လက်နက်တိုက်ပုံရိုက်တင်သည့် ခမရ ၅၈၇ တပ်ကြပ်ကြီးအပါအဝင် ၃ ဦး ဖမ်းဆီးခံရ
politics||2 MIN READ

လက်နက်တိုက်ပုံရိုက်တင်သည့် ခမရ ၅၈၇ တပ်ကြပ်ကြီးအပါအဝင် ၃ ဦး ဖမ်းဆီးခံရ

DVB
SourceDVB
Back to News

AI Summary

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်သည်သုံးဦးကို စစ်လက်နက်ပစ္စည်းများ ဓာတ်ပုံရိုက်ကူး၍ လူမှုကွန်ရက်တွင် တင်ခဲ့မှုဖြင့် ဖမ်းဆီးထားသည်။ ဇွန်လ ၉ ရက်နေ့တွင် Phoesi အကောင့်မှ စစ်လက်နက်ပုံများ တင်ခဲ့ရာ ၎င်းတို့သည် ခမရ ၅၈၇ လက်နက်တိုက်မှ သေနတ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် သေနတ်ပုံများ၏ မူရင်းတပ်ရင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများကြောင့် တိုင်းစစ်ဌာနချုပ်က သိရှိပြီးနောက် တပ်တွင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မူလတင်သူက ပို့စ်ကို ဖျက်ခဲ့သော်လည်း အခြားသူများက ပြန်လည်တင်ခဲ့သောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသည့် တပ်ကြပ်ကြီးမျိုးအောင်နှင့် တပ်သားနှစ်ဦးကို အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် စစ်ဆေးလျက်ရှိသည်။ ဤဖြစ်ရပ်သည် ယခင်ကလည်း တပ်တွင်းသတင်းပေါက်ကြားမှုဖြင့် ဖမ်းဆီးမှုများရှိခဲ့သည့် ဖြစ်စဉ်များနှင့် ဆင်တူသည်။

ထင်ရှားသော ပြောကြားချက်များ

"စစ်တပ်က သေနတ်ပုံတွေတင်တော့ ဒီသေနတ်တွေက ခမရ ၅၈၇ က သေနတ်တွေ၊ ခမရ ၅၈၈ က သေနတ်တွေဆိုပြီး ငြင်းခုံကြရင်း တိုင်းစစ်ဌာနချုပ်က သိပြီး အဖမ်းခံရတာ။ ရေးမြို့နယ်က တပ်ရင်းတွေ အကုန်ခေါ်စစ်တော့ အဲ့ပုံတွေက ခမရ ၅၈၇ က ပုံတွေဖြစ်တယ်။ အဲ့ဒီဓာတ်ပုံကိစ္စနဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား ၂ ယောက်ကို ဖမ်းထားတယ်။"

Photo: Nay Zin

လူမှုကွန်ရက်စာမျက်နှာမှာ အာဏာရှင်စစ်တပ်ရဲ့ စစ်လက်နက်ပစွည်းတွေကို ဓာတ်ပုံရိုက်ကူးတင်ခဲ့တဲ့ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီးအပါအဝင် ၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ဘက်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဇွန် ၉ ရက်က လူမှုကွန်ရက်စာမျက်နှာမှာ Phoesi အကောင့်ကနေ စစ်လက်နက်ပစွည်းဓာတ်ပုံတွေတင်ခဲ့ရာ အဆိုပါစစ်လက်နက်တွေဟာ ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် ခမရ ၅၈၇ လက်နက်တိုက်မှ သေနတ်တွေဖြစ်တာကြောင့် တပ်တွင်းစစ်ဆေးမှုလုပ်ပြီး ဖမ်းဆီးခဲ့တာလို့ စစ်ဘက်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စစ်တပ်က သေနတ်ပုံတွေတင်တော့ ဒီသေနတ်တွေက ခမရ ၅၈၇ က သေနတ်တွေ၊ ခမရ ၅၈၈ က သေနတ်တွေဆိုပြီး ငြင်းခုံကြရင်း တိုင်းစစ်ဌာနချုပ်က သိပြီး အဖမ်းခံရတာ။ ရေးမြို့နယ်က တပ်ရင်းတွေ အကုန်ခေါ်စစ်တော့ အဲ့ပုံတွေက ခမရ ၅၈၇ က ပုံတွေဖြစ်တယ်။ အဲ့ဒီဓာတ်ပုံကိစ္စနဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား ၂ ယောက်ကို ဖမ်းထားတယ်။”

စစ်လက်နက်ပစ္စည်းတွေ ဓာတ်ပုံရိုက်တင်ခဲ့သူက လူမှုကွန်ရက်မှာ တင်ထားတဲ့ပို့စ်ကို ဖျက်သွားပေမဲ့ ဓာတ်ပုံသိမ်းထားသူတွေက ခေါင်းစဥ်အမျိုးမျိုနဲ့ ပြန်တင်ခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ သိရပါတယ်။

လတ်တလောမှာ ဖမ်းဆီးထားတဲ့ တပ်ကြပ်ကြီး မျိုးအောင်နဲ့ တပ်သား ၂ ယောက်ကို အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်ကလည်း တပ်တွင်းစစ်ရေးသတင်း.အပြင်ကိုပေါက်ကြားတဲ့ ကိစ္စနဲ့ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ကြပ်နဲ့ တပ်သားတယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
လက်နက်တိုက်ပုံရိုက်တင်သည့် ခမရ ၅၈၇ တပ်ကြပ်ကြီးအပါအဝင် ၃ ဦး ဖမ်းဆီးခံရ | YGN Daily