စစ်မှုထမ်းဆင့်ခေါ်ရာတွင် ငွေကြေးတောင်းခံနေသူများကို အရေးယူမည်
politics||3 MIN READ

စစ်မှုထမ်းဆင့်ခေါ်ရာတွင် ငွေကြေးတောင်းခံနေသူများကို အရေးယူမည်

DVB
SourceDVB
Back to News

AI Summary

မွန်ပြည်နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့များက ဥပဒေမဲ့ငွေကြေးတောင်းခံခြင်းနှင့် အဓမ္မတပ်သားသစ်စုဆောင်းခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။ အဆိုပါလုပ်ရပ်များကြောင့် လူငယ်များ အိုးအိမ်စွန့်ခွာရခြင်းနှင့် တရားမဝင်လူမှောင်ခိုလုပ်ငန်းများ ပိုမိုဖြစ်ပွားလာခြင်းတို့ ဖြစ်ပေါ်နေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ရာ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီးက ဥပဒေပြင်ပကျူးလွန်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၅ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ ဝန်ထမ်းမဟုတ်သူများဖြစ်ပါကလည်း သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထင်ရှားသော ပြောကြားချက်များ

"ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေက လက်မခံတာ မဟုတ်ပါဘူး။ အောက်ခြေမှာ ဥပဒေမဲ့ ပရမ်းပတာ လုပ်နေတာကို လက်မခံတာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မညီသော ဆင့်ခေါ်ခြင်းတွေ ကြောင့်လည်းကောင်း၊ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ မမှန်မကန် ဆောင်ရွက်မှုတွေကြောင့် လည်းကောင်း၊ ထောက်ပံ့ရေးအကြောင်းပြပြီး ငွေကြေးတောင်းခံမှုတွေကြောင့်လည်းကောင်း ပြည်သူတွေမှာ လုံခြုံမှုကင်းမဲ့ကာ စိုးရိမ်ကြောင့်ကြနေကြရပါတယ်။"

"ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ ဥပဒေနည်းဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အဓမ္မဆင့်ခေါ် မှုများ၊ ငွေကြေးကောက်ခံမှုများ၊ ဥပဒေနဲ့ မလျှော်ညီသော လုပ်ရပ်များနဲ့ စီးပွားရှာနေတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ နိုင်ငံဝန်ထမ်း၊ အဖွဲ့အစည်းဝင်များရဲ့ လုပ်ငန်းတာဝန်များကို ဖောက်ဖျက်ကျူးလွန်ကြာင်း စိစစ်တွ့ရှိပါက ပြည်သူ့စစ်မှုထမ်းဥပဒေ ၂၅ နဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

Photo: hluttaw

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ တရားမဲ့ပြုကျင့်ကာ ပြည်သူတွေဆီက ငွေကြေးတောင်းခံနေတဲ့ ဝန်ထမ်းတွေကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၅ အရ အရေးယူသွားမယ်လို့ မွန်ပြည်နယ် လူမှုရေးရာ ဝန်ကြီးက ပြောပါတယ်။

မနေ့ ဇွန် ၁၉ ရက် မနက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကျိုက်မရော မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ရဲ့ မေးမြန်းမှုအပေါ် ပြည်နယ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖော်ကတည်းက လက်ရှိအချိန်ထိ အောက်ခြေ မှာ ဥပဒေမဲ့ပြုကျင့်မှုတွေကြောင့် ပြည်သူလူထုအကြား စိုးရိမ်ပူပန်နေကြရပါတယ်။

အောက်ခြေ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ငွေကြေးတောင်းခံမှုတွေ၊ အဓမ္မ တပ်သားသစ် စုဆောင်းမှုတွေကြောင့် စစ်မှုထမ်းသက်တမ်းအကျုံးဝင်တဲ့ လူငယ် အမြောက်အမြား အိုးအိမ်စွန့်ခွာကာ အလုပ်လုပ်ကိုင်နေကြရသလို အချို့ တရားမဝင် ဖမ်းဆီးခံ ရပြီး တပ်သားသစ်စုဆောင်းခံနေကြရပါတယ်။

အဆိုပါ အခြေအနေတွေကြောင့် မွန်ပြည်နယ်အတွင်းမှာ တရားမဝင် လူမှောင်ခိုလုပ်ငန်းတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေရတယ်လို့ ကျိုက်မရောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ပြည်နယ်လွှတ်တော်ကတဆင့် အသိပေးသွားပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေက လက်မခံတာ မဟုတ်ပါဘူး။ အောက်ခြေမှာ ဥပဒေမဲ့ ပရမ်းပတာ လုပ်နေတာကို လက်မခံတာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မညီသော ဆင့်ခေါ်ခြင်းတွေ ကြောင့်လည်းကောင်း၊ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ မမှန်မကန် ဆောင်ရွက်မှုတွေကြောင့် လည်းကောင်း၊ ထောက်ပံ့ရေးအကြောင်းပြပြီး ငွေကြေးတောင်းခံမှုတွေကြောင့်လည်းကောင်း ပြည်သူတွေမှာ လုံခြုံမှုကင်းမဲ့ကာ စိုးရိမ်ကြောင့်ကြနေကြရပါတယ်။”

အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်နယ် လူမှုရေးဝန် ကြီး ဦးတင်ဇော်ထွန်းက လွှတ်တော်မှာ ပြန်လည်ဖြေကြားရာမှာ ဥပဒေပြင်ပ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။‌

“ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ ဥပဒေနည်းဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အဓမ္မဆင့်ခေါ် မှုများ၊ ငွေကြေးကောက်ခံမှုများ၊ ဥပဒေနဲ့ မလျှော်ညီသော လုပ်ရပ်များနဲ့ စီးပွားရှာနေတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ နိုင်ငံဝန်ထမ်း၊ အဖွဲ့အစည်းဝင်များရဲ့ လုပ်ငန်းတာဝန်များကို ဖောက်ဖျက်ကျူးလွန်ကြာင်း စိစစ်တွ့ရှိပါက ပြည်သူ့စစ်မှုထမ်းဥပဒေ ၂၅ နဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ ပြည်သူထဲကဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၅ အပြင် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated