ရိုဟင်ဂျာအရေးသည် ဘင်္ဂလားဒေ့ရှ်၏ထိပ်တန်း လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများထဲက တစ်ခုဖြစ်ကြောင်းဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ်မှ တရုတ်ကိုတင်ပြ
politics||5 MIN READ

ရိုဟင်ဂျာအရေးသည် ဘင်္ဂလားဒေ့ရှ်၏ထိပ်တန်း လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများထဲက တစ်ခုဖြစ်ကြောင်းဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ်မှ တရုတ်ကိုတင်ပြ

Narinjara
SourceNarinjara
Back to News

AI Summary

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် တရုတ်ဝန်ကြီးချုပ် လီချန်နှင့် ဘေဂျင်းမြို့၌ တွေ့ဆုံစဉ် ရိုဟင်ဂျာအရေးသည် နိုင်ငံ၏ အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ရိုဟင်ဂျာအကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် သက်ရောက်မှုများရှိနေသဖြင့် ဖြေရှင်းရန် လိုအပ်နေခြင်းဖြစ်သည်။ ဤကိစ္စရပ်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းအပါအဝင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ကူညီသွားမည်ဟု တရုတ်ဝန်ကြီးချုပ်က အာမခံချက်ပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် သံတမန်ရေးရာနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ခိုင်မာသော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။ လက်ရှိတွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် နားလည်မှုစာချွန်လွှာ ၁၃ ခု လက်မှတ်ရေးထိုးခြင်းဖြင့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် သဘောတူညီခဲ့ကြသည်။

ထင်ရှားသော ပြောကြားချက်များ

"ဝန်ကြီးချုပ် တာရစ်ရာမန်က တရုတ်ဝန်ကြီးချုပ်နဲ့ နှစ်နိုင်ငံတွေ့ဆုံစဉ် ရိုဟင်ဂျာအကျပ်အတည်းကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီအရေးဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်း လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအကျပ်အတည်းကို ကျနော်တို့ ဖြေရှင်းရပါမယ်"

"ဘင်္ဂလား အစိုးရအနေနဲ့ သံတမန်ရေးရာနဲ့ ဆွေးနွေးမှုတွေကတစ်ဆင့် ဒီကိစ္စအပေါ် ခိုင်မာတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်"

(ဘင်္ဂလားဒေ့ရှ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ဝန်ကြီးချုပ်တာရစ်ရာမန်က ကတိကဝတ်ပြု)

နိရဉ္စရာ၊ ဇွန် ၂၆/ ၂၀၂၆

ရိုဟင်ဂျာအရေးသည် ဘင်္ဂလားဒေ့ရှ်၏အကြီးမားဆုံးသော ထိပ်တန်း လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများအထဲက တစ်ခုဖြစ်ကြောင်းဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ်က တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့သည်ဟု UNB သတင်းဌာနတွင် ဖော်ပြသည်။

တရုတ်ဝန်ကြီးချုပ် လီချန် (Li Qiang) နှင့် ကြာသပတေးနေ့တွင်ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံစဉ်ဘင်္ဂလား​ဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်က ထိုသို့တင်ပြဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ နိုင်ငံခြားရေးရာအကြံပေး ဟူမာယွန်ကဗီယာ (Humaiun Kabir) က ပြောကြားခဲ့သည်။

"ဝန်ကြီးချုပ် တာရစ်ရာမန်က တရုတ်ဝန်ကြီးချုပ်နဲ့ နှစ်နိုင်ငံတွေ့ဆုံစဉ် ရိုဟင်ဂျာအကျပ်အတည်းကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီအရေးဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်း လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအကျပ်အတည်းကို ကျနော်တို့ ဖြေရှင်းရပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီချန် (Li Qiang)က  ရိုဟင်ဂျာအရေးဖြေရှင်းရန် ကြိုးပမ်းမှုများတွင် မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခြင်းအပါအဝင် သင့်လျော်သော အခန်းကဏ္ဍမှ တရုတ်နိုင်ငံအနေဖြင့်ပါဝင်သွားမည်ဖြစ်ကြောင်းကြာသပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အာမခံချက်ပေးခဲ့သည်ဟု ဟူမာယွန်ကဗီယာ (Humaiun Kabir) က ဆက်လက်ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အနေဖြင့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် ခိုင်မာသောသံတမန်ရေးချဉ်းကပ်မှုကို လိုက်စားနေစဉ်တွင် ဘင်္ဂလားဒေ့ရှ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ဝန်ကြီးချုပ်တာရစ်ရာမန်က ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း ဟူမိုင်ယွန်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် ဤကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့ပြီး နှစ်နိုင်ငံ (bilateral) နှင့် ဘက်စုံ (multilateral) ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။

"ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဘက်စုံ ကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ဝန်ကြီးချုပ် တာရစ်ရာမန်ကို အလွန်အပြုသဘောဆောင်တဲ့ သဘောထား ပြသခဲ့ပြီး သူတို့အနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဘက်မှာ အမြဲရှိနေမှာဖြစ်သလို၊ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့ကိစ္စမှာလည်း ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ခိုင်မာသော သံတမန်ရေးရာ ချဉ်းကပ်မှုများကို လုပ်ဆောင်နေစဉ်အတွင်း နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်၏ ကတိကဝတ်ကို ဝန်ကြီးချုပ်က ထပ်လောင်းအတည်ပြုခဲ့သည်ဟု ဟူမာယွန်က ပြောကြားခဲ့သည်။

"ဘင်္ဂလား အစိုးရအနေနဲ့ သံတမန်ရေးရာနဲ့ ဆွေးနွေးမှုတွေကတစ်ဆင့် ဒီကိစ္စအပေါ် ခိုင်မာတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်" ဟု အကြံပေးပုဂ္ဂိုလ်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့်တရုတ် ဆက်ဆံရေးသည်အခန်းကဏ္ဍသစ်တစ်ခုကို ဖော်ဆောင်ပေးမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို လွှမ်းခြုံထားသည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန် အထောက်အကူဖြစ်စေမည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူခဲ့ကြသည်ဟုသိရသည်။

နားလည်မှုစာချွန်လွှာ (MoU) ၁၃ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် နှစ်ဖက်စလုံး၏ နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာစေရန် ကတိကဝတ်ကို ထင်ဟပ်စေပြီး အဆိုပါ ခရီးစဉ်မှ ထွက်ပေါ်လာသော အပြုသဘောဆောင်သည့် အရှိန်အဟုန်ကို ပြသနေကြောင်း ဟူမာယွန်ကပြောဆိုသွားခဲ့သည်။

UNB သတင်းဌာန၏“Humaiun Kabir: Chinese premier assures Bangladesh of China's role in resolving Rohingya crisis”  ပါသတင်းပါမူရင်းအသုံးအနှုန်းအတိုင်းဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဆက်စပ်သတင်းများ

AI Curated