ကျောက်ဖြူတိုက်ပွဲပြင်းထန်လာ၊ စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရ
politics||2 MIN READ

ကျောက်ဖြူတိုက်ပွဲပြင်းထန်လာ၊ စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရ

Back to News

AI Summary

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ တိုးလာပြီး အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။ တိုက်ပွဲများကြောင့် လုံခြုံရေး စိုးရိမ်ရသဖြင့် စစ်ဘေးရှောင်များမှာ နေရာအကြိမ်ကြိမ် ပြောင်းရွှေ့နေကြရသည်။ လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းနီးပါးအထိ ရှိလာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်။ စစ်ဘေးရှောင်များမှာ နှစ်ရှည်လများ တိမ်းရှောင်နေရသဖြင့် စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အခက်အခဲများစွာ ကြုံတွေ့နေရသည်။

ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ အရပ်သားနေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေကိုပါ လေယာဉ်၊ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က လူထောင်ချီခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းတချို့လည်း လုံခြုံရေးအခြေအနေကြောင့် လူသူကင်းမဲ့သွားပြီး နောက်တစ်နေရာကို ထပ်မံပြောင်းရွှေ့သွားကြရပါတယ်။

ဇွန်လအစပိုင်းကစပြီး ဒီဒေသတွေမှာ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး အရပ်သားသေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ နေရာတစ်နေရာမှာ အတည်တကျမဟုတ်ဘဲ ထပ်ခါထပ်ခါ တိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်တစ်ဝိုက်မှာ စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းနီးပါးအထိ ရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ နှစ်ရှည်စစ်ဘေးရှောင်ဘဝကြောင့် လူတွေမှာ စီးပွားရေး၊ ပညာရေးနဲ့ နေထိုင်ရေးအခက်အခဲတွေ ပိုမိုကြီးမားလာနေပါတယ်။

ညီထွေး/ Myanmar Now

ဆက်စပ်သတင်းများ

AI Curated
ကျောက်ဖြူတိုက်ပွဲပြင်းထန်လာ၊ စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်နေရ | YGN Daily