လှည်းကူး၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး
society||2 MIN READ

လှည်းကူး၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး

DVB
SourceDVB
Back to News

AI Summary

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အုန်းနဲကုန်းကျေးရွာတွင် ဇွန် ၁၁ ရက်နေ့က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ လေပြင်းတိုက်ခတ်မှုမှာ လေဆင်နှာမောင်းသဘောမျိုးဖြစ်ကာ ပျက်စီးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ ဒဏ်ရာရရှိသူမှာ သွပ်ပြားရှမိခြင်းကြောင့် ဒဏ်ရာရသော်လည်း စိုးရိမ်ရသည့်အခြေအနေမဟုတ်ပေ။ လှည်းကူးမြို့နယ် မီးသတ်စခန်းမှ သန္ဓမီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ဇွန် ၁၁ ရက်ညနေတွင် လှည်းကူးမြို့နယ် ဒရယ်ဘိုကျေးရွာ ရန်ကုန်-ပဲခူးလမ်းမပေါ်၌ လေပြင်းကြောင့် သစ်ပင်လဲကျမှုလည်း ဖြစ်ပွားခဲ့သေးသည်။

Photo: MFSD

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းကျေးရွာမှာ ဇွန် ၁၁ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီကျော်လောက်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူတယောက်က “ရုတ်တရက်လေပြင်းတိုက်သွားတာ။ လေဆင်နှာမောင်းတိုက်သလိုမျိုး တိုက်သွားတာ။ ဒါ့ကြောင့် ပျက်စီးမှုများတာ။ ပျက်စီသွားတဲ့ အိမ်တွေက အစုံပါပဲ။ အမျိုးသမီးတယောက်က သွပ်ပြားရှသွားတဲ့ ဒဏ်ရာပါ၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို လှည်းကူးမြို့နယ် မီးသတ်စခန်းက သန္ဓမီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန် ၁၁ ရက် ညနေကလည်း လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
လှည်းကူး၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး | YGN Daily