
အေစီမီလန်နည်းပြနေရာအတွက် ခရစ္စတယ်ပဲလေ့စ် နည်းပြဟောင်းနှင့် ဆွေးနွေးမည်
AI Summary
အေစီမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီ စီးရီးအေတွင် အဆင့် ၅ သာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သည်။ ထို့ကြောင့် နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အယ်လီဂရီ၏ နေရာတွင် အစားထိုးရန်အတွက် ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်း အိုလီဗာ ဂလတ်စနာနှင့် လာမည့် အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ အသက် ၅၁ နှစ်အရွယ် ဩစတြီးယားလူမျိုးနည်းပြ ဂလတ်စနာသည် ပဲလေ့စ်အသင်းကို ဖလားများ ရယူပေးခဲ့ပြီးနောက် အသင်းမှ ထွက်ခွာလာခဲ့သူဖြစ်သည်။ အေစီမီလန်အသင်းသည် ဂလတ်စနာကို နည်းပြအဖြစ် ခန့်အပ်ရုံသာမက မန်ယူနိုက်တက်နည်းပြဟောင်း ရာလ်ဖ်ရန်းနစ်ကိုပါ အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ကာ အသင်းကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်နေသည်။

အေစီမီလန်အသင်းဟာ ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ နေရာမှာ အစားထိုးဖို့အတွက် ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်း အိုလီဗာ ဂလတ်စနာနဲ့ လာမဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ အဆင့် ၅ ပဲ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရလို့ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၁ နှစ်အရွယ် ဩစတြီးယားလူမျိုးနည်းပြ ဂလတ်စနာဟာ ပဲလေ့စ်အသင်းကို အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဖလားတွေ ရယူပေးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာလာခဲ့တာပါ။
အေစီမီလန်အသင်းဟာ ဂလတ်စနာကို နည်းပြအဖြစ် ခန့်အပ်ရုံတင်မကဘဲ မန်ယူနိုက်တက်နည်းပြဟောင်း ရာလ်ဖ်ရန်းနစ်ကိုပါ အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ပြီး အသင်းကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။