အင်းလေးတွင် IPDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၊ ဆက်နွှယ်သူများ အရေးပေါ်တိမ်းရှောင်ရန် IPDF သတိပေး - BUR.MIZZIMA.COM
politics||2 MIN READ

အင်းလေးတွင် IPDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၊ ဆက်နွှယ်သူများ အရေးပေါ်တိမ်းရှောင်ရန် IPDF သတိပေး - BUR.MIZZIMA.COM

AI Summary

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) မှ ရဲဘော်နှစ်ဦးဖြစ်သည့် ကျော်ဖြိုးလင်းနှင့် ကောင်းစည်သူတို့အား စစ်အုပ်စုတပ်များက ရွာမကျေးရွာ၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့အား ရွာမကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း၏ သားဖြစ်သူက သတင်းပေးတိုင်တန်းမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း IPDF က ထုတ်ပြန်သည်။ လက်ရှိတွင် စစ်အုပ်စုသည် ဖမ်းဆီးခံရသူများနှင့် ဆက်စပ်သူများကို ကွင်းဆက်လိုက်လံဖမ်းဆီးရန် အပြင်းအထန် ကြိုးပမ်းနေသည်။ ထို့ပြင် လက်နက်ချပွဲ ပြုလုပ်နိုင်ပါက ကျပ်သိန်း ၁,၀၀၀ ပေးမည်ဟု မက်လုံးပေးကာ ဆေးစွဲလူငယ်များအပါအဝင် ကွန်ရက်များဖြင့် လိုက်လံရှာဖွေဖမ်းဆီးခိုင်းနေကြောင်း သိရသည်။ ထို့ကြောင့် IPDF က စစ်အုပ်စုလက်လှမ်းမမီရာ ဘေးလွတ်ရာသို့ အရေးပေါ် ချက်ချင်း ရှောင်တိမ်းကြရန်နှင့် သတင်းပေးများနှင့် ဒလန်များ၏ လုပ်ရပ်များကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) အဖွဲ့ဝင်များ

ဇွန် ၈

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) မှ ရဲဘော်နှစ်ဦး စစ်အုပ်စုတပ်၏ ဖမ်းဆီးခံထားရ၍ ဆက်နွှယ်သူများ ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်ကြရန် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က ယနေ့ (မေလ ၈ ရက်) တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်သည်။

IPDF တပ်ရင်းမှ ရဲဘော်နှစ်ဦးဖြစ်သည့် ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို ရွာမကျေးရွာ၌ စစ်အုပ်စုတပ်များက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ရွာမကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ၏ သားဖြစ်သူက သတင်းပေးတိုင်တန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု IPDF က ဆိုသည်။

လက်ရှိတွင် အဆိုပါ ရဲဘော်နှစ်ဦးနှင့် ဆက်စပ်သူများကို ကွင်းဆက်လိုက်လံဖမ်းဆီးရန် စစ်အုပ်စုက အပြင်းအထန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ လက်နက်ချပွဲ ပြုလုပ်နိုင်ပါက ကျပ် သိန်း ၁,၀၀၀ ပေးမည်ဟု မက်လုံးပေးကာ ဆေးစွဲလူငယ်များအပါအဝင် ကွန်ရက်များဖြင့် လိုက်လံရှာဖွေဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် စစ်အုပ်စု လက်လှမ်းမမှီရာ ဘေးလွတ်ရာသို့ အရေးပေါ် ချက်ချင်း ရှောင်တိမ်းကြရန်နှင့် သတင်းပေးများနှင့် ဒလန်များ၏ လုပ်ရပ်များကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမည်ဖြစ်ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) က သတိပေးထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated