အေစီမီလန် နည်းပြသစ် စောင့်ကြည့်စာရင်းမှာ ရူဘင်အာမိုရင် ပါဝင်နေ
sports||1 MIN READ

အေစီမီလန် နည်းပြသစ် စောင့်ကြည့်စာရင်းမှာ ရူဘင်အာမိုရင် ပါဝင်နေ

DVB
SourceDVB
Back to News

AI Summary

အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့သည့်အတွက် နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အသင်း၏ နည်းပြသစ်နေရာအတွက် မန်ယူနည်းပြဟောင်း ရူဘင်အာမိုရင် အပါအဝင် အိုလီဗာ ဂလက်စ်နာနှင့် မက်သီယပ်စ် ဂျိုက်စ်လီတို့အား စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားသည်။ အေစီမီလန်ဘက်က ရူဘင်အာမိုရင်ကို သင့်တော်သည့် နည်းပြတစ်ဦးအဖြစ် သတ်မှတ်ထားသည်။ ရူဘင်အာမိုရင်သည် မန်ယူအသင်းတွင် ၁၄ လကြာ တာဝန်ယူခဲ့ပြီးနောက် ဇန်နဝါရီလတွင် ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။ အကယ်၍ အာမိုရင်သာ အေစီမီလန်နည်းပြ ဖြစ်လာပါက ရာသီအကြိုခြေစမ်းပွဲတွင် မန်ယူအသင်းနှင့် ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေသည်။

Photo:Reuters

အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရလို့ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီကို ထုတ်ပယ်ထားပြီး အခုတော့ မန်ယူနည်းပြဟောင်း ရူဘင်အာမိုရင်ဟာ အေစီမီလန်ရဲ့ နည်းပြသစ် စောင့်ကြည့်စာရင်းမှာ ပါဝင်လာပါတယ်။

အာမိုရင်အပြင် အိုလီဗာ ဂလက်စ်နာနဲ့ မက်သီယပ်စ် ဂျိုက်စ်လီတို့လည်း စာရင်းထဲမှာ ရှိနေပါတယ်။ အေစီမီလန်ဘက်ကတော့ အာမိုရင်ဟာ သင့်တော်တဲ့နည်းပြအဖြစ် သတ်မှတ်ထားပါတယ်။

အာမိုရင်ဟာ မန်ယူမှာ ၁၄ လကြာ ကိုင်တွယ်ခဲ့ပြီး ဇန်နဝါရီလက ထုတ်ပယ်ခံခဲ့ရတာပါ။ သူဟာ မန်ယူနဲ့အတူ ပထမရာသီမှာ အဆင့် ၁၅ ရခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရှုံးခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ အာမိုရင်သာ အေစီမီလန်နည်းပြ ဖြစ်လာရင် ရာသီအကြိုမှာ မန်ယူနဲ့ ရင်ဆိုင်ရမှာပါ။

ဆက်စပ်သတင်းများ

AI Curated
အေစီမီလန် နည်းပြသစ် စောင့်ကြည့်စာရင်းမှာ ရူဘင်အာမိုရင် ပါဝင်နေ | YGN Daily