နမ့်ခမ်း၊ ကောင်းတပ်ရွာပေါက်ကွဲမှု နောက်ဆုံးအခြေအနေ
general||2 MIN READ

နမ့်ခမ်း၊ ကောင်းတပ်ရွာပေါက်ကွဲမှု နောက်ဆုံးအခြေအနေ

Back to News

AI Summary

မေလ ၃၁ ရက်နေ့လယ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဒေသခံ ၅၅ ဦး သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းပြည်ကောင်စီ (TLC) က ထုတ်ပြန်ခဲ့သည်။ TNLA ဘက်ကမူ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသည့် ယမ်းများ မတော်တဆ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ပေါက်ကွဲမှုကြောင့် လူနေထူထပ်သော ကောင်းတပ်ကျေးရွာရှိ နေအိမ်အဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်။ သို့သော် ဒေသခံများကမူ ၎င်းတို့ရွာထဲတွင် ယမ်းသိုလှောင်သည့် စက်ရုံရှိနေသည်ကို မသိရှိခဲ့ကြောင်း ပြောဆိုကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ မေလ  ၃၁ ရက် နေ့လယ်ပိုင်းက  အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ကြီးမား၊ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဒေသခံ ၅၅ဦး သေဆုံးပြီး၊ ၇၀ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းပြည်ကောင်စီ – TLC က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာသုံးဖို့ သိုလှောင်ထားတဲ့ ယမ်းတွေ မတော်တဆ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအတွင်း TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကောင်းတပ်ကျေးရွာဟာ လူနေထူထပ်ပြီး တအာင်းနဲ့ ကချင် တိုင်းရင်းသား အများအပြား နေထိုင်ကြတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ ရွာထဲမှာ ယမ်းသိုလှောင်တဲ့ စက်ရုံရှိနေတာကို သူတို့အနေနဲ့ မသိရှိရဘူးလို့ ပြောကြပါတယ်။

ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေအရ နေအိမ်အဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

မြေပြင်ကူညီကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေပြောပြတဲ့ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ အခြေအနေကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

ကိုလှိုင်း/ Myanmar Now

ဆက်စပ်သတင်းများ

AI Curated
နမ့်ခမ်း၊ ကောင်းတပ်ရွာပေါက်ကွဲမှု နောက်ဆုံးအခြေအနေ | YGN Daily