အင်္ဂလန်ကမ္ဘာ့ဖလားအသင်း လူစာရင်းကို ဂျွန်တယ်ရီ ဝေဖန်
sports||1 MIN READ

အင်္ဂလန်ကမ္ဘာ့ဖလားအသင်း လူစာရင်းကို ဂျွန်တယ်ရီ ဝေဖန်

DVB
SourceDVB
Back to News

AI Summary

အင်္ဂလန် ကမ္ဘာ့ဖလားအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက အင်္ဂလန် ကမ္ဘာ့ဖလားအသင်း ကစားသမားရွေးချယ်မှုကို ဝေဖန်ခဲ့သည်။ ၎င်းက အသင်းဝင် ၂၆ ဦးအနက် ၁၁ ဦးခန့်သည် ကမ္ဘာ့ဖလားကို အနိုင်ရရန် အရည်အချင်းမပြည့်မီဟု ဆိုသည်။ နည်းပြ သောမတ်စ် တူဟယ်လ်၏ ရွေးချယ်မှုတွင် အဓိက ကစားသမား ၃-၄ ဦးကို ချန်လှပ်ခဲ့ခြင်းသည် မှားယွင်းကြောင်း တယ်ရီက ထောက်ပြခဲ့သည်။ ဟယ်ရီမက်ဂွိုင်းယားနှင့် ကိုးလ်ပါးမားတို့လို ကစားသမားများကို မရွေးချယ်ခြင်းအပေါ် သူစိတ်ပျက်ခဲ့သည်။ အတွေ့အကြုံရှိ ကစားသမားများမပါဝင်ပါက အသင်းအတွက် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ဂျွန်တယ်ရီက သတိပေးခဲ့သည်။

Photo: Reuters

အင်္ဂလန် ကမ္ဘာ့ဖလားအသင်းရဲ့ ကစားသမားရွေးချယ်မှုအပေါ်မှာ အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက ဝေဖန်လိုက်ပါတယ်။

အသင်း ၂၆ ယောက်မှာ ၁၁ ယောက်လောက်ဟာ ကမ္ဘာ့ဖလားကို အနိုင်ရဖို့အတွက် အရည်အချင်း မပြည့်မီဘူးလို့ တယ်ရီက ဆိုပါတယ်။

အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ပါဝင်ဖို့ လိုအပ်ကြောင်း သူက ထောက်ပြခဲ့တာပါ။

နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ကစားသမားရွေးချယ်မှုမှာ အဓိက ကစားသမား ၃-၄ ယောက်ကို ချန်လှပ်ခဲ့တာ မှားယွင်းတယ်လို့ တယ်ရီက ပြောပါတယ်။

ဟယ်ရီမက်ဂွိုင်းယားနဲ့ ကိုးလ်ပါးမား တို့လို ကစားသမားတွေကို မရွေးချယ်တာကို သူက စိတ်ပျက်ခဲ့ပါတယ်။

အတွေ့အကြုံရှိတဲ့ ကစားသမားတွေမရှိရင် အသင်းအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ချဲလ်ဆီးနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း တယ်ရီက သတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
အင်္ဂလန်ကမ္ဘာ့ဖလားအသင်း လူစာရင်းကို ဂျွန်တယ်ရီ ဝေဖန် | YGN Daily