ရမ်းဗြဲ လေးတောင်မြို့ကို စစ်အုပ်စုက အသေခံဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲ
politics||3 MIN READ

ရမ်းဗြဲ လေးတောင်မြို့ကို စစ်အုပ်စုက အသေခံဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲ

Narinjara
SourceNarinjara

AI Summary

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို စစ်အုပ်စုက ဇွန်လ ၄ ရက်နေ့တွင် အသေခံဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်မှ နွားတစ်ကောင်သေဆုံးပြီး တစ်ကောင်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရမ်းဗြဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် သိမ်းပိုက်ပြီးနောက်ပိုင်း စစ်အုပ်စုက ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များဖြင့် မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း စစ်ရှောင်များနေထိုင်ရာနေရာများကို ဗုံးကြဲခဲ့ရာ စစ်ရှောင်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။ မေလ ၂၈ ရက်နေ့က လမ်းပြုပြင်နေသည့်နေရာကို လေကြောင်းမှဗုံးကြဲ၍ ဘတ်ဟိုးမောင်းသူတစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း သရက်ချိုကျေးရွာတွင် အရပ်သားသုံးဦးခန့်သေဆုံးခဲ့သည်။ ဤသို့ဖြင့် ရမ်းဗြဲဒေသတစ်ဝိုက်တွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်နစ်နာမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို အကြမ်းဖက်စစ်အုပ်စုက အသေခံဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲခဲ့သည်ဟု သိရသည်။ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ကို ယနေ့ ဇွန်လ ၄ ရက်၊ ညနေ ၃ နာရီ ၁၆ မိနစ်တွင်တစ်ကြိမ်နှင့် ၃ နာရီ ၂၃ မိနစ်တွင် တစ်ကြိမ် လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါရပ်ကွက်မှ ဦးကျော်မင်းထွန်းပိုင်ဆိုင်သည့်နွား တစ်ကောင်သေဆုံးပြီး ကျန်နွားတစ်ကောင်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရမ်းဗြဲဒေသခံတစ်ဦးက “ရမ်းဗြဲမြို့ပေါ်အပါအဝင် မြို့နယ်တဝိုက်ကို အခုနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက်လေယာဉ်တွေနဲ့ Y-12 လေယာဉ်တွေနဲ့ မကြာခဏဝဲပျံကင်းထောက်ပြီး အခုလို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်”ဟု ပြောသည်။

Narinjara News Image

ပြီးခဲ့သည့် ဇွန်လ ၁ ရက်၊ ည ၈ နာရီခွဲခန့်ကလည်း ရမ်းဗြဲမြို့အနီး ကုလားပုန်းတောင်နှင့် ရမ်းသစ်ကြီးကျေးရွာကြားရှိ စစ်ရှောင်များနေသည့်နေရာများကို အကြမ်းဖက်လေတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲသွားခဲ့သည့်အတွက် စစ်ရှောင်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်၊ နံနက် ၇ နာရီခန့်နှင့် ၇ နာရီကျော်ကလည်း ရမ်းဗြဲနှင့် ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး လမ်းပြုပြင်နေသည့်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှဗုံးကြဲ၍ မအီမြို့၊ ဂျီဖြူတောင်ရွာသားဖြစ်သည့် ဘတ်ဟိုးမောင်းသူသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက် ၁၁ နာရီကလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်ရှိ သရက်ချိုကျေးရွာရှိ ရဲစခန်း၊ ကူတိုးဆိပ်နှင့် ဈေးဖက်သို့ အကြမ်းဖက်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအရပ်သားသုံးဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၄/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated
ရမ်းဗြဲ လေးတောင်မြို့ကို စစ်အုပ်စုက အသေခံဒရုန်းနှစ်စင်းဖြင့် ဗုံးကြဲ | YGN Daily