"လူကြီးတွေစစ်တိုက်လို့ ကျောင်းတံခါးတွေ ပိတ်ကုန်ပြီ" | Editorial Talk - BUR.MIZZIMA.COM
opinion||2 MIN READ

"လူကြီးတွေစစ်တိုက်လို့ ကျောင်းတံခါးတွေ ပိတ်ကုန်ပြီ" | Editorial Talk - BUR.MIZZIMA.COM

AI Summary

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများ၊ စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းနေအရွယ် ကလေးငယ် ၇ သန်းခန့် (၅၃ ရာခိုင်နှုန်း) သည် ပညာသင်ယူခွင့် ဆုံးရှုံးနေရပါသည်။ ဤပညာရေးပြတ်တောက်မှု၏ နောက်ဆက်တွဲအဖြစ် ကလေးငယ်များသည် ဝမ်းရေးအတွက် အလုပ်ကြမ်းခွင်များသို့ ရောက်ရှိနေကြရသည်။ ထို့ပြင် ၎င်းတို့သည် ကျားဖြန့်ကဲ့သို့ ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုသားကောင်များ ဖြစ်လာခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်းခံရခြင်းနှင့် အသက်မပြည့်မီ အိမ်ထောင်ပြုခြင်းစသည့် ဆိုးရွားသော အကျိုးဆက်များကို ရင်ဆိုင်နေရပါသည်။ လက်ရှိတွင် ကလေးများသည် မိုးခြိမ်းသံကြားရုံဖြင့်ပင် လန့်ဖြန့်နေရပြီး၊ စစ်ပွဲများကြောင့် ကျောင်းတံခါးများ ပိတ်ထားရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ ဤကပ်ဘေးမှ မည်သို့ပြန်လည်ထူထောင်ရမည်ကို ခေါင်းအေးအေးထား၍ လေးလေးနက်နက် စဉ်းစားရန် လိုအပ်ကြောင်း ဆောင်းပါးက ဖော်ပြထားသည်။

“စာသင်ရင်း မိုးခြိမ်းသံကြားရင်တောင် လန့်ဖြန့်နေရတဲ့ ကလေးတွေရဲ့ ဘဝ…”

အခုအချိန်က ကျောင်းနေအရွယ် ကလေးငယ်တွေအဖြူအစိမ်းကိုယ်စီနဲ့ ပျော်ပျော်ကြီး ကျောင်းတက်ရမယ့် ကာလ ဖြစ်ပါတယ် ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့စစ်ကြောင်းထိုးမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေး ၇ သန်းဝန်းကျင် (၅၃ ရာခိုင်နှုန်း) ဟာပညာသင်ယူခွင့် ဆုံးရှုံးနေရပါတယ် ။ ဒီပညာရေးပြတ်တောက်မှုရဲ့ နောက်ကွယ်မှာ ကလေးငယ်တွေဟာဝမ်းရေးအတွက် အလုပ်ကြမ်းခွင်တွေထဲ ရောက်ကုန်ကြပြီး ၊ အဲဒီကတဆင့် ကျားဖြန့် လို ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု သားကောင်ဖြစ်ခြင်း၊ ကလေးစစ်သား ဖြစ်လာခြင်းနဲ့ အသက်မပြည့်ခင်အိမ်ထောင်ကျကုန်ခြင်း စတဲ့ ရင်နာစရာ အကျိုးဆက်တွေကို ဆက်တိုက် ရင်ဆိုင်နေရပါတယ် ။

“လူကြီးတွေ စစ်တိုက်ကြတာ၊ ကလေးတွေအတွက်ကျောင်းတံခါးတွေ ပိတ်ကုန်ကြတယ် ။” ဒီကပ်ဘေးကနေ ကျွန်တော်တို့ ဘယ်လို ပြန်လည်အဖတ်ဆယ်ကြမလဲ။ ခေါင်းအေးအေးနဲ့ လေးလေးနက်နက် စဉ်းစားကြဖို့ မဇ္ဈိမရဲ့ အယ်ဒီတာ့စကားဝိုင်း အင်တာဗျူးအပြည့်အစုံကို အောက်ပါလင့်ခ်မှာ နားဆင်ကြည့်ရှုနိုင်ပါတယ် ။

ဆက်စပ်သတင်းများ

AI Curated
"လူကြီးတွေစစ်တိုက်လို့ ကျောင်းတံခါးတွေ ပိတ်ကုန်ပြီ" | Editorial Talk - BUR.MIZZIMA.COM | YGN Daily