မင်းပြားမြို့၊ ရာစုသစ်ဘော်ဒါဆောင်တွင် ကျောင်းသားတစ်ဦးမီးလောင်သေဆုံးခဲ့ရမှုမှာစနောက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူအခန်းဖော်ကျောင်းသားမှ ဝန်ခံ
general||9 MIN READ

မင်းပြားမြို့၊ ရာစုသစ်ဘော်ဒါဆောင်တွင် ကျောင်းသားတစ်ဦးမီးလောင်သေဆုံးခဲ့ရမှုမှာစနောက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူအခန်းဖော်ကျောင်းသားမှ ဝန်ခံ

Narinjara
SourceNarinjara
Back to News

AI Summary

ရခိုင်ပြည်၊ မင်းပြားမြို့ရှိ ရာစုသစ်ဘော်ဒါဆောင်တွင် ကျောင်းသားတစ်ဦး မီးလောင်သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ကျူးလွန်သူ အခန်းဖော်ကျောင်းသား ရဲဝင်းအောင်က ဝန်ခံလိုက်ကြောင်း အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူ မောင်ငြိမ်းထက်ကျော် (၁၈) နှစ်၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ရဲဝင်းအောင်က ၎င်းအား မကြာခဏ စနောက်လေ့ရှိသော မောင်ငြိမ်းထက်ကျော်ကို ပြန်လည်စနောက်လိုသည့်စိတ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် အိပ်နေသည့် မောင်ငြိမ်းထက်ကျော်၏ ခြင်ထောင်ကြိုးကို ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ရာမှ မီးကူးစက်လောင်ကျွမ်းကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ မီးလောင်မှုကြောင့် မောင်ငြိမ်းထက်ကျော်သည် ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများနှင့် ဦးခေါင်းဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးခဲ့ရသည်။ အမှုစတင်ပေါ်ပေါက်စဉ်က တိုက်ပွဲများကြောင့် ၁၀ လကျော်ကြာမြင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရဲဝင်းအောင်၏ လက်သန်းရင်းတွင် မီးလောင်ဒဏ်ရာတွေ့ရှိ၍ စစ်ဆေးရာမှ အမှန်တရားပေါ်ပေါက်ခဲ့သည်။ ရဲဝင်းအောင်သည် ၎င်း၏ပြစ်မှုကို တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့ပြီး အသုံးပြုခဲ့သည့် မီးခြစ်ကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ဘော်ဒါဆောင်ပိုင်ရှင် ဆရာဦးလှမင်းကိုလည်း အခင်းဖြစ်ပွားရာမှ မီးလောင်ကျန်ခဲ့သော ပစ္စည်းများကို လွှင့်ပစ်ခိုင်းခြင်းဖြင့် သက်သေခံပစ္စည်း ဖျောက်ဖျက်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

(ကျူးလွန်သူနှင့်သက်သေခံပစ္စည်းများ ဖျောက်ဖျက်သူ ဘော်ဒါဆောင်ပိုင်ရှင်ကိုဖမ်းဆီး)

နိရဉ္စရာ၊ ဇွန် ၁၁/ ၂၀၂၆

ရခိုင်ပြည်၊မင်းပြားမြို့၊ ရာစုသစ်ဘော်ဒါဆောင်တွင် ကျောင်းသားတစ်ဦးမီးလောင်သေဆုံးခဲ့ရမှုမှာစနောက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူ အခန်းဖော်ကျောင်းသားမှ ဝန်ခံလိုက်သည်ဟု အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့မှယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဝန်ခံခဲ့သူမှာသေဆုံးသွားခဲ့သူငြိမ်းထက်ကျော်(၁၈)နှစ်၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ရဲဝင်းအောင်ဖြစ်သည်။

ငြိမ်းထက်ကျော်ညအချိန် အိပ်နေချိန်တွင် စနောက်လိုသဖြင့် ခြင်ထောင်ချည်ထားသော ကြိုးကို ရဲဝင်းအောင်ကဂတ်စ်မီးခြစ်ဖြင့် မီးရှို့ရာမှ ခြင်ထောင်ကို မီးကူးစက်လောင်ကျွမ်းပြီး ငြိမ်းထက်ကျော်မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

အခင်းဖြစ်ပွားပုံနှင့်ပတ်သက်ပြီး အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်ထဲတွင်  ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ မိုးထစောစော (၁)နာရီကျော်အချိန်၌ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ ဆရာဦးလှမင်း ဦးစီးဖွင့်လှစ်ထားသော ရာစုသစ်ဘော်ဒါဆောင်တွင်ကျောင်းသားတဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း၊သေဆုံးခဲ့ရသူကျောင်းသားမှာG-12 ၌ ပညာသင်ကြားနေသည့် မင်းပြားမြို့နယ်၊ ကျွဲကြိုရွာမှ (အဖ) ဦးဦးကျော်ဇံ၏သား မောင်ငြိမ်းထက်ကျော် (၁၈)နှစ် ဖြစ်ကြောင်းဖော်ပြထားသည်။

မောင်ငြိမ်းထက်ကျော်သည်၂၀၂၅ ခုနှစ်ဇူလိုင်လ (၂၆)ရက်နေ့၊နံနက်အစောကြီး (၁) နာရီကျော်(ညဉ်းအချိန်) ၎င်း၏အိပ်ရာ၌ မီး လောင်မှုဖြစ်၍ အခန်းမှထွက်ပြေးရာအခန်းနံရံကို ဦးခေါင်းနှင့်ဆောင့်မိပြီး ၎င်း၏ဦးခေါင်းဘယ်ဖက်ခြမ်း ပေါက်ပြဲသွေးထွက်ဒဏ်ရာ (၁)ချက်နှင့် ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများဖြင့် အဆောင်ပြင်ပ ခြံစည်းရိုးနားသို့ ရောက်နေသဖြင့် ဆရာများနှင့်ကျောင်းသားများမှဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့၊ နံနက်(၁၁)နာရီ(၄၅) မိနစ်အချိန်တွင် ဆေးရုံတွင်သေဆုံးသွားခဲ့သည်။

အဆိုပါ  မောင်ငြိမ်းထက်ကျော် မီးလောင်သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် မင်းပြားမြို့နယ်တရားရုံးမှ ရာဇဝတ်အထွေထွေအမှုအမှတ် ၂၃/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး

သက်သေများ၏ထွက်ဆို ချက်များအရ မောင်ငြိမ်းထက်ကျော် မီးလောင်သေဆုံးမှုသည် လူတစ်ဦးတယောက်၏ ပယောဂကြောင့် သေဆုံးမှုဖြစ်နိုင်ကြောင်း အမှုအား ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် သတင်းပေးတိုင်တန်းချက် ရေးဖွင့်ဆောင်ရွက်ရန် တရားရုံးမှ အကြောင်းကြားလာသဖြင့် သက်ဆိုင်ရာ ဒီလပ်စခန်းက (ပ) ၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ရေးဖွင့်ဆောင်ရွက်ခဲ့သည်။

ဤအမှုစတင် ပေါ်ပေါက်ချိန်၌ အာရက္ခတော်လှန်ရေးပြည်သူ့အစိုးရဖက်မှ လက်လှမ်း မမီသည့်အပြင် တိုက်ပွဲများလည်း ဆက်ဖြစ်နေဆဲကာလဖြစ်၍ ၎င်းအမှုသည်မှန်ပေါ်ပေါက်ခြင်းမရှိဘဲ (၁၀) လကျော် ကြာမြင့်သွားခဲ့ရသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း နောက်ပိုင်းတွင်  အခင်းဖြစ်သည့်အခန်း၌ ကျောင်းသား(၁၃)ဦး အနီးကပ်အိပ်နေသည့်အထဲမှ မောင်ငြိမ်းထက်ကျော်တစ်ဦးတည်းသာ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများဖြင့်သေဆုံးခဲ့ရသဖြင့် လူတဦးတယောက်၏ ပယောဂ တခုခုကြောင့်သာလျှင် ဖြစ်နိုင်သည်ဟုသုံးသပ်ကာအမှုမှန်ပေါ် ပေါက်စေရန်စတင်စုံစမ်းစစ်ဆေးခဲ့သည်ဟု ဆိုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံးသည်တရားခံအား စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်ရေးအလို့ငှာ ၂၀၂၆ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွ်အမိန့်စာအမှတ် ၁၇/၂၀၂၆ ဖြင့် “အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း၍ စစ်ဆေးစေခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ဆေးရာတွင် ယောက်ျားဘော်ဒါဆောင် အလယ်ထပ်၌ အိပ်သည့် G-12 ကျောင်းသား ရဲဝင်းအောင်၏ ညာဖက်လက်သန်းရင်းတွင် မီးလောင်ဒဏ်ရာ ရရှိနေခြင်းနှင့်ပတ်သက်ပြီး သံသယဖြစ်ရာမှ ၎င်းအား စတင် စစ်ဆေးခဲ့ရာ ရဲဝင်းအောင်မှ ဖြစ်စဉ်ကို ဝန်ခံခဲ့သည်ဟု သိရသည်။

သံသယတရားခံ ရဲဝင်းအောင်က ၎င်းသည် သေဆုံးသူ ငြိမ်းထက်ကျော်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဖြစ်ပြီးမောင်ငြိမ်းထက်ကျော်သည်ရဲဝင်းအောင်အား(သူမသေမီအချိန်ကာလက) ခြင်ကိုက်စေရန် ခြင်ထောင်လှန်၍  မကြာခဏစနောက်လေ့ရှိခဲ့သည်ဟုဆိုသည်။

ထိုသို့ စနောက်ခံရသဖြင့် ငြိမ်းထက်ကျော်ကိုလည်း ပြန်လည်စနောက်လိုသော ဆန္ဒရှိသဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့ မိုးထ (၁)နာရီကျော် အချိန်ခန့်တွင်ခြင်ထောင်ကိုချည်နှောင်ထားသော ကြိုးကို ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ရာမှ မီးလောင်ခြင်းဖြစ်ကြောင်း ယခုလို ဝန်ခံထွက်ဆိုခဲ့သည်။

“ အခင်းဖြစ်ပွားသည့် ညအချိန်က ငြိမ်းထက်ကျော်ဘော်ဒါဆောင် ၏ အောက်ထပ်အခန်းဘေးရှိအိမ်သာသို့ ဘက်ထရီမီးလုံးဖြင့် လားရောက် အ​​ပေါ့သွားခဲ့ကြောင်း၊ အပေါ့သွားပြီး ပြန်လာစဉ် အောက်ထပ်ရှိ ကျောင်းသားများ အိပ်ပျော်နေသည် ကို တွေ့ရှိရာမောင်ငြိမ်းထက်ကျော်ကို စနောက်လိုစိတ်ပေါ်လာ၍ အခန်းထဲဝင်ပြီး မောင်ငြိမ်းထက်ကျော်အား ခြင်ကိုက်စေရန် ခြင်ထောင်ကို အသာအယာလှန်ပြီးနောက် ခြင်ထောင်ကြိုးကိုပါ ဖြတ်လိုစိတ် ဖြစ်ပေါ်လာသဖြင့် မောင်ငြိမ်းထက်ကျော်၏ ခြင်ထောင်စွန်းအား ၎င်း၌အသင့်ပါလာသော မီးဆွဲဖြင့် မီးတိုက်ဖြတ်လိုက်ရာ မီးဆွဲမှ ဂတ်(စ်) အရည်များ လိုသည်ထက် ပို ထွက်လာ၍ မီးတောက်ကြီးသည် ခြင်ထောင်အစွန်းအား လောင်ကျွမ်းကာ ကြိုးပြတ်ကျလားစဉ် ခြင်ထောင်ကြိုးမှ မီးတစက် ၎င်း၏ညာဖက်လက်သန်းရင်းသို့ကျသဖြင့် လက်၌ကိုင်ထားသော မီးဆွဲ အောက်သို့ ပြုတ်ကျလားခကြောင်း၊  မီးလောင်နေသော ခြင်ထောင်အစွန်းမှာ ခြင်ထောင်ထက်သို့ ပုံကျသွားကာ ခြင်ထောင်အား ကူးစက်လောင်ကျွမ်းပြီး မီးပြင်းလာသဖြင့် ခြင်ထောင် ထဲ၌ အိပ်နေသော ငြိမ်းထက်ကျော်အား ဆွဲထုတ်ရန်ပြင်စဉ် မီးပုံထဲမှ အရာဝတ္ထုတခု အက်ကွဲသံနှင့်အတူ  မီးတောက်လောင်မှု အလွန်ပြင်းထန်လာသဖြင့် မောင်ငြိမ်းထက်ကျော်အား ခြင်ထောင်ထဲမှဆွဲမထုတ်နိုင်ခဲ့ဘဲ ၎င်းအိပ်သည့် ဘော်ဒါဆောင်အလယ် ထပ်သို့ တက်ကာ အိပ်ရာထဲ၌ အိပ်ချင်ယောင်ဆောင်နေခဲ့ကြောင်း” ထွက်ဆိုခဲ့သည်။

၎င်းအနေဖြင့် မောင်ငြိမ်းထက်ကျော် ဆေးကုသခံယူရန် ဆေးရုံသို့ ပို့ဆောင်စဉ် လိုက်ပါလားခြင်းမရှိသည့်နည်းတူ ၎င်းကျူးလွန်မိသော ပြစ်မှုအကြောင်းခြင်းရာကိုလည်း မည်သူ့ကိုမျှ ပြောမပြဘဲ ထိန်ချန်နှုတ်ပိတ်နေခဲ့သည်ဟုဆိုသည်။

မောင်ငြိမ်းထက်ကျော်နှင့်ရဲဝင်းအောင်တို့သည် ညီအစ်ကိုဝမ်းကွဲများဖြစ်၍ ၎င်းအနေဖြင့် ကျူးလွန်ခဲ့သော ပြစ်မှုအကြောင်းခြင်းရာများကို ဝန်ခံထွက်ဆိုလိုက်လျှင် မိသားစုများအား ရင်ဆိုင်နိုင်သော သတ္တိမရှိခဲ့သဖြင့် ယခင်က၎င်းအားစစ်ဆေးခဲ့သည့် အဖွဲ့များကို ထိန်ချန်လိမ်လည် ထွက်ဆိုခဲ့ရခြင်းဖြစ်ပါကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းအပြင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှစစ်​ဆေးစဉ် သံသယတရားခံ ရဲဝင်းအောင်က ၎င်း၏ ပြစ်မှုမကင်းသော ပြုလုပ်မိခဲ့ခြင်းအပေါ် ဘော်ဒါဆောင်ပိုင်ရှင်၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအတွက် နေ့စဉ်နှင့်အမျှ စိတ်မချမ်းမသာ ဖြစ်နေရခြင်း၊ ပြစ်မှုကို ဖုံးကွယ်ထိန်ချန် မြိုသိပ်ထားရသည်မှာစိတ်မွန်းကျပ်မှုအလွန်ခံစားရလာခြင်းတို့ကြောင့် အထူးစုံစမ်း စစ်ရေးအဖွဲ့ထံ ၎င်းပြုလုပ်ခဲ့သောပြစ်မှုမကင်းသည့် ပြုလုပ်မှုကို ယခုကဲ့သို့ အမှန်အတိုင်း ဝန်ခံရခြင်း ဖြစ်ပါကြောင်း၊ တရားရုံးတော်၌လည်း ၎င်းကျူးလွန်မိခဲ့သော ပြစ်မှုအကြောင်းခြင်းရာများကို မှန်ကန်စွာ ထွက်ဆိုလိုပါကြောင်း ထွက်ဆို ခဲ့သည်ဟုဆိုသည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူ ရဲဝင်းအောင်သည်  ၎င်း၏လွတ်လပ်သော စိတ်ဆန္ဒအရ မင်းပြားမြို့နယ်တရားရုံး ၌ သက်သေလူကြီးများရှေ့တွင် ဖြောင့်ချက်ပေးခဲ့ရာ မြို့နယ်တရားသူကြီးမှ ရာဇဝတ်အထွေ‌ထွေအမှုအမှတ် ၁၈/၂၀၂၆ ဖြင့် လက်ခံ ရေးမှတ် ရယူခဲ့ပြီး  ၎င်း ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် မီးခြစ်ကိုလည်း သေဆုံးသူနှင့် အတူအိပ်ခဲ့သူ  မောင်တင်အေး(၁၈နှစ်) နှင့်တတူ ရှာဖွေတွေ့ရှိ၍၎င်းတို့နှစ်ဦးသက်သေများရှေ့တွင် အဆိုပါသက်သေခံပစ္စည်းကို ပေးအပ်သိမ်း ဆည်းခဲ့သည်ဟုသိရသည်။

ဘော်ဒါ‌ဆောင်ပိုင်သျှင် ဆရာဦးလှမင်းမှ အခင်းဖြစ်ပွားရာနေရာမှသေဆုံးသွားသူမောင်ငြိမ်းထက်ကျော်၏ မီးစွဲလောင်၍ ကျန်ခသော ပစ္စည်းများကို လွှင့်ပစ်ခိုင်းခဲ့သည့်အပြင်သက်သေခံပစ္စည်းဖျောက်ဖျက်စေမှုဖြင့်တာဝန်ရှိသဖြင့် ပြစ်မှုကျူးလွန်သူ အမှုမှတရားခံ ရဲဝင်းအောင်နှင့်အတူ သက်သေခံပစ္စည်းများအား ဖျောက်ဖျက်မှုဖြင့်ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

AI Curated
မင်းပြားမြို့၊ ရာစုသစ်ဘော်ဒါဆောင်တွင် ကျောင်းသားတစ်ဦးမီးလောင်သေဆုံးခဲ့ရမှုမှာစနောက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူအခန်းဖော်ကျောင်းသားမှ ဝန်ခံ | YGN Daily