ရန်ကုန်အခြေစိုက် သံရုံးများ နှင့် EU က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မွေးနေ့တွင် တောင်းဆို
politics||4 MIN READ

ရန်ကုန်အခြေစိုက် သံရုံးများ နှင့် EU က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မွေးနေ့တွင် တောင်းဆို

Back to News

AI Summary

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးများက လူမှုကွန်ရက်များတွင် နှင်းဆီပန်းပုံရိပ်များဖြင့် ဂုဏ်ပြုဆုတောင်းခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စု၏ ထိန်းသိမ်းခြင်းကို ခံထားရဆဲဖြစ်သည့်အတွက် နိုင်ငံတကာသံရုံးများက ၎င်းအား ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တောင်းဆိုခဲ့ကြသည်။ ဤဖြစ်ရပ်ကြောင့် မြန်မာပြည်သူများအကြား နှင်းဆီလှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး စစ်အုပ်စု၏ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဖိအားများ တိုးမြင့်လာသည်။ လက်ရှိတွင် ပြည်တွင်းရှိ ပြည်သူများက လုံခြုံရေးသတိဖြင့် နှင်းဆီလှုပ်ရှားမှုတွင် ပါဝင်နေကြပြီး နိုင်ငံတကာကလည်း မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော မတရားထိန်းသိမ်းထားခံရသူများကို လွှတ်ပေးရန် ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ဩစတြေးလျက ထပ်မံတောင်းဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ပါသည်"

"ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ဆွစ်ဇာလန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ မတရားဖမ်းဆီးခံထားရသော အခြားအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်း ထပ်လောင်းပြောကြားပါသည်"

ဇွန် ၁၉

မဇ္ဈိမ ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် အသက် ၈၁ နှစ်ပြည့် မွေးနေ့တွင် ရန်ကုန်အခြေစိုက် သံရုံးများက လူမှုကွန်ရက်တွင် ပိုစ့်တင် ဆုတောင်းပေးကြသည်။

ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်၊ ဂျာမနီ၊ နော်ဝေနှင့် ဆွစ်ဇာလန် စသည့်သံရုံးများက လူထုခေါင်းဆောင်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများတွင် နှင်းဆီပန်းပုံပါသည့် ပုံရိပ်များကို ပြိုင်တူဖော်ပြလာကြသည်။

ကနေဒါသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုဝင်များ၊ မြန်မာလူမျိုးများနှင့် ဝေးကွာကာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ထောက်ပြပြီး၊ ၎င်းအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လုံလောက်သော ဆေးကုသမှု ခွင့်ပြုရန်၊ ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုထားသည်။

ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးက ယနေ့မွေးနေ့ “နှင်းဆီလှုပ်ရှားမှု” အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းပုံစံဖြင့် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ ပရိုဖိုင် (Profile Picture) ကို ပြောင်းလဲခဲ့ကြသလို၊ ဥရောပသမဂ္ဂ (EU) သံရုံးနှင့် ဂျာမနီသံရုံးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပုံရိပ်များဖြင့် ၎င်းတို့၏ ပရိုဖိုင်များကို အသီးသီး ပြောင်းလဲကာ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

ဩစတြေးလျသံရုံး၏ တောင်းဆိုချက်ထဲတွင် “ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော မတရားထိန်းသိမ်းထားခံရသူများကို လွှတ်ပေးရန် ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ဩစတြေးလျက ထပ်မံတောင်းဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ပါသည်” ဟု ဖော်ပြထားသည်။

ဒါ့အပြင် ဩစတြေးလျအနေဖြင့် မြန်မာပြည်သူများနှင့်အတူ တသားတည်းရပ်တည်ပြီး အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ငါးချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

ဆွစ်ဇာလန်သံရုံးကလည်း “ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ဆွစ်ဇာလန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ မတရားဖမ်းဆီးခံထားရသော အခြားအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်း ထပ်လောင်းပြောကြားပါသည်” ဟု အလေးအနက် ထပ်လောင်းထုတ်ပြန်သည်။

ဒီနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ကြရန် သပိတ်အဖွဲ့အစည်းများက နှိုးဆော်ထားကြပြီး၊ ကမ်ပိန်းတွင် ပါဝင်ကြမည့် ပြည်တွင်းက ပြည်သူများ၊ အထူးသဖြင့် မလွတ်မြောက်သေးသည့် စစ်အုပ်စုထိန်းချုပ်ရာဒေသက ပြည်သူများအနေဖြင့် လုံခြုံရေးသတိ အပြည့်အဝဖြင့် လှုပ်ရှားကြရန်လည်း တိုက်တွန်းနှိုးဆော်ထားကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated