ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်
politics||2 MIN READ

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

DVB
SourceDVB
Back to News

AI Summary

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့တွင် Yangon 4 Brothers အဖွဲ့က လုံခြုံရေးတင်းကျပ်မှုများကြားမှ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန်နှင့် ၎င်း၏သားဖြစ်သူ ကင်မ်အဲရစ်နှင့် အဆက်အသွယ်ပြုလုပ်ခွင့်ပေးရန် တောင်းဆိုသည့် ပြည်သူ့ဆန္ဒကို ဖော်ထုတ်ခြင်းဖြစ်သည်။ ဤကိစ္စရပ်ကြောင့် ပြည်တွင်းရှိ တော်လှန်ရေးဘက်တော်သားများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများကလည်း အလားတူလှုပ်ရှားမှုများကို တပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတကာသံရုံးများကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တိုက်တွန်းထားသည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ခိုင်လုံသောသက်သေပြသရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ပြည်သူအားလုံးရဲ့ ဆန္ဒအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ကျန်းမာစွာရှိကြောင်း သက်သေခိုင်လုံစွာ ပြသပေးဖို့ အပါအဝင် ကင်မ်အဲရစ်နဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆက်အသွယ် ပြုလုပ်ပေးဖို့ ပြည်သူတွေကိုယ်စား တောင်းဆိုခဲ့တာ"

Photo: Yangon 4 Brothers သတင်းနှင့်ပြန်ကြားရေး

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အသက် ၈၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "Yangon 4 Brothers" ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကျပ်နေတဲ့ကြားက ဒီကနေ့ ဇွန် ၁၉ ရက် မနက်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပြည်သူအားလုံးရဲ့ ဆန္ဒအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ကျန်းမာစွာရှိကြောင်း သက်သေခိုင်လုံစွာ ပြသပေးဖို့ အပါအဝင် ကင်မ်အဲရစ်နဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆက်အသွယ် ပြုလုပ်ပေးဖို့ ပြည်သူတွေကိုယ်စား တောင်းဆိုခဲ့တာလို့ Yangon 4 Brothers အဖွဲ့က ပြောပါတယ်။

ဒီကနေ့ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု" ကမ်ပိန်းကို ပြည်တွင်းမှာ တော်လှန်ရေး ဘက်တော်သားတွေနဲ့ ပြည်ပရောက် မြန်မာတွေက ပြုလုပ်ပေးနေကြပါတယ်။

နိုင်ငံတကာ သံရုံးတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ရပ်တန့်ရေး အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။

ဇွဲသစ်

ဆက်စပ်သတင်းများ

AI Curated