ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်
economy||3 MIN READ

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

AI Summary

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ခရမ်းချဉ်သီးစိုက်တောင်သူများသည် ဈေးနှုန်းများ အဆမတန်ကျဆင်းမှုကြောင့် အရင်းအနှီးပင် ပြန်မရဘဲ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။ မေလနောက်ဆုံးပတ်မှစ၍ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာရာ လက်ရှိတွင် တစ်ပိဿလျှင် ကျပ် ၃၀၀ အောက်သာရှိပြီး အမြင့်ဆုံး ကျပ် ၄၀၀ သာရရှိနေသည်။ ပုံမှန်အားဖြင့် တစ်ပိဿလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အထိရရှိခဲ့သည့် ဈေးနှုန်းသည် ယခုအခါ အရင်းပင်မရတော့သည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ခရမ်းချဉ်သီးတစ်ဧက စိုက်ပျိုးရန် ကျပ်သိန်း ၄၀ ခန့် ကုန်ကျသော်လည်း ဈေးမရသဖြင့် အမြတ်မပြောနှင့် အရင်းပင် မကျေနိုင်ဖြစ်နေသည်။ ကြာရှည်သိုလှောင်၍မရသော သီးနှံဖြစ်သည့်အတွက် ဝယ်ယူသူမရှိသည့် အသီးများကို လမ်းဘေးတွင် စွန့်ပစ်ရသည်အထိ ဖြစ်နေသည်။ အလားတူပင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် အာလူးစသည့် ရာသီပေါ်သီးနှံများ စိုက်ပျိုးသည့် တောင်သူများလည်း နှစ်စဉ် အရှုံးပေါ်နေပြီး အချို့မှာ သယ်ယူပို့ဆောင်ခ ကုန်ကျမည်ကို စိုးရိမ်၍ လွှင့်ပစ်နေရကြောင်း သိရသည်။

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။

မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို ၄၀၀ကျပ်ဈေးနဲ့ပဲရတယ်။ ဒီပတ်ထဲမှာ ဈေးတွေက ဆက်ပြီးကျနေတာ။ အောင်ပန်သွားရောင်းရင် ကားခ၊လူငှားပြီးခူးတဲ့ခ ကျန်တာတွေကောဆိုရင် ထပ်ကုန်မှာဆိုတော့ ဘာမှမကျန်ပြန်။ တချို့တော့လည်း အမျိုးပဲထားတော့တာ။တချို့ကြတော့လည်း ရသလောက်ပဲ အရှုံးခံပြီးရောင်းကြတာ။” စိုက်ပျိုးရေးသမား ကိုချမ်းက ပြောသည်။

လက်ရှိ ခရမ်းချဉ်သီးတစ်ပိဿ မြန်မာ ကျပ်ငွေ ၃၀၀ အောက်သာကျန်ရှိနေပြီ အမြင့်ဆုံးဈေး တစ်ပိဿ ၄၀၀ ကျပ်အထိသာရှိသဖြင့်  အရင်းအနှီးပြန်မရသည် အထိဆုံးရှုံးမှုများနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက ဆက်ပြောသည်။

“ခုက ဒီဈေးနဲ့ပြန်ရောင်းရတာကတော့ အမြတ်မပြောနဲ့ အရင်းတောင်မရဘူး။ ပုံမှန်ဆို ဈေးက ၁၅၀၀၊၂၀၀၀ကျပ် ထိရှိရမှာ။ အခုက ၅၀၀ကျပ်တောင် မကျော်တဲ့ ဈေးနဲ့ ရောင်းပြီးတော့ ရှုံးတာများတယ်။ ဈေးမရှိတော့ မြတ်တယ်လို့ ပြောတာမရှိသလောက်ပဲ။ဒီနှစ်တော့ ခြံထွက်သီနှံတွေဘာမှကို ဈေးမကောင်းတာ”ဟု ၎င်းက ပြောသည်။

ထိုကြောင့် ခရမ်းချဉ်သီး တစ်ဧက စိုက်ပျိုးရန် ဓာတ်မြေသြဇာ၊ နေ့စားခ၊ ရေဖိုး ၊အပင်ဆေးဖြန်းဖိုး စသည့် ကုန်ကျစရိတ်များအားလုံး အပြီးအစီး ကျပ်သိန်း ၄၀ ဝန်းကျင် ကုန်ကျကြောင်း ၎င်းက ပြောသည်။

အချို့သော ခရမ်းချဉ်သီစိုက်ပျိုးသူများသည်  ကြာရှည်သိုလှောင်မရသည့် သီးနှံဖြစ်သည့်အတွက်  ဝယ်ယူသူ မရှိသည့် အသီးများကို လမ်းဘေးတွင် စွန့်ပစ်လိုက်ရသည် အထိဖြစ်ကြုံတွေ့ နေကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ – ၂၀၂၅ ခုနှစ်တွင် ခရမ်းချဉ်သီး တစ်ပိဿလျှင်  ၁၅၀၀ ကျပ် မှ ၂၀၀၀ ဝန်းကျင် အထိ ဈေးရခဲ့သည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းတွင် စိုက်ပျိုးသည့် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် အာလူး စသည့် ရာသီပေါ် သီးနှံများလည်း တောင်သူများ နှစ်စဉ် အရှုံးခံကာ ရောင်းချနေရပြီး အချို့တောင်သူများသည် ကုန်စည်ပို့ဆောင်ခ ကုန်ကျမည်ကို စိုးရိမ်သဖြင့် လွှင့်ပစ်လိုက်ရသည့်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

The post ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ် appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated
ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ် | YGN Daily