တပ်တွင်းကြိုတင်သတင်းပေးမှုအရဆိပ်ဖြူတွင်စစ်ကြောင်းတစ်ခုကို စောင့်ဆိုင်းတိုက်ခိုက်ရာဗိုလ်ကြီးဖြိုးသူအောင်အပါအဝင်စစ်သား၁၀ဦး‌သေဆုံး
politics||3 MIN READ

တပ်တွင်းကြိုတင်သတင်းပေးမှုအရဆိပ်ဖြူတွင်စစ်ကြောင်းတစ်ခုကို စောင့်ဆိုင်းတိုက်ခိုက်ရာဗိုလ်ကြီးဖြိုးသူအောင်အပါအဝင်စစ်သား၁၀ဦး‌သေဆုံး

Narinjara
SourceNarinjara
Back to News

AI Summary

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် Operation Su စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်ပေါင်းစုက စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တပ်တွင်းသတင်းပေးသူများ၏ ကြိုတင်သတင်းပေးပို့မှုကြောင့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးဖြိုးသူအောင်အပါအဝင် စစ်သား ၁၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးကာ လက်နက်မျိုးစုံနှင့် ခဲယမ်းများ ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် ဆိပ်ဖြူမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး ပြည်သူများအနေဖြင့် သွားလာရာတွင် သတိပြုကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ တော်လှန်ရေးတပ်ဖွဲ့များက သတင်းပေးပို့သူများကို ဆုချီးမြှင့်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

နိရဉ္စရာ၊ဇွန်၁၈/၂၀၂၆

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အတွင်း တပ်တွင်းဖရဲသီး၏သတင်းပေးမှုဖြင့်တော်လှန်ရေးတပ်ဖွဲ့များက အာဏာသိမ်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာ  ဗိုလ်ကြီးဖြိုးသူအောင်နှင့် အခြားစစ်ဗိုလ်၁ဦးအပါအဝင် စစ်သား၁၀ဦးသေဆုံးပြီးလက်နက်၈လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိကြောင်းဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP မှ သတင်းထုတ်ပြန်သည်။

ဇွန်လ၁၆ရက်နေ့တွင်ဆိပ်ဖြူမြို့နယ်တွင်တော်လှန်ရေးတပ်ပေါင်းစုကဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် "Operation Su " ဖြင့်တပ်တွင်းဖရဲသီး၏ကြိုတင်သ‌တင်းပေးမှုဖြင့်လေကြောင်းရန်ကာကွယ်ရေးတပ်၃၀၃၆မှယာဉ်တန်းကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းယာဉ်တန်းတွင် ဗိုလ်ကြီးဖြိုးသူအောင်ဦးဆောင်သောစစ်အင်အား၁၅ဦး ပါဝင်ပြီးအဆိုပါတိုက်ခိုက်မှုအတွင်းဗိုလ်ကြီးဖြိုးသူအောင်၊စစ်ဗိုလ၁ဦးအပါအဝင်စစ်သား၁၀ဦးကိုရှင်းလင်းနိုင်ခဲ့ပြီးလက်နက်ခဲယမ်းများရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Narinjara News Image

သိမ်းဆည်းရရှိသော လက်နက်များမှာ  MA-1 သေနတ်၅လက်၊MA-2 သေနတ်၁လက်၊MA-3 သေနတ်၁လက်၊MA-5 သေနတ်၁လက်၊လက်ပစ်ဗုံး၁လုံး၊၅.၅၆ကျည်၂၄၀တောင့်၊9mm ကျည်၂၀တောင့်၊MAကော်ဘောက်၂ခု၊MAသံဘောက်၁၄ခု၊MA-5ဘောက်၂ခု၊ငွေသားအချို့နှင့် ဆက်ဆက်ပစ္စည်းများကိုသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရှိရသည်။

လတ်တလောဆိပ်ဖြူမြို့နယ်အတွင်းစစ်ရေးတင်းမာမှုများရှိနေပြီးပြည်သူများအနေဖြင့်သွားလာမည်ဆိုပါကမော်တော်ယာဉ်များကိုမှန်ချမောင်းနှင်ကြရန်၊တော်လှန်ရေးတပ်များ၏စစ်ဆေးမှုများကြုံတွေ့ရပါကလည်းအစစ်ဆေးခံ၍ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

ဆိပ်ဖြူမြို့နယ်အတွင်းစစ်ဆင်ရေးကိုဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့NSP ၊ပခုက္ကူခရိုင်၊အမှတ်၄တပ်ရင်းတပ်ခွဲ၃၊ပခုက္ကူခရိုင်အမှတ်၆တပ်ရင်း၊ပခုက္ကူခရိုင်အမှတ်၇တပ်ရင်း၊ပခုက္ကူခရိုင်အမှတ်၁၇တပ်ရင်း၊မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Narinjara News Image

အဆိုပါမစ်ရှင်အတွင်းစစ်တပ်ထံမှအကြောင်းအမျိုးမျိုးကြောင့်အလင်းဝင်နိုင်ခြင်းမရှိသော်လည်းတော်လှန်ရေးတပ်များထံသို့သတင်းကြိုတင်ပေးပို့သောတပ်တွင်းဖရဲသီးများကိုလည်းထိုက်ထိုက်တန်တန်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းတော်လှန်ရေးတပ်များကတရားဝင်သတင်းထုတ်ပြန်ထားသည်။

====

ဆက်စပ်သတင်းများ

AI Curated