွန် ၁၄)

မဇ္ဈိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီးကော်မတီက ဦးဆောင်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ အလှူအတန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မယ်တော်ဆေးခန်းရှိ လူနာနှင့် လူနာစောင့် စုစုပေါင်း ၃၀၀ ဦးအတွက် နံနက်စာနှင့် နေ့လယ်စာ ကျွေးမွေးခဲ့ကြပြီး ဆေးခန်းရန်ပုံငွေအတွက်လည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ မွေးနေ့အကြိုလှူဒါန်းမှု အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် မယ်တော်ဆေးခန်း တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြပြီး မွေးနေ့အမှတ်တရစကား ပြောကြားခြင်း၊ ဂုဏ်ပြုကဗျာရွတ်ဆိုခြင်းနှင့် မွေးနေ့ကိတ်ခွဲခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated