နည်းပြစလော့ကို ဗန်ဒိုက် ဦးဆောင်သည့် လီဗာပူးကစားသမားများ နှုတ်ဆက်

နည်းပြစလော့ကို ဗန်ဒိုက် ဦးဆောင်သည့် လီဗာပူးကစားသမားများ နှုတ်ဆက်

DVB
SourceDVB

AI Summary

လီဗာပူးအသင်းနည်းပြ အာနဲစလော့ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းခေါင်းဆောင် ဗန်ဒိုက်အပါအဝင် ကစားသမားအများစုက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကျေးဇူးတင်စကားနှင့် နှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။ ၎င်းတို့သည် ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ဖလား အတူတူရယူခဲ့သည့် အမှတ်တရပုံရိပ်များနှင့်အတူ စလော့၏ ရှေ့ဆက်မည့် အနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။ သို့သော် ရာသီအတွင်း စလော့၏ ကစားဟန်အပေါ် မကြာခဏ လူသိရှင်ကြား ဝေဖန်ခဲ့ဖူးသော တိုက်စစ်မှူး မိုဟာမက်ဆာလာနှင့် ကွင်းလယ်လူ ဆိုဘိုဆလိုင်းတို့မှာမူ လက်ရှိအချိန်အထိ စလော့အတွက် တစ်စုံတစ်ရာ ပို့စ်တင်နှုတ်ဆက်ခြင်း မရှိသေးပေ။ ဆာလာသည် အသင်းမှ ထွက်ခွာတော့မည့် နောက်ခံလူ ကိုနာတေးအတွက်သာ ပို့စ်တင်ခဲ့ပြီး စလော့အတွက်မူ နှုတ်ဆိတ်နေခဲ့သည်။ လီဗာပူးအသင်းသည် စလော့၏နေရာတွင် အစားထိုးရန် ဘုန်းမောက်နည်းပြဟောင်း အီရာအိုလာနှင့် အမြန်ဆုံး ဆွေးနွေးမှုများ ပြုလုပ်နေသည်။

Photo: Reuters

လီဗာပူးအသင်းကနေ နည်းပြ အာနဲစလော့ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းခေါင်းဆောင် ဗန်ဒိုက် အပါအဝင် ကစားသမားအများစုက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် စလော့ကို ကျေးဇူးတင်စကားနဲ့ နှုတ်ဆက်စကားတွေ ဆိုခဲ့ကြပါတယ်။

ဗန်ဒိုက်၊ ဂရာဗင်ဘာ့ချ်၊ ကာတစ်ဂျုန်းစ်၊ မက်အယ်လစ္စတာနဲ့ ဂတ်ပို တို့က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလား အတူတူရယူနိုင်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေနဲ့အတူ စလော့ရဲ့ ရှေ့ဆက်မဲ့ အနာဂတ်အတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရာသီအတွင်း စလော့ရဲ့ ကစားဟန်အပေါ် မကြာခဏ လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့ ကွင်းလယ်လူ ဆိုဘိုဆလိုင်း တို့ကတော့ လက်ရှိအချိန်အထိ စလော့အတွက် တစုံတရာ ပို့စ်တင်နှုတ်ဆက်ခြင်း မရှိသေးပါဘူး။

ဆာလာဟာ အသင်းကနေ ထွက်ခွာတော့မဲ့ နောက်ခံလူ ကိုနာတေး အတွက်သာ ပို့စ်တင်ခဲ့ပြီး စလော့အတွက်တော့ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စလော့ရဲ့နေရာမှာ အစားထိုးဖို့ ဘုန်းမောက်နည်းပြဟောင်း အီရာအိုလာနဲ့ အမြန်ဆုံး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

AI Curated
နည်းပြစလော့ကို ဗန်ဒိုက် ဦးဆောင်သည့် လီဗာပူးကစားသမားများ နှုတ်ဆက် | YGN Daily