ယောဒေသတွင်တိုက်ပွဲပေါင်း             ၁၀၀ ထက်မနည်းဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်မှ ၁၀၀ ကျော် သေဆုံးကာ             ၈၀ကျော်ဒဏ်ရာရှိသွားကြောင်း         ယောတပ်တော်ထုတ်ပြန်
general||2 MIN READ

ယောဒေသတွင်တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်မှ ၁၀၀ ကျော် သေဆုံးကာ ၈၀ကျော်ဒဏ်ရာရှိသွားကြောင်း ယောတပ်တော်ထုတ်ပြန်

Narinjara
SourceNarinjara

AI Summary

၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့မှစ၍ ယောဒေသသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။ ယောတပ်တော် (YAW ARMY) ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဘက်မှ ၁၀၀ ကျော် သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။ မဟာမိတ်တပ်ပေါင်းစုဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ပေးလှူခဲ့ရသူများ ရှိခဲ့သည်။ စစ်ကောင်စီတပ်များသည် မေလ ၁၁ ရက်နှင့် ၂၂ ရက်တို့တွင် အင်အား ၄၀၀ မှ ၉၀၀ ခန့်အထိ စစ်ကြောင်းကြီးများဖြင့် ယောဒေသ ပုံတောင်နတ်ထိပ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ယောတပ်တော်က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟုဆိုပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

နိရဉ္စရာ၊ မေ ၃၁/၂၀၂၆

၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့မှ စတင်ပြီး ယောဒေသသို့ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်မှ ၈၀ ကျော် သေဆုံးကာ ၁၀၀ကျော်ဒဏ်ရာရှိသွားကြောင်း ယောတပ်တော် (YAW ARMY)  က ယနေ့ မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

၎င်းပြင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် မြင့်မြတ်စွာဖြင့် အသက်စွန့်လွှတ်သွားကြသော အာဇာနည်သူရဲကောင်းများလည်း ရှိခဲ့သည်ဟုဆိုသည်။

မေလ ၁၁ ရက်နေ့ပေါက် ကပစ-၂၄ မှ ထွက်လာသော အင်အား (၄၀၀) ဝန်းကျင် ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့်မေလ၂၂  ရက်နေ့တွင် ကပစ -၂၄ မှ ထွက်လာသော အင်အား(၉၀၀) ဝန်းကျင်နှင့် စစ်ယာဉ်တန်းများ အပါအဝင် စုပေါင်းအင်အား ထောင်ချီဖြင့် ယောဒေသ ပုံတောင်နတ်ထိပ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

မေလ၁၃ ရက်ရက်နေ့ တွင် မဟာမိတ်တပ်ပေါင်းစုများနှင့် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဖော်ပြသည်။

မေလ၁၃ ရက်နေ့က စပြီး တိုက်ပွဲပေါင်း အကြိမ် (၁၀၀) ထက်မနည်း ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆက်လက်၍ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယောတပ်တော်(YA)သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ယောဒေသနှင့် မြန်မာတစ်နိုင်ငံလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံဖြင့် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်သည့်အတွက် တော်လှန်ပြည်သူလူထုများအနေဖြင့် ကြိုတင်ပြင်ဆင် ထားကြရန်၊ မိမိတို့ ဘေးကင်းလုံခြုံရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြရန်ထုတ်ပြန်ချက်တွင် တိုက်တွန်း နှိုးဆော် အပ်ထားသည်။

ဆက်စပ်သတင်းများ

AI Curated
ယောဒေသတွင်တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်မှ ၁၀၀ ကျော် သေဆုံးကာ ၈၀ကျော်ဒဏ်ရာရှိသွားကြောင်း ယောတပ်တော်ထုတ်ပြန် | YGN Daily