ကျောက်တော်မှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင်တစ်ဦး အဆိပ်သောက်သေဆုံး
general||3 MIN READ

ကျောက်တော်မှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင်တစ်ဦး အဆိပ်သောက်သေဆုံး

Narinjara
SourceNarinjara
Back to News

AI Summary

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကွမ်းအုံချောင်းကျေးရွာတွင် ပြီးခဲ့သည့်နှစ်က ဓားပြတိုက်ခံခဲ့ရသည့် ဆန်စက်ပိုင်ရှင်၏ဇနီးသည် ဇွန်လ ၁၆ ရက်နေ့တွင် အဆိပ်သောက်၍ သေဆုံးသွားခဲ့သည်။ လွန်ခဲ့သောတစ်နှစ်ခန့်က ၎င်းတို့၏နေအိမ်သို့ လက်နက်ကိုင်များ ဝင်ရောက်ကာ ရွှေ ၁၀ ကျပ်သားကျော်နှင့် ငွေသားများကို လုယက်သွားခဲ့ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် နို့စို့ကလေးငယ်အပါအဝင် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။ ဓားပြတိုက်မှုကျူးလွန်သူများကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးသလို ဆုံးရှုံးသွားသည့် ပစ္စည်းများကိုလည်း ပြန်လည်ရရှိခြင်းမရှိသေးပေ။ ဒေသခံများ၏ ပြောပြချက်အရ အဆိုပါမိသားစုမှာ အလွန်သနားစရာကောင်းသည့် အခြေအနေတွင် ရှိနေပြီး အဆိပ်သောက်ရသည့် အကြောင်းရင်းအတိအကျကိုမူ မသိရှိရသေးပေ။

ထင်ရှားသော ပြောကြားချက်များ

"အဆိပ်အမျိုးအစားတော့ မသိဘူး။ ဆေးပြားကတော့ နှစ်ပြားသောက်ပစ်တာလို့ ပြောတယ်။ အဲလိုသောက်ပြီးတော့ ဝေဒနာကို အလူးအလဲခံစားခဲ့ရပြီး ဆေးခန်းတွေလည်း သွားပြခဲ့ရသေးတယ်။ ဒါပေမဲ့ အသက်မကယ်လိုက်နိုင်ဘူး"

"သူတို့မိသားစုက တော်တော်သနားဖို့ကောင်းတယ်။ နို့စို့ကလေး နှစ်နှစ်လောက်ရှိမယ်ထင်တယ်။ အဲဒီကလေးလေးကျန်ခဲ့တယ်။ သေဆုံးသွားတဲ့သူလည်း စိတ်ကောင်းပါတယ်။ ဘာကြောင့် သတ်သေသွားလဲမသိဘူး"

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၂ဝ/၂ဝ၂၆ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ရွှေ ၁ဝ ကျပ်ကျော် ဓားပြတိုက်ခံရသည့်ကလေးမိခင်တစ်ဦးသည် ဓားပြတိုက်ခံရပြီးနောက် တစ်နှစ်ခန့်အကြာတွင် အဆိပ်သောက်သေဆုံးသွားခဲ့သည်ဟု သိရသည်။ အဆိပ်သောက်သေဆုံးသွားသူမှာ ကွမ်းအုံချောင်းကျေးရွာမှ ဆန်စက်ပိုင်ရှင် ကိုကျော်သက်လှိုင်၏ဇနီးဖြစ်သည်။ အသက် ၃ဝ ကျော်အရွယ် ထိုအမျိုးသမီးသည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် အဆိပ်သောက်သေဆုံးသွားခြင်းဖြစ်သည်ဟု သူတို့နှင့်နီးသူတစ်ဦးက နိရဉ္စရာကို ပြောသည်။ “အဆိပ်အမျိုးအစားတော့ မသိဘူး။ ဆေးပြားကတော့ နှစ်ပြားသောက်ပစ်တာလို့ ပြောတယ်။ အဲလိုသောက်ပြီးတော့ ဝေဒနာကို အလူးအလဲခံစားခဲ့ရပြီး ဆေးခန်းတွေလည်း သွားပြခဲ့ရသေးတယ်။ ဒါပေမဲ့ အသက်မကယ်လိုက်နိုင်ဘူး”ဟု ပြောသည်။ သေဆုံးသွားသူတွင် အမျိုးသားနှင့်အတူ နို့စို့ကလေးတစ်ဦးအပါအဝင် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

သူတို့နှင့်နီးစပ်သူက "သူတို့မိသားစုက တော်တော်သနားဖို့ကောင်းတယ်။ နို့စို့ကလေး နှစ်နှစ်လောက်ရှိမယ်ထင်တယ်။ အဲဒီကလေးလေးကျန်ခဲ့တယ်။ သေဆုံးသွားတဲ့သူလည်း စိတ်ကောင်းပါတယ်။ ဘာကြောင့် သတ်သေသွားလဲမသိဘူး"ဟု နိရဉ္စရာကို ပြောသည်။

ကွမ်းအုံချောင်းရွာရှိ ကိုကျော်သက်လှိုင်၏နေအိမ်ကို ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း မိုးသည်းထန်သည့်ညတစ်ညတွင် ဝင်ရောက် ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူများနှင့် ရွာသားများက ဓားပြတိုက်ခံရပြီး ရက်ပိုင်းအကြာတွင် နိရဉ္စရာကို ပြောဆိုခဲ့သည်။ ယင်းသို့ ဓားပြတိုက်ခံရမှုကြောင့် ရွှေ ၁ဝ ကျပ်ကျော်နှင့် ငွေသားအချို့လည်း ပါသွားပြီး ယခု အဆိပ်သောက်သေဆုံးသွားခဲ့ရသည့် ကိုကျော်သက်လှိုင်၏အမျိုးသမီးတွင် လက်တစ်ဘက်၌ ပြတ်ရှဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု သိရသည်။ အဆိုပါဓားပြတိုက်မှုဖြစ်စဉ်တွင် ဆုံးရှုံးသွားသည့် ရွှေနှင့်ငွေသားများကိုလည်း လက်ရှိအချိန်ထိ ပြန်မရသေးသလို ကျူးလွန်သူများကိုလည်း ယခုထိ ဖမ်းမမိသေးဟု ဒေသခံများက ပြောသည်။ ဆုံးရှုံးသွားသည့်ရွှေများသည် ရန်ကုန်တွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ကိုကျော်သက်လှိုင်၏မိဘများက အပ်နှံထားခြင်းဖြစ်သည်ဟု သိရသည်။ ကွမ်းအုံချောင်းကျေးရွာသည် ကျောက်တော်မြို့နယ်အတွင်း ပီကောက်ချောင်းအနီး စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်တွင်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

AI Curated