
လိုင်တီးရွာနှင့် ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို ပြန်အသုံးပြုနိုင်ပြီဟု CDF ကြေညာ
AI Summary
ချင်းပြည်နယ်၊ ဟွာလ်ငိုရမ်းဒေသရှိ လိုင်တီးရွာနှင့် ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို ဇွန်လ ၂ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း CDF-Hualngoram က ထုတ်ပြန်ခဲ့သည်။ ယင်းလမ်းပိုင်းကို မေလ ၂၁ ရက်နေ့မှစ၍ ဒေသလုံခြုံရေးအခြေအနေကြောင့် အချိန်ကန့်သတ်ကာ သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခုအခါ နံနက် ၆ နာရီမှ ညနေ ၇ နာရီအထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ CDF-Hualngoram က လုံခြုံရေးကန့်သတ်ချက်များကို လေးစားလိုက်နာခဲ့ကြသည့် လမ်းအသုံးပြုသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် လိုင်တီး-ရိခေါ်ဒါရ်လမ်းပိုင်း ပုံမှန်ပြန်ဖွင့်သော်လည်း ဖလမ်း-ရိခေါ်ဒါရ်နှင့် ကလေး-ဖလမ်း လမ်းပိုင်းများတွင် စစ်အာဏာရှင်တပ်နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်။ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်များက ရိခေါ်ဒါရ်ဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးစားနေခြင်းကြောင့် ဒေသတွင်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။

ချင်းပြည်နယ်၊ ဟွာလ်ငိုရမ်းဒေသအတွင်းက လိုင်တီးရွာနဲ့ ရိခေါ်ဒါရ်မြို့ကြား လမ်းပိုင်းကို ဒီနေ့ ဇွန် ၂ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram က ထုတ်ပြန်ပါတယ်။
အဆိုပါလမ်းပိုင်းကို မေ ၂၁ ရက်က ဒေသလုံခြုံရေးအခြေအနေကြောင့် အချိန်ကန့်သတ်ပြီး သွားလာခွင့်ပြုခဲ့ပေမဲ့ ဒီနေ့စတင်ကာ မနက် ၆ နာရီကနေ ညနေ ၇ နာရီအထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒေသတွင်း လုံခြုံရေးလိုအပ်ချက်အရ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လေးစားလိုက်နာပြီး ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ လမ်းအသုံးပြုသူ မိဘပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း CDF-Hualngoram ရဲ့ စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
လိုင်တီးနဲ့ ရိခေါ်ဒါရ် လမ်းပိုင်းကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးလိုက်ပေမဲ့ ဖလမ်း-ရိခေါ်ဒါရ် လမ်းမကြီးတလျှောက်နဲ့ ကလေး-ဖလမ်း လမ်းပိုင်းတွေမှာတော့ စစ်အာဏာရှင်တပ်နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးစစ်မျက်နှာဖွင့်ထားဆဲ ဖြစ်ပါတယ်။
ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်တွေဟာ ရိခေါ်ဒါရ်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာကြောင့် လက်ရှိမှာ စစ်ရေးတင်းမာနေပါတယ်။