
AI Summary
ဇွန်လ ၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် ရေတပ်က ရခိုင်ပြည်သို့ ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၁၄၅၀၊ ငါးဖမ်းလှေ ၅ စီးနှင့် လူ ၅၂ ဦးကို ဖမ်းဆီးခဲ့သည်။ နတ်မြစ်၀ရှိ စိန့်မာတင်(အုန်းကျွန်း)အနီးတွင် ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ အင်ဂျင်ပါဝါရှိသော သစ်သားငါးဖမ်းလှေနှစ်စင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါလှေနှစ်စင်းပေါ်မှ ဘိလပ်မြေအိတ်များနှင့် ဘိလပ်မြေမှောင်ခိုသမား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးမေးမြန်းရာတွင် နောက်ထပ်ငါးဖမ်းလှေ ၃ စီးနှင့် လူ ၃၀ ဦးတို့လည်း ဘိလပ်မြေကုန်ကူးမှုတွင် ပါဝင်ပတ်သက်ကြောင်း ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ရေတပ်ကင်းလှည့်သင်္ဘောသည် အဆိုပါလှေ ၃ စီးနှင့် လိုက်ပါလာသူများကို ထပ်မံဖမ်းဆီးခဲ့သည်။ စစ်ဆင်ရေးအပြီးတွင် ဖမ်းဆီးရရှိသော ဘိလပ်မြေများနှင့် လူများကို ဥပဒေအရ အရေးယူရန် တက်ကနက် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
နိရဉ္စရာ၊ ဇွန် ၇/၂၀၂၆
ရခိုင်ပြည်သို့ ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၁၄၅၀၊ ငါးဖမ်းလှေ ၅ စီးနှင့် လူ ၅၂ဦးကိုဘင်္ဂလားဒေ့ရှ် ရေတပ်က လွန်ခဲ့သည့် ဇွန် ၄ ရက်နေ့က ဖမ်းဆီးလိုက်သည်။
ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောသည် နတ်မြစ်၀ရှိ စိန့်မာတင်(အုန်းကျွန်း)အနီးတွင် ဇွန်၄ ရက် ည ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ အင်ဂျင်ပါဝါရှိသော သစ်သားငါးဖမ်းလှေနှစ်စင်းကို တွေ့ရှိခဲ့သဖြင့်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခဲ့သောငါးဖမ်းစက်လှေများမှာ 'FB Ma Noor Jahan' နှင့် FB Homaiara' တို့ဖြစ်ပြီးလှေပေါ်သို့ တက်ရောက် ရှာဖွေရာတွင် ဘိလပ်မြေအိတ် ၁၄၅၀ ကိုသိမ်းဆည်းရမိသည်ဟု ဆိုသည်။
၎င်းနောက်စက်လှေ ၂ စီးပေါ် လိုက်ပါလာသည့် ဘိလပ်မြေမှောင်ခိုသမား၂၂ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူများကိုစစ်ဆေးမေးမြန်းရာတွင် နောက်ထပ်ငါးဖမ်းလှေ ၃ စီးဖြစ်ကြသည့် FB Maa Janani-1၊ FB Ashraful Islam Sayyad နှင့် FB Haji Basirullah တို့လည်း ဘိလပ်မြေကုန်ကူးမှုတွင် ပါဝင်ပတ်သက်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။
သို့အတွက်ရေတပ်ကင်းလှည့်သင်္ဘောသည် ၎င်းငါးဖမ်းလှေ ၃ စင်းနှင့် လှေပေါ်တွင်လိုက်ပါလာသူ ၃၀ဦး ကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟုသတင်းတွင် ဆက်လက်ဖော်ပြသည်။
စစ်ဆင်ရေးအပြီးတွင် ဖမ်းဆီးရရှိသော ဘိလပ်မြေနှင့် လူများကို ဥပဒေအရ အရေးယူရန် တက်ကနက် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
Ref: ISPR (Bangladesh army)