မင်းဘူး-အမ်းလမ်းပိုင်းတွင် စစ်အုပ်စု၏ထောက်ပို့ကားတစ်စီးကို တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်
politics||2 MIN READ

မင်းဘူး-အမ်းလမ်းပိုင်းတွင် စစ်အုပ်စု၏ထောက်ပို့ကားတစ်စီးကို တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

Narinjara
SourceNarinjara
Back to News

AI Summary

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်တွင် တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ၏ ထောက်ပို့ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး သုံးဦးကို အရှင်ဖမ်းမိခဲ့သည်။ တိုက်ပွဲမှာ မိနစ် ၂၀ ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးတပ်များက လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် အူဇီ၊ MA-1၊ MA-2 သေနတ်များ၊ ၅.၅၆ ကျည်များနှင့် ၁၂၂ မမ MLRS ရော့ကတ်များ ပါဝင်သည်။ ဤဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထင်ရှားသော ပြောကြားချက်များ

"“မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ထိတွေ့ပစ်ခတ်မှု မိနစ် (၂၀) ကြာ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အူဇီ (၃) လက်၊ MA-1 (၂) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် (၁) လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ (၆) လုံးနှင့် ၁၂၂ မမ MLRS ရော့ကတ် (၂၈) လုံး သိမ်းဆည်းရရှိခဲ့သည်”"

(စစ်သား ခြောက်ဦးသေဆုံး၊ သုံးဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ) မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၉/၂ဝ၂၆ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်တွင် အကြမ်းဖက်စစ်အုပ်စု၏ထောက်ပို့ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားခြောက်ဦးသေဆုံးပြီး သုံးဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညနေတွင် သတင်းထုတ်ပြန်သည်။

Narinjara News Image

“မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ထိတွေ့ပစ်ခတ်မှု မိနစ် (၂၀) ကြာ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အူဇီ (၃) လက်၊ MA-1 (၂) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် (၁) လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ (၆) လုံးနှင့် ၁၂၂ မမ MLRS ရော့ကတ် (၂၈) လုံး သိမ်းဆည်းရရှိခဲ့သည်”ဟုလည်း ဖော်ပြထားသည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
မင်းဘူး-အမ်းလမ်းပိုင်းတွင် စစ်အုပ်စု၏ထောက်ပို့ကားတစ်စီးကို တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက် | YGN Daily