ဒေါ်အောင်ဆန်းစုကြည်၏  ၈၁ နှစ်ပြည့်​မွေး​နေ့ နယူးယောက်တွင်ကျင်းပ
politics||2 MIN READ

ဒေါ်အောင်ဆန်းစုကြည်၏  ၈၁ နှစ်ပြည့်​မွေး​နေ့ နယူးယောက်တွင်ကျင်းပ

DVB
SourceDVB
Back to News

AI Summary

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နှင်းဆီလှုပ်ရှားမှု အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ နယူးယောက်မြို့ခံနှင့် ပြည်နယ်အသီးသီးမှ မြန်မာနွယ်ဖွားများ စုပေါင်းတက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဂုဏ်ပြုဆုတောင်းစကား ပြောကြားခဲ့သည်။ ဘာသာရေးခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ကြသည်။ ထို့ပြင် အဆိုတော်များက အမေမေတ္တာဖွဲ့သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် လေးစားမှုနှင့် နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုမှုကို ဖော်ပြသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Photo: KyawSoe Latt ၊ Sethu Win

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဒေသစံတော်ချိန် ဇွန် ၂၀ ရက်က  ကျင်းပပါတယ်။

ဒီအခမ်းအနားကို နယူးယောက်မြို့ခံ မြန်မာနွယ်ဖွားတွေသာမက ပြည်နယ်အသီးသီးကို ရောက်နေတဲ့ မြန်မာတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းက ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေးအတွက် ပါဝင်ဆုတောင်းပေးခဲ့ကြပါတယ်။

အခမ်းအနားမှာ  Burma Rhythm-NYC တေးဂီတအဖွဲ့နဲ့ တွဲဖက်ပြီး အဆိုတော် ဝင်းနိုင်စိုးနဲ့ နယူးယောက်မြို့ခံအဆိုတော်တွေက အမေမေတ္တာဖွဲ့သီချင်းတွေနဲ့ ပံ့ပိုးပေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated