ငပလီကမ်းခြေတွင် မြေစျေးများ အဆမတန်ကျလာသဖြင့် ခရိုနီများတိတ်တဆိတ် ဝယ်ယူမှုများရှိနေ
economy||7 MIN READ

ငပလီကမ်းခြေတွင် မြေစျေးများ အဆမတန်ကျလာသဖြင့် ခရိုနီများတိတ်တဆိတ် ဝယ်ယူမှုများရှိနေ

Narinjara
SourceNarinjara
Back to News

AI Summary

သံတွဲခရိုင်၊ ငပလီမြို့အနီးတွင် မြေစျေးနှင့် အိမ်စျေးများ သိသိသာသာ ကျဆင်းလာသဖြင့် ရန်ကုန်အခြေစိုက် ခရိုနီမြေပွဲစားများက တိတ်တဆိတ် ဝယ်ယူမှုများ ပြုလုပ်နေကြသည်။ ၎င်းတို့သည် လက်ရှိပဋိပက္ခအခြေအနေကြောင့် စျေးနှုန်းများ ကျဆင်းနေချိန်တွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်ကာ အနာဂတ်တွင် အကျိုးအမြတ်များစွာ ရရှိမည်ဟု မျှော်လင့်၍ ဝယ်ယူနေခြင်းဖြစ်သည်။ အာရက္ခတပ်တော် (AA) က ငပလီရှိ ကြယ်သုံးပွင့်မှ ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက်၊ ယင်းဟိုတယ်ပိုင်ရှင်များနှင့် ဆက်စပ်သူအချို့က AA နှင့် ဆက်သွယ်၍ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေနေကြသည်။ မြေပွဲစားများက AA မှ ပိုင်ဆိုင်မှုအထောက်အထား ထုတ်ပေးနိုင်ပြီး အခွန်ဆောင်နိုင်ကြောင်း ပြောဆိုကာ ဝယ်ယူမှုများကို ဆက်လက်ဆောင်ရွက်နေကြသည်။ လက်ရှိတွင် ကမ်းခြေဘက်မဟုတ်သော မြေကွက်များ၏ စျေးနှုန်းမှာ ၃၅ ပေပတ်လည်ကို ကျပ်သိန်း ၁၃၀ ခန့်ရှိပြီး ပိုင်ဆိုင်မှုအထောက်အထားများပါ ပေးအပ်မည်ဖြစ်သည်။ ဒေသခံများကမူ သံတွဲခရိုင် ကမ်းခြေတစ်လျှောက်ရှိ မြေယာအများစုကို ခရိုနီများနှင့် စစ်တပ်အသိုင်းအဝိုင်းက ပိုင်ဆိုင်ထားသဖြင့် ယင်းမြေယာပြဿနာများကို သေချာကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ဒီခရိုနီတွေကတော့ဗျာ စီးပွားရေးသမားတွေဆိုတော့ ။ သူတို့ကတော့ စွန့်စားတာပေါ့နော်။ ... ဒီအချိန်မှာ မြေတစ်ကွက် သိန်းတစ်ရာပေးလို့ဝယ်ရင် တိုင်းပြည်အေးချမ်းသွားတဲ့ခါ သောင်းချီလို့ ရနိင်တာပေါ့နော်။ ဒါကြောင့် စျေးချပြီး ရောင်းချနေတဲ့ မြေတွေကို သူတို့က လိုက်ဝယ်နေတဲ့ အနေအထားမျိုးတွေ့ရတာပေါ့နော်။"

"အခြေအနေအရငွေရှိတဲ့သူက ရင်းနှီးမြုပ်နှံမယ်။ဒီအချိန်ရွှေ စျေးနဲ့ ကိုက်ရင်အိမ်ခြံမြေစျေးတွေအရမ်းတန်နေလို့ပေါ့နော်။ နောင်ဒီစျေးနဲ့ဝယ်လို့လုံးဝမရနိုင်တဲ့အနေအထားမို့လို့ရင်နှီးနိုင်တဲ့သူတွေကဝယ်နေကြတာဘဲ။ကျွန်မဆီမှာ အေအေကပိုင်ဆိုင်မှုအထောက်အထားထုတ်ပေးရင် အခွန်ဆောင်လို့ရနေပြီ။"

"ဟိုသံတွဲ၊ ငပလီ ပင်လယ်ကမ်းခြေကနေ ဂွမြို့နယ်တောင်ပိုင်း ကမ်းခြေထိ ဘယ်ဒေသခံမှ ပိုင်တာမရှိတော့ဘူး။ ... ငပလီဆိုရင်လည်း ဘယ်ဒေသခံ ပိုင်တဲ့ ဟိုတယ်ဆိုလို့ သေးသေးလေး တစ်လုံး၊ နှစ်လုံးဘဲရှိတယ်။ ကျန်တာတွေက ခရိုနီတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ ပိုင်ထားတာ”ဟု ပြောဆိုသည်။"

နိရဉ္စရာ၊ ဇွန် ၁၂/ ၂၀၂၆

သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့် ရန်ကုန်နေ မြေအရောင်းအဝယ်လုပ်နေသူ ခရိုနီများမှ တိတ်တဆိတ် ဝယ်ယူမှုများရှိနေကြောင်း သတင်းရရှိသည်။

သို့သော်လည်း အဆိုပါ မြေဝယ်ယူမှုမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ခွင့်ပြုချက်ရှိ/မရှိကို မပြောနိုင်ကြောင်း ငပလီ ဒေသခံတစ်ဦးက ပြောသည်။

“ ဒီခရိုနီတွေကတော့ဗျာ စီးပွားရေးသမားတွေဆိုတော့ ။ သူတို့ကတော့ စွန့်စားတာပေါ့နော်။ AA က အပြီးသတ် ရေရှည် သိမ်းသွားမယ် ဆိုရင်လည်း ဝယ်ထားတဲ့ မြေက စာချုပ်စာတန်းနဲ့ဆိုတော့  သေချာနိုင်တဲ့ အနေအထားတော့ ရှိတာပေါ့နော်။ ဒါပေမယ့် အကယ်၍ စစ်တပ်က ဒီနေရာတွေကို ပြန်သိမ်းလို့ ရသွားမယ်ဆိုရင်ဘဲဖြစ်ဖြစ်၊ နှစ်ဘက်စေ့စပ်လို့ ရခိုင်ပြည် ငြိမ်းချမ်းသွားရင် ဒီမြေတွေက သူတို့အပိုင်ဖြစ်သွားပြီဆိုတော့ အခုမြေထားသူတွေက ပွတာပေါ့နော်။ ဒီအချိန်မှာ မြေတစ်ကွက် သိန်းတစ်ရာပေးလို့ဝယ်ရင် တိုင်းပြည်အေးချမ်းသွားတဲ့ခါ သောင်းချီလို့ ရနိင်တာပေါ့နော်။ ဒါကြောင့် စျေးချပြီး ရောင်းချနေတဲ့ မြေတွေကို သူတို့က လိုက်ဝယ်နေတဲ့ အနေအထားမျိုးတွေ့ရတာပေါ့နော်”ဟု ပြောသည်။

လက်ရှိတွင် အိမ်ခြံမြေလုပ်ကိုင်နေသူများက သံတွဲခရိုင် စစ်ရေး အခြေအနေများကို သာမက အာရက္ခတပ်တော်၏ အခြေအနေများကို မေးမြန်းနေကြောင်း၊ တချို့ဆိုလျှင် ငပလီကမ်းခြေရှိ ဟိုတယ်များ၏ အခြေအနေများကို မေးမြန်းစုံစမ်းနေကြောင်း၊ တချို့ဆိုလျှင် ဒေသတွင်းရှိ AA တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းမှုများရှိနေကြောင်း ၎င်းက ပြောသည်။

Narinjara News Image

“ဒီလို ဆက်သွယ်မေးမြန်းနေတာတွေရှိတယ်။ငပလီမှာခရိုနီတွေနဲ့ပတ်သက်ခဲ့သူတွေက သက်ဆိုင်ရာဟိုတယ်တွေကို စောင့်ကြည့်နေတာငွေလေးဘာလေးပေးထားတာပေါ့၊ အေအေသိမ်းထားပြီဆိုတာသူတို့လည်းသိတယ်။ပြန်ရမလားမျှော်လင့်နေတာတွေလည်းရှိတယ်။ စီးပွားရေးသမားတွေဆိုတော့လက်ရှိမြေဈေးအခြေအနေ၊သူတို့ဟိုတယ်တွေနဲ့ပတ်သက်ပြီး အေအေဘက်ကအပြောအဆိုတွေကိုသိချင်တာ၊သာရင်သာသလို ဆက်သွယ်ပြီး အေအေလက်ထက်မှာလဲစီးပွားရေးပုံစံတခုလုပ်ချင်တဲ့သဘော။အေအေနဲ့ညှို့နှိုင်းပြီးစကားပြောလို့ရရင်ပြောချင်တယ်လို့ရခိုင်လူမျိုးသူဌေးတစ်ယောက်ကတဆင့် ခရိုနီတွေက ငပလီကိုဆက်သွယ်ပြောဆိုတာတွေရှိတယ်လို့ ကျွန်တော်တို့သိထားတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ငပလီရှိလက်ရှိအိမ်ခြံမြေပွဲစားတစ်ဦးအား နိရဉ္စရာသတင်းဌာနမှဆက်သွယ်မြေးမြန်းရာတွင် ငပလီ၊ မြပြင်၊လင်းသာရှိအိမ်ခြံမြေတချို့အားအဝေးရောက်ဝယ်ယူမှုများရှိနေပြီး ထိုသို့ဝယ်ယူသူများတွင်ဟိုတည်ပိုင်ရှင်များနှင့်ဆက်စပ်သူ တချို့လည်းပါဝင်သည်ဟုပြောဆိုသည်။

အိမ်ခြံမြေပွဲစားအမျိုးသမီးတစ်ဦးက “အခြေအနေအရငွေရှိတဲ့သူက ရင်းနှီးမြုပ်နှံမယ်။ဒီအချိန်ရွှေ စျေးနဲ့ ကိုက်ရင်အိမ်ခြံမြေစျေးတွေအရမ်းတန်နေလို့ပေါ့နော်။ နောင်ဒီစျေးနဲ့ဝယ်လို့လုံးဝမရနိုင်တဲ့အနေအထားမို့လို့ရင်နှီးနိုင်တဲ့သူတွေကဝယ်နေကြတာဘဲ။ကျွန်မဆီမှာ အေအေကပိုင်ဆိုင်မှုအထောက်အထားထုတ်ပေးရင် အခွန်ဆောင်လို့ရနေပြီ။အဝေးကဝယ်မယ်ဆိုရင်ဒီမှာမိသားစုလူယုံရှိရင်အဆင်ပြေတယ်။ မဟုတ်ရင်လည်းအခွန်ဆောင်ပြီးပိုင်ဆိုင်ကြောင်းအထောက်အထားကိုထည့်ပေးနိုင်ပါတယ်။အရင်ကငပလီမှာ လာရောက်အလုပ်လုပ်ဖူးတဲ့ သူဌေးတချို့ကတော့အေအေအာဏာပိုင်နဲ့တောင် တိုက်ရိုက်ပြောချင်တယ်လို့ပြောတယ်။ကျွန်မတို့တော့  အဲ့လောက်မလုပ်ပေးနိုင်ဘူး” ဟု ပြောသည်။

ဝယ်ယူနေသူများ၏နာမည်နှင့်၎င်းတို့ပိုင်ဆိုင်သည့် ဟိုတည်အားမေးရာတွင်သူမကပြောဆိုရန် ငြင်းဆန်ခဲ့သည်။

လက်ရှိတွင်လင်းသာ၊ မြပြင်၊ငပလီ၊ဂေါ့တို့ရှိကမ်းခြေဘက်အခြမ်းမဟုတ်သောမြေကွက်များ၏  ၃၅ ပေပတ်လည်ကို ကျပ်သိန်း၁၃၀ဈေးပေါက်လျက်ရှိကာနာမည်နှင့် ပိုင်ဆိုင်မှုအထောက် အထားများပါပေးအပ်မည်ဖြစ်ကြောင်း ပွဲစားများကဆိုသည်။

ရခိုင်ပြည် သံတွဲခရိုင်၊ ကမ္ဘာကျော် ငပလီကမ်းခြေတွင်ကြယ်သုံးပွင့်မှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိပြီး သံတွဲမြို့ကို AA က သိမ်းပိုက်လိုက်သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းဟိုတယ်များအားလုံးကို AA ကထိန်းချုပ်ထိန်းသိမ်းထားသည်။

ငပလီကမ်းခြေမှ အကြီးဆုံးဟိုတယ်ဖြစ်သော ကြယ်ငါးပွင့်အဆင့်ရှိ Jasmine Ngapali Resort (စံပယ်ဖြူငပလီဟိုတယ်) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်နီးစပ်သူ ဦးကောင်းစံက ပိုင်ဆိုင်ပြီးမြန်မာပြည်၏ ခရိုနီသူဌေးများဖြစ်ကြသည့် ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်၊ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးဝင်းအောင်၊ ဦးမြဟန် တို့၏ ဟို တယ်များလည်းငပလီကမ်းခြေတွင် ရှိနေကြပြီး အားလုံးကို AA က သိမ်းပိုက် ချိတ်ပိတ်ထားသည်။

ထို့အပြင် ငပလီကမ်းခြေတွင် ကမ္ဘာကျော် Hilton – ဟီလ်တန်ဟိုတယ်လုပ်ငန်းစုနှင့် ပူးပေါင်း ပြီး လေဆိပ်လမ်းဇီးဖြူကုန်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည့် ကြယ် ၅ ပွင့် အဆင့်ရှိ Hilton ငပလီဟိုတယ်လည်း ရှိနေပြီးအေဒင်အုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ နှင့်မြန်မာ့ရှေ့ဆောင်ဘဏ်ပိုင်ရှင် ဦးချစ်ခိုင်က ပိုင်ဆိုင်သည်။

ငပလီ ဟိုတယ်အများစုမှာ လင်းသာ၊ ဇီးဖြူကုန်း၊ ဂျိတ်တောစသည့်ရပ်ကွက်များနှင့် ငပလီကမ်းခြေတွင်တည်ရှိကာငပလီကမ်းခြေတွင်ရှိသည့်ဟိုတယ် ၆၅ လုံးနှင့် အခန်းပေါင်း ၂၀၀၀ ကျော်ရှိကာ အားလုံးကိုအာရက္ခတပ်တော် AA ကချိတ်ပိတ်ထားသည်။

ငပလီကမ်းခြေရှိ ဟိုတယ်သာမက  ဂွမြို့နယ် ဆပ်သွား၊ ကျိန္တလီ၊ တိုင်ကြိုး၊ ကမ်းသာယာနှင့် ရွှေရတီကမ်းခြေမြို့သစ်စီမံကိန်းတည်ရှိရာ ကမ်းခြေရှိ မြေများအားလုံးကို အာရက္ခတပ်တော် မသိမ်းပိုက်မီကပင် ရန်ကုန်ရှိ ခရိုနီများနှင့် စစ်တပ်အသိုင်းအ၀ိုင်းက ဝယ်ယူထားကြောင်း သိရသည်။

ကျိန္တလီ ဒေသခံတစ်ဦးက “ ဟိုသံတွဲ၊ ငပလီ ပင်လယ်ကမ်းခြေကနေ ဂွမြို့နယ်တောင်ပိုင်း ကမ်းခြေထိ ဘယ်ဒေသခံမှ ပိုင်တာမရှိတော့ဘူး။ ဆပ်သွားကမ်းခြေဆိုလည်း ရန်ကုန်က ခရိုနီတွေပိုင်ထားတာ။ ကျိန္တလီကမ်းခြေတွေဆိုလည်း သူတို့ပိုင်ထားတာ။ ပင်လယ်ကမ်းခြေတစ်လျှောက် မြင်ရတဲ့  အုန်းပင်တွေ အစီအရီမြင်ရပေမယ့် အဲဒီမှာ ရှိနေတဲ့ ဒေသခံတွေ ပိုင်တယ်လို့ မထင်နဲ့။ သူတို့က အုန်းခြံနဲ့ ဥယာဉ်ခြံမြေတွေကို စောင့်ဖို့ လစာပေးပြီး ငှားထားတာ။ ငပလီဆိုရင်လည်း ဘယ်ဒေသခံ ပိုင်တဲ့ ဟိုတယ်ဆိုလို့ သေးသေးလေး တစ်လုံး၊ နှစ်လုံးဘဲရှိတယ်။ ကျန်တာတွေက ခရိုနီတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ ပိုင်ထားတာ”ဟု ပြောဆိုသည်။

ထိုကဲ့သို့ သံတွဲခရိုင်ရှိ သံတွဲ၊ ငပလီ၊ ကျိန္တလီ၊ ဂွမြို့နယ်မှ ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ခြံမြေများအားလုံးကို ခရိုနီများနှင့် စစ်တပ်မိသားစု အသိုင်းအ၀ိုင်းက ပိုင်ဆိုင်ထားသဖြင့် အဆိုပါ မြေယာပြဿနာကို အသေအချာကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဆက်စပ်သတင်းများ

AI Curated
ငပလီကမ်းခြေတွင် မြေစျေးများ အဆမတန်ကျလာသဖြင့် ခရိုနီများတိတ်တဆိတ် ဝယ်ယူမှုများရှိနေ | YGN Daily