စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နှင့်  ဝန်ကြီးချုပ် မိုဒီ တွေ့ဆုံမည်
politics||4 MIN READ

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နှင့်  ဝန်ကြီးချုပ် မိုဒီ တွေ့ဆုံမည်

DVB
SourceDVB
Back to News

AI Summary

မင်းအောင်လှိုင် အိန္ဒိယခရီးစဉ်၊ မိုဒီနဲ့တွေ့၊ ဆက်ဆံရေးခိုင်မာရေးဆွေးနွေးမည်။ မေ ၃၀ မှ ဇွန် ၃ အထိ ခရီးစဉ်၊ စီးပွားရေးဖိုရမ်တက်မည်။ NUG နှင့် မြန်မာပြည်သူများ ခရီးစဉ်ကို ကန့်ကွက်၊ တရားဝင်မှုမပေးရန် တိုက်တွန်း။

Photo: MOI

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဉ်အတွင်း  ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ နဲ့ တွေ့ဆုံ ကာ ၂ နိုင်ငံဆက်ဆံရေးကိစ္စတွေဆွေးနွေးမယ်လို့  အိန္ဒိယနိုင်ငံခြားရေးဌာနက မေ ၂၈ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

စစ်အာဏာရှင်သမ္မတဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို  မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ တရားဝင်ခရီးလာရောက်မှာဖြစ်ပြီး သူနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ အဆင့်မြင့် အရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုက်ပါလာမယ်လို့ဆိုပါတယ်။

ခရီးစဉ်အတွင်း ဇွန် ၁ ရက်နေ့ နယူးဒေလီမြို့မှာ ဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံကာ ၂ နိုင်ငံအကြား သမိုင်းကြောင်းအရလည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း တည်ရှိခဲ့တဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ဆွေးနွေးမဲ့အပြင် စီးပွားရေးဖိုရမ်တခုကိုလည်း တက်ရောက်မယ်လို့ ထုတ်ပြန် ထားပါတယ်။

ခရီးစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် မေ ၃၀ ရက်မှာ ဗုဒ္ဓဂါယာကို သွားရောက်မှာဖြစ်သလို ဇွန် ၂ ရက်မှာ မွန်ဘိုင်းမြို့ကို လေ့လာရေးသွားရောက်ဖို့လည်း ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းကို ဦးစားပေးမှု အရှေ့မျှော်ဝါဒ ကျင့်သုံးမှုနဲ့ မဟာဆာဂါမူဝါဒတွေ ဆုံစည်းရာ အချက်အချာနေရာမှာ တည်ရှိနေတာကြောင့် စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ ၂ နိုင်ငံကြား ကဏ္ဍစုံ ဆက်ဆံရေးကို ပိုမိုခိုင်မာ နက်ရှိုင်းစေလိမ့်မယ်လို့  မျှော်လင့်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုခရီးစဉ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  သမ္မတ ရာထူးရယူပြီးနောက်  အိန္ဒိယနိုင်ငံကို  ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်ဖြစ်သလို ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဇွန် ၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ International Big Cat Alliance Summit ကိုလည်း တက်ရောက်ဖို့  အစီအစဉ်ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒီအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ မေ ၂၇ ရက်စွဲနဲ့ သဝဏ်လွှာပေးပို့ထားပါတယ်။

ဒီခရီးစဉ်အတွက် များစွားစိုရိမ်မိတဲ့အကြောင်းနဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှု ပေးတယ်လို့ ရှုမြင်နိုင်တဲ့ ဘယ်လို ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ကြောင်းနဲ့ ဒီလိုထိ တွေ့ဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို သေချာစွာစဉ်းစားချင့်ချိန်ပေးဖို့ အိန္ဒိယ အစိုးရကို တိုက်တွန်းထားပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ဒီမိုကရေစီအခြေခံမူတွေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ မြန်မာ ပြည်သူတို့ရဲ့ မျှော်မှန်းချက်တွေကို အလေးထားတဲ့ နည်းလမ်းမျိုးနဲ့ပဲ ဆက်လက် ထိတွေ့ ဆက်ဆံ ပေးဖို့ NUG အစိုးရက မေတ္တာရပ်ခံထားပါတယ်။

စစ်အာဏာရှင်ရဲ့ အိန္ဒိယ ခရီးစဉ်ကို ဒေလီရောက် မြန်မာပြည်သူတွေက လုံးဝလက်မခံနိုင်တဲ့ အကြောင်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

နယူးဒေလီမြို့မှာ မေ ၂၆ ရက်က ကျင်းပခဲ့တဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်တဲ့ Quad ထိပ်သီး ၄ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ မတရား ဖမ်းဆီး ထိန်းသိမ်း ခံထားရသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူ အားလုံးနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ စတင်လုပ်ဆောင်ဖို့ ပူးတွဲတောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နှင့်  ဝန်ကြီးချုပ် မိုဒီ တွေ့ဆုံမည် | YGN Daily