စစ်ကိုင်း လဝကရုံး ဗုံးကွဲ၊ လူ ၂၀ ခန့် ဒဏ်ရာရ
politics||2 MIN READ

စစ်ကိုင်း လဝကရုံး ဗုံးကွဲ၊ လူ ၂၀ ခန့် ဒဏ်ရာရ

DVB
SourceDVB
Back to News

AI Summary

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝကရုံး) တွင် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့အနက် လဝကဝန်ထမ်း ၅ ဦးနှင့် မှတ်ပုံတင်လာရောက်ပြုလုပ်သူ ၁၃ ဦး ပါဝင်ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူ အများစုမှာ ကိုယ်လက်အင်္ဂါများတွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဗုံးပေါက်ကွဲမှုသည် ရုံးအတွင်းမှ ပေါက်ကွဲခြင်း သို့မဟုတ် အပေါ်မှချခဲ့သော ဗုံးဖြစ်ခြင်းကို အတိအကျ မသိရသေးပေ။ မည်သည့်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့သည်ကို လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို စစ်ကိုင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပြီး၊ ပေါက်ကွဲမှုဖြစ်ပွားရာ လဝကရုံးအနီးတွင် စစ်သားများနှင့် အရပ်ဝတ်လုံခြုံရေးများ ရောက်ရှိနေကြောင်း မြို့ခံများက ပြောကြားသည်။

Photo: စစ်တပ်ဝါဒဖြန့်တယ်လီဂရန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က စစ်အာဏာရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝကရုံး) မှာ ဇွန် ၅ ရက် ဒီမနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲပြီး လူ ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

စစ်ကိုင်းမြို့ခံတယောက်က “ဗုံးက အထဲကပေါက်တယ်လည်း ပြောတယ်။ Drop ဗုံး လာချတယ်လို့လည်း ပြောတယ်။ ရုံးချိန်ဆိုတော့ ဝန်ထမ်းတွေနဲ့ မှတ်ပုံတင်လာလုပ်တဲ့သူတွေ ထိတာ။ မှတ်ပုံတင်လုပ်တဲ့သူက များတယ်လေ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံပို့ထားတယ်။ ဗုံးပေါက်တဲ့ လဝကရုံးနားမှာတော့ စစ်သားတွေနဲ့ အရပ်ဝတ်တွေ ရှုပ်နေတယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူအများစုမှာ ကိုယ်လက်အင်္ဂါတွေ ဗုံးစထိမှန်ထားတာ တွေ့ရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လဝကဝန်ထမ်း ၅ ယောက်နဲ့ မှတ်ပုံတင်လာလုပ်သူ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြကြပါတယ်။

ဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို စစ်ကိုင်းမြို့က ဆေးရုံမှာ ကုသပေးနေပြီး ဗုံးပေါက်ကွဲခဲ့တဲ့ လဝကရုံးနဲ့ အနီးတဝိုက်မှာတော့ စစ်တပ်ရော အရပ်ဝတ်လုံခြုံရေးတွေပါ ရောက်နေတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက နယ်မြေတွေကို စစ်ကြောင်းထိုးပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ စစ်အာဏာရှင်တပ်၊ တပ်မ ၃၃ ခြေမြန်တပ်ဌာနချုပ်ဟာ စစ်ကိုင်းမြို့မှာ အခြေစိုက်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စစ်ကိုင်း လဝကရုံး ဗုံးကွဲ၊ လူ ၂၀ ခန့် ဒဏ်ရာရ | YGN Daily