ရွှေဘိုတွင် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ငွေပေးပြန်လွတ်လာသူများကို စစ်တပ် ခြိမ်းခြောက်
politics||3 MIN READ

ရွှေဘိုတွင် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ငွေပေးပြန်လွတ်လာသူများကို စစ်တပ် ခြိမ်းခြောက်

DVB
SourceDVB
Back to News

AI Summary

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ လူငယ်များကို အကြောင်းမဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည်။ အဆိုပါဖမ်းဆီးမှုများသည် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းလိုသည့် ရည်ရွယ်ချက်ဖြင့် ဖြစ်ပွားနေခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၅၀ နှစ်ကြားရှိ အမျိုးသားများ အဓိကထိခိုက်ခံနေရသည်။ ဖမ်းဆီးခံရသူများထဲမှ ငွေကြေးပေးနိုင်သူများကို ပြန်လွှတ်ပေးသော်လည်း ငွေမပေးနိုင်သူများကို စစ်သင်တန်းပေးရန် ပို့ဆောင်လိုက်သဖြင့် မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေသူများ ရှိနေသည်။ ဤလုပ်ရပ်ကြောင့် ဒေသတွင်း လုပ်ငန်းခွင်များတွင် လုပ်သားရှားပါးမှု ပြဿနာများ ဖြစ်ပေါ်လာပြီး ဝန်ထမ်းများမှာလည်း အလုပ်ထွက်ကုန်ကြသည်။ လက်ရှိတွင် ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် မြို့ခံများမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် သွားလာနေကြရသည်။

ထင်ရှားသော ပြောကြားချက်များ

"ဖမ်းဆီးခံရသူ လူ ၃၀ ကျော်ရှိတယ်။ သူတို့ရဲ့ ဖုန်း၊ ဆိုင်ကယ်နဲ့ မှတ်ပုံတင်တွေကိုတော့ ပြန်မပေးဘူး။ ငွေသိန်း ၁၀၀ တောင်းတာကို သိန်း ၈၀ နဲ့ ညှိနှိုင်းပေးခဲ့ရတယ်လို့ ကြားတယ်။ ကုမ္ပဏီ ဝန်ထမ်းဖြစ်လို့ ပြန်လွှတ်ပေးတာ၊ ဒါပေမဲ့ နောက်တကြိမ် လမ်းမှာတွေ့ရင်တော့ အာမ မခံဘူးလို့ ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တာ။"

Photo : DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်အာဏာရှင်တပ်ရဲ့ လှည့်ကင်းတပ်ဖွဲ့တွေက လမ်းသွားလမ်းလာ လူငယ်တွေကို အစစ်အဆေးမရှိ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ငွေကြေးအမြောက်အမြားနဲ့ ပြန်ရွေးခိုင်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြန်လွတ်လာသူတွေ အနေနဲ့လည်း နောက်တကြိမ် လမ်းမှာထပ်တွေ့လို့ ဖမ်းဆီးခံရရင် အာမ မခံဘူး လို့ စစ်တပ်က ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇွန် ၁၃ ရက်က ရွှေဘိုမြို့ပေါ်ရှိ ကားကြီးဝင်းရှေ့လမ်း၊ ဈေးကြီးတောင်ဘက်နဲ့ မြောက်ဘက်လမ်း၊ စာတိုက်ကွေ့ အမှတ် ၃ ကျောင်းလမ်း၊ ရွှေတန်ဆာဘုရားနဲ့ ချမ်းသာကြီး၊ ချမ်းသာရဘုရားရှေ့လမ်း၊ စက်မှုဇုန်လမ်းအပါအဝင် နေရာအနှံ့အပြားမှာ သွားလာနေတဲ့ စိုက်ပျိုးရေးကုမ္ပဏီဝန်ထမ်းတွေ အပါအဝင် အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အောက် လူငယ် ၃၀ ကျော်ကို စစ်အာဏာရှင်တပ်က အစစ်အဆေး မရှိ ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေကို ငွေကျပ်သိန်း ၁၀၀ နဲ့ ပြန်ရွေးဖို့ တောင်းဆိုခဲ့ပြီး အခုတကြိမ် ငွေပေးလို့ ပြန်လွတ်လာသူတွေကိုလည်း နောက်တကြိမ် လမ်းမှာထပ်တွေ့ရင် ပေါ်တာထပ်ဆွဲမှာဖြစ်ကာ ဘာမှ အာမ,မခံဘူးလို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ငွေမပေးနိုင်တဲ့သူတွေကိုတော့ စစ်သင်တန်းပေးဖို့ လေ့ကျင့်ရေးတပ်တွေကို ပို့ဆောင်လိုက်တယ်လို့ ဒီအခြေနေကို သိရှိသူတယောက်က DVB ကို ပြောပါတယ်။

“ဖမ်းဆီးခံရသူ လူ ၃၀ ကျော်ရှိတယ်။ သူတို့ရဲ့ ဖုန်း၊ ဆိုင်ကယ်နဲ့ မှတ်ပုံတင်တွေကိုတော့ ပြန်မပေးဘူး။ ငွေသိန်း ၁၀၀ တောင်းတာကို သိန်း ၈၀ နဲ့ ညှိနှိုင်းပေးခဲ့ရတယ်လို့ ကြားတယ်။ ကုမ္ပဏီ ဝန်ထမ်းဖြစ်လို့ ပြန်လွှတ်ပေးတာ၊ ဒါပေမဲ့ နောက်တကြိမ် လမ်းမှာတွေ့ရင်တော့ အာမ မခံဘူးလို့ ခြိမ်းခြောက်ပြီး ပြန်လွှတ်လိုက်တာ။”

ရွှေဘိုမြို့မှာ ဇွန် ၁ ရက်ကနေ ၁၅ ရက်အထိ သီတင်း ၂ ပတ်အတွင်း စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေအပြင် မြို့တွင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေက အလုပ်သွား အလုပ်ပြန် ခရီးသွားလူငယ်အများအပြား ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲက ငွေမပေးနိုင်တဲ့သူတွေကတော့ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက် ပြီး ပျောက်ဆုံးနေပါတယ်။

ဒီလို ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရွှေဘိုမြို့အတွင်းက စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီ တွေမှာ ဝန်ထမ်းတွေ အလုပ်ထွက်ကုန်ကြပြီး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်သားရှားပါးမှု ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated