ဗင်နီဇွဲလားငလျင်ကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံးပြီး ၇၀၀ ဒဏ်ရာရ
general||3 MIN READ

ဗင်နီဇွဲလားငလျင်ကြောင့် အနည်းဆုံး ၃၂ ဦးသေဆုံးပြီး ၇၀၀ ဒဏ်ရာရ

DVB
SourceDVB
Back to News

AI Summary

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက်နေ့က ပြင်းအား ၇ ဒသမ ၁ နှင့် ၇ ဒသမ ၅ ရှိသည့် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၃၂ ဦး သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါငလျင်များသည် ကမ်းရိုးတန်းမြို့ မိုရွန်အနီး မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေတိမ်ပိုင်းငလျင်ဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။ ငလျင်ကြောင့် ကရာကာ့စ်မြို့ရှိ အဆောက်အအုံများ ပြိုကျပျက်စီးကာ မိုင်ကေတီယာလေဆိပ်ကို ပိတ်ထားရပြီး ဒေသအချို့တွင် ရေပေးဝေမှုများ ပြတ်တောက်လျက်ရှိသည်။ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာကာ စာသင်ကျောင်းများနှင့် လုပ်ငန်းများကို ရပ်နားထားရန် ညွှန်ကြားထားသည်။ လက်ရှိတွင် နောက်ဆက်တွဲငလျင်များ အကြိမ် ၂၀ ကျော် လှုပ်ခတ်ထားပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း အသင့်အနေအထား စောင့်ဆိုင်းရန် အမိန့်ထုတ်ထားသည်။

ထင်ရှားသော ပြောကြားချက်များ

"သမ္မတ ရိုဒရီဂတ်ဇ် ဟာ ရုပ်သံမိန့်ခွန်းကနေတဆင့် နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ မြို့တော် ကရာကာ့စ်ရဲ့ ရပ်ကွက် အတော်များများမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတဲ့ ငလျင် ၂ ခု လှုပ်သွားပြီးနောက်မှာ နောက်ဆက်တွဲငလျင်တွေ အနည်းဆုံး အကြိမ် ၂၀ မက လှုပ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။"

Photo: Reuters

ဗင်နီဇွဲလားနိုင်ငံမှာ ဒေသစံတော်ချိန် ဇွန် ၂၄ ရက်  ညပိုင်းက အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်သွားခဲ့လို့ အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး တခြားလူ ၇၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က ဒီမနက်အစောပိုင်းမှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။

လောလောဆယ် ရရှိထားတဲ့ ဒီသေဆုံး၊ ဒဏ်ရာရ စာရင်းထဲမှာ လတ်တလော ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့ လာဂွိုင်ရာ ပြည်နယ်က စာရင်းတွေ မပါသေးပါဘူး လို့ ဆိုပါတယ်။

သမ္မတ ရိုဒရီဂတ်ဇ် ဟာ ရုပ်သံမိန့်ခွန်းကနေတဆင့် နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ မြို့တော် ကရာကာ့စ်ရဲ့ ရပ်ကွက် အတော်များများမှာ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတဲ့  ငလျင် ၂ ခု လှုပ်သွားပြီးနောက်မှာ နောက်ဆက်တွဲငလျင်တွေ အနည်းဆုံး အကြိမ် ၂၀ မက လှုပ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ အဓိကလေဆိပ်ဖြစ်တဲ့ အလယ်ပိုင်းကမ်းရိုးတန်းက မိုင်ကေတီယာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း အဆောက်အအုံပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ရှိခဲ့တာကြောင့် လေဆိပ်ကို ပိတ်လိုက်ပြီလို့လည်း ကြေညာခဲ့ပါတယ်။

မီရန်ဒါ ပြည်နယ်နဲ့ လာဂွိုင်ရာ ပြည်နယ် အပါအဝင် ဒေသအတော်များများမှာ ရေပေးဝေမှုတွေ ပြတ်တောက်နေပြီး နိုင်ငံလုံးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးစနစ်ကိုလည်း စတင် လည်ပတ်နေပြီလို့ ရိုဒရီဂတ်ဇ် က ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီတပတ်အတွက် စာသင်ကျောင်းတွေနဲ့ မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်နားထားဖို့ ညွှန်ကြားလိုက်သလို၊ ဗင်နီဇွဲလားပြည်သူတွေ အနေနဲ့လည်း စည်းစည်းလုံးလုံး ရှိကြဖို့ တိုက်တွန်းထားပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေအားလုံးကိုလည်း သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာဌာနတွေဆီ သတင်းပို့ပြီး အသင့်အနေအထား စောင့်ဆိုင်းနေကြဖို့ အမိန့်ထုတ်ထားပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ  မနေ့ညပိုင်းက ပြင်းအား ၇ ဒသမ ၁ ရှိတဲ့ ငလျင်တခု အရင်လှုပ်ခတ်ခဲ့ပြီး၊ စက္ကန့်ပိုင်းမှာပဲ ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ပိုအားပြင်းတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

ငလျင် ၂ ခုလုံးဟာ ကရာကာ့စ်မြို့ အနောက်ဘက် ကီလိုမီတာ ၁၆၀ လောက် အကွာက ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ မိုရွန် အနီးမှာ လှုပ်ခတ်ခဲ့တာပါ။

ဒီငလျင်တွေဟာ မြေအောက်အနက် ၁၀ ကီလိုမီတာပဲရှိတဲ့ မြေတိမ်ပိုင်းငလျင်တွေ ဖြစ်တာကြောင့် ပျက်စီးဆုံးရှုံးမှု ပိုမိုပြင်းထန်နိုင်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated