
AI Summary
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၌ နှင်းဆီသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တောင်းဆိုခြင်းဖြစ်သည်။ စစ်အာဏာရှင်၏ ဖမ်းဆီးအကျဉ်းချထားမှုကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများက နှင်းဆီပန်းများဖြင့် ဆုတောင်းခြင်းနှင့် လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။ သို့သော် စစ်ကောင်စီဘက်က နှင်းဆီပန်းရောင်းချခြင်းနှင့် သယ်ယူခြင်းများကို တားမြစ်ပိတ်ပင်ပြီး အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။ မိုးရွာသွန်းမှုများကြားမှ ဒေသခံများက ခက်ခက်ခဲခဲ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု သန္နိဋ္ဌာန်ချထားသည်။
ထင်ရှားသော ပြောကြားချက်များ
"၈၁ နှစ်မြောက် အမေ့မွေးနေ့မှာ ကျမတို့နိုင်ငံအခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ နေရပါတယ်။ အခုလည်း မိုးတွေအများကြီးရွာတဲ့ကြားထဲကနေ ခက်ခက်ခဲခဲနဲ့ အမေ့မွေးနေ့ကို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အမေအမြန်ဆုံး အချုပ်အနှောင်ကနေ ပြန်လည်လွတ် မြောက်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်"
"သူရဲ့အသက်နဲ့ သူ့ရဲ့သားသမီးတွေကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံအတွက် အသက် ၈၁ နှစ်ရောက်တဲ့အထိ ပြည်သူတွေ ဒီမိုကရေစီရရှိဖို့ အစွမ်းကုန် ကြိုးစားပေးနေတာဖြစ်ပါတယ်။ ကျနော်တို့အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်"

ဇွန် ၁၉ ရက် ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် နှင်းဆီသပိတ်လှုပ်ရှားမှုကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်မှာ ဇွန် ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုမှုအဖြစ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ လို့လည်း သိရပါတယ်။
ခင်ဦးဒေသခံအမျိုးသမီးတယောက်က “၈၁ နှစ်မြောက် အမေ့မွေးနေ့မှာ ကျမတို့နိုင်ငံအခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ နေရပါတယ်။ အခုလည်း မိုးတွေအများကြီးရွာတဲ့ကြားထဲကနေ ခက်ခက်ခဲခဲနဲ့ အမေ့မွေးနေ့ကို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အမေအမြန်ဆုံး အချုပ်အနှောင်ကနေ ပြန်လည်လွတ် မြောက်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ် ဒေသခံအမျိုးသားတယောက်က “သူရဲ့အသက်နဲ့ သူ့ရဲ့သားသမီးတွေကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံအတွက် အသက် ၈၁ နှစ်ရောက်တဲ့အထိ ပြည်သူတွေ ဒီမိုကရေစီရရှိဖို့ အစွမ်းကုန် ကြိုးစားပေးနေတာဖြစ်ပါတယ်။ ကျနော်တို့အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့မှာ တနိုင်ငံလုံးအနှံ့ “နှင်းဆီလှုပ်ရှားမှု” ဆင်နွှဲကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားကြပြီး စစ်အုပ်စုဘက်ကလည်း နှင်းဆီပန်းတွေ ရောင်းချ၊ ဝယ်ယူ၊ သယ်ယူတာတွေကို တားမြစ်ပိတ်ပင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။