ဝက်လက်မြို့နယ်၌ စစ်တပ် ဗုံးကြဲ၊ ကလေးငယ် အပါအဝင် ၅ ဦး သေဆုံး
politics||2 MIN READ

ဝက်လက်မြို့နယ်၌ စစ်တပ် ဗုံးကြဲ၊ ကလေးငယ် အပါအဝင် ၅ ဦး သေဆုံး

DVB
SourceDVB
Back to News

AI Summary

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ညောင်ပင်ကြီးတောကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၇ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး တိရစ္ဆာန်များလည်း ထိခိုက်သေဆုံးခဲ့သည်။ စစ်တပ်၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးရခြင်းဖြစ်ပြီး အိမ်များပေါ်သို့ ဗုံးများတည့်တည့်ကျရောက်ပေါက်ကွဲခဲ့သည်။ လက်ရှိတွင် တော်လှန်ရေးအဖွဲ့များက ပြည်သူများအား လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ထင်ရှားသော ပြောကြားချက်များ

"အိမ်ပေါ် တည့်ကျတာ။ ၅ နှစ်အရွယ် က‌လေးတဦးနဲ့ ၃၅ အရွယ် အမျိုးသမီးတဦးကတော့ တိတိကျကျသိရပြီ။‌ နောက်ထပ် ၃ ဦးလည်း သေဆုံးတာရှိတယ်လို့တော့ သိထားရတယ်။"

Photo: ဝက်လက်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တောင်ခြမ်း၊‌ ညောင်ပင်ကြီး‌တောကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ မှာ လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

အခုလို လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် သားအမိ ၂ ယောက် အပါအဝင် ၅ ယောက် နေရာတင် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဝက်လက်ဒေသခံ KPG က “အခု ညောင်ပင်ကြီးတောကို ပတ်ပြီးကြဲနေတာ၊ တခါချရင် ၂ လုံးတတွဲ ချတယ်။ ပေါက်ကွဲအသံကတော့ ၂ ခါကို ဗုံးသီးလေးလုံးကွဲတဲ့အသံ ကြားရတယ်။ ဘာမှ အ‌သေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါကျေးရွာကို လာရောက်ကြဲချတဲ့ လေယာဉ်ဟာ တံတားဦးတက် ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တယောက်က “အိမ်ပေါ် တည့်ကျတာ။ ၅ နှစ်အရွယ် က‌လေးတဦးနဲ့ ၃၅ အရွယ် အမျိုးသမီးတဦးကတော့ တိတိကျကျသိရပြီ။‌ နောက်ထပ် ၃ ဦးလည်း သေဆုံးတာရှိတယ်လို့တော့ သိထားရတယ်။ အမျိုးသား‌တွေလား၊ အမျိုးသမီးတွေလား ဆိုတာကိုတော့ ကျနော့်ဆီ သတင်းတက်မလာသေးဘူး။‌ နောက်ပြီး နွားတွေလည်း သေဆုံးတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တွေေတော့ အရပ်သား ပြည်သူတွေကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းသတိ လေကြောင်းအသိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated