ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွင် အင်္ဂလန်က ကော့စတာရီကာကို ၃ ဂိုးပြတ်နိုင်
sports||2 MIN READ

ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွင် အင်္ဂလန်က ကော့စတာရီကာကို ၃ ဂိုးပြတ်နိုင်

DVB
SourceDVB
Back to News

AI Summary

ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲစဉ်အဖြစ် အင်္ဂလန်အသင်းသည် ကော့စတာရီကာအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မုန်တိုင်းကြောင့် ပွဲကစားချိန် တစ်နာရီခန့် နောက်ကျခဲ့သော်လည်း နည်းပြ သောမတ်စ်တူချယ်၏ အင်္ဂလန်အသင်းက ခြေစွမ်းပြနိုင်ခဲ့သည်။ ဒက်ကလန်ရိုက်စ်၊ ပင်နယ်တီမှ အန်တိုနီဂေါ်ဒွန်နှင့် လူစားဝင် အိုလီဝက်ကင်းတို့က အနိုင်ဂိုးများ သွင်းယူပေးခဲ့ကြသည်။ အထူးသဖြင့် ဘာစီလိုနာကစားသမားသစ် ဂေါ်ဒွန်သည် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း သိရသည်။ ဤနိုင်ပွဲသည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် ခရိုအေးရှားနှင့် ကစားရမည့် အင်္ဂလန်အသင်းအတွက် ယုံကြည်မှု ပိုမိုရရှိစေခဲ့သည်။ အင်္ဂလန်အသင်းသည် လာမည့် ကြာသပတေးနေ့တွင် မိုင်ယာမီအက်ဖ်စီအသင်းနှင့် တံခါးပိတ်ခြေစမ်းပွဲ ထပ်မံကစားသွားမည်ဖြစ်သည်။

Photo: Reuters

ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်္ဂလန်အသင်းက ကော့စတာရီကာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ လွယ်လွယ်ကူကူ အနိုင်ရရှိသွားပါတယ်။

အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးတွေကို ဒက်ကလန်ရိုက်စ်၊ ပင်နယ်တီကတဆင့် အန်တိုနီဂေါ်ဒွန်နဲ့ လူစားဝင်ကစားသမား အိုလီဝက်ကင်းတို့က သွင်းယူပေးခဲ့တာပါ။

မုန်တိုင်းကြောင့် ပွဲကစားဖို့ တနာရီလောက် နောက်ကျခဲ့ပေမဲ့ နည်းပြ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းကတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး အထူးသဖြင့် ဘာစီလိုနာကစားသမားသစ် ဂေါ်ဒွန်က ပွဲစဉ်တလျှောက် အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ခရိုအေးရှားနဲ့ ကစားရမဲ့ အင်္ဂလန်အသင်းအတွက် ဒီနိုင်ပွဲက ယုံကြည်မှု ပိုရစေခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ လာမဲ့ ကြာသပတေးနေ့မှာလည်း မိုင်ယာမီအက်ဖ်စီအသင်းနဲ့ တံခါးပိတ်ခြေစမ်းပွဲ ထပ်မံကစားသွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွင် အင်္ဂလန်က ကော့စတာရီကာကို ၃ ဂိုးပြတ်နိုင် | YGN Daily