
AI Summary
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့်ရမည့် ဆိုမာလီနိုင်ငံသား ဒိုင်လူကြီး အိုမာအာတန်သည် အမေရိကန်သို့ ဝင်ခွင့်ငြင်းပယ်ခံရပြီးနောက် ပြိုင်ပွဲ၏ ဒိုင်လူကြီးစာရင်းမှ ပယ်ဖျက်ခံခဲ့ရသည်။ အမေရိကန်ဘက်က တိကျသည့်အကြောင်းပြချက် မပေးခဲ့သော်လည်း ဆိုမာလီနိုင်ငံသည် ဒေါ်နယ်ထရမ့်ပ်အစိုးရ၏ ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် နိုင်ငံစာရင်းတွင် ပါဝင်နေသည်။ အာဖရိက အကောင်းဆုံးဒိုင်လူကြီးဆုရ အာတန်ကို မိုင်ယာမီလေဆိပ်တွင် ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ ဖီဖာကလည်း အာတန်သည် ယခုနှစ် ကမ္ဘာ့ဖလားတွင် တာဝန်ယူနိုင်တော့မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ ဆိုမာလီအာဏာပိုင်များက အာတန်သည် တရားဝင်စာရွက်စာတမ်း အပြည့်အစုံဖြင့် သွားရောက်ခဲ့သည်ဟု ဆိုသော်လည်း အိမ်ဖြူတော်တာဝန်ရှိသူက နယ်စပ်လုံခြုံရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ကိုင်တွယ်ခွင့်ရမဲ့ ဆိုမာလီနိုင်ငံသား ဒိုင်လူကြီး အိုမာအာတန်ဟာ အမေရိကန်ထဲ ဝင်ခွင့် ငြင်းပယ်ခံလိုက်ရလို့ ပြိုင်ပွဲရဲ့ ဒိုင်လူကြီးစာရင်းကနေပါ ပယ်ဖျက်ခံလိုက်ရ ပါတယ်။
အာဖရိက အကောင်းဆုံးဒိုင်လူကြီးဆုရ အာတန်ကို မိုင်ယာမီလေဆိပ်မှာတင် ပြည်နှင်ဒဏ် ပေးခဲ့တာပါ။
အမေရိကန်ဘက်က အကြောင်းပြချက် မပေးပေမဲ့ ဆိုမာလီဟာ ဒေါ်နယ်ထရမ့်ပ်အစိုးရရဲ့ ပြည်ဝင် ခွင့်ပိတ်ပင်ထားတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။
ဖီဖာ (FIFA) ကလည်း အာတန်တယောက် အခုနှစ်ကမ္ဘာ့ဖလားမှာ တာဝန်ယူနိုင်တော့မှာ မဟုတ်ကြောင်း အတည်ပြုပါတယ်။
ဆိုမာလီအာဏာပိုင်တွေဘက်ကတော့ အာတန်ဟာ တရားဝင်စာရွက်စာတမ်း အပြည့်အစုံနဲ့ သွားတာလို့ ဆိုပါတယ်။
အိမ်ဖြူတော် တာဝန်ရှိသူကတော့ ဒါဟာ နယ်စပ်လုံခြုံရေးအဖွဲရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ထောက်ခံကြောင်း ပြောပါတယ်။