
တိုက်စစ်မှူး ဂျက်ဆင်ကို ပြန်ခေါ်ပြီး ချဲလ်ဆီးနည်းပြသစ် အလွန်ဆို အခွင့်အရေးပေးမည်
AI Summary
ချဲလ်ဆီးအသင်းသည် ဘိုင်ယန်မြူးနစ်တွင် အငှားသွားရောက်ကစားနေသည့် တိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင်ကို လာမည့်နွေရာသီတွင် အသင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။ ယခင်နည်းပြ မာရက်စကာနှင့် အဆင်မပြေမှုများကြောင့် အသင်းမှ ခေတ္တထွက်ခွာခဲ့ရသော်လည်း လက်ရှိတွင် နည်းပြသစ်ပြောင်းလဲသွားပြီဖြစ်၍ ၎င်းကို ပြန်လည်ခေါ်ယူခြင်းဖြစ်သည်။ ဤဆုံးဖြတ်ချက်ကြောင့် ဂျက်ဆင်သည် ချဲလ်ဆီးအသင်းတွင် ဆက်လက်ရှိနေနိုင်မည့် အခွင့်အရေးရရှိသွားမည်ဖြစ်သည်။ အခြားပရီးမီးယားလိဂ်ကလပ်များက စိတ်ဝင်စားနေသော်လည်း ချဲလ်ဆီးအသင်းက နည်းပြသစ် ဇာဘီအလွန်ဆိုလက်အောက်တွင် ၎င်း၏ခြေစွမ်းကို ဦးစွာအကဲဖြတ်သွားမည်ဖြစ်သည်။ လက်ရှိတွင် ဂျက်ဆင်သည် ဘိုင်ယန်မြူးနစ်၌ ခြေစွမ်းပြနေပြီး ချဲလ်ဆီးနှင့် ၂၀၃၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသည်။

ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်မှာ အငှားသွားကစားခဲ့တဲ့ တိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင် ကို လာမဲ့ နွေရာသီမှာ အသင်းဆီ ပြန်လည်ခေါ်ယူပြီး နည်းပြသစ် ဇာဘီအလွန်ဆိုအောက်မှာ ခြေစွမ်းပြခွင့် ပေးသွားမှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ နည်းပြဟောင်း မာရက်စကာနဲ့ အဆင်မပြေလို့ အသင်းကနေ ခဏ ထွက်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ မာရက်စကာ မရှိတော့တဲ့အတွက် အသင်းမှာ ဆက်နေဖို့ အလားအလာ ရှိနေပါတယ်။
ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အတွက် ၁၁ ဂိုး သွင်းယူပေးခဲ့ပြီး ကလပ်အသင်းနဲ့ ၂၀၃၃ ခုနှစ်အထိ ၇ နှစ်နီးပါး သက်တမ်းကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တချို့က စိတ်ဝင်စားနေပေမဲ့ ချဲလ်ဆီးဘက်ကတော့ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဇူလိုင် ၁ ရက်မှာ စတင်တာဝန်ယူမဲ့ နည်းပြ အလွန်ဆိုကို ဂျက်ဆင်ရဲ့ ခြေစွမ်းကို အကဲဖြတ်ဖို့ အရင်ဆုံး အခွင့်အရေးပေးသွားမှာ ဖြစ်ပါတယ်။