စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တရုတ်နိုင်ငံ သွားရောက်

စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တရုတ်နိုင်ငံ သွားရောက်

DVB
SourceDVB

AI Summary

မြန်မာစစ်အာဏာရှင်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေသည် ဇွန်လ ၄ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ၎င်းခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရဖြစ်ပြီး ဦးတင်မောင်ဆွေ ရာထူးရပြီးနောက် ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဤခရီးစဉ်သည် နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန် နှစ်ဦးနှစ်ဖက်လုံး၏ နိုင်ငံရေးအရ သန္နိဋ္ဌာန်နှင့် စိတ်ဝင်စားမှုကို ပြသကြောင်း ပြောကြားခဲ့သည်။ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရာတွင် ကောင်းမွန်သော ရလဒ်များ ရရှိစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အစပြုချက်ကြီး ၄ ချက်ပေါ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ဆွေးနွေးရန် မျှော်လင့်ထားသည်။ ယခုခရီးစဉ်သည် ဧပြီလကုန်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက်ပိုင်း အချိန်တိုအတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အပြန်အလှန် လည်ပတ်ခြင်းဖြစ်သည်။ နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး ၇၆ နှစ်တာကာလအတွင်း “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ထိန်းသိမ်းကာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့ကြပြီး ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ဟု တရုတ်ဘက်က ဆိုသည်။ သို့သော်လည်း ယခုခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

Photo: MOFA -Myanmar

စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ ဒီကနေ့ ဇွန် ၄ ရက်ကနေ ၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၃ ရက်မှာ ကြေညာပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မှာလို့ ဆိုပါတယ်။

ဒီခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ရာထူးတာဝန်ယူပြီးနောက် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး အချိန်တိုအတွင်း ၂ နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ အပြန်အလှန် အလည်အပတ် သွားရောက်မှုကို ပြသရာရောက်သလို ၂ နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ နှစ်ဦးနှစ်ဖက်လုံးရဲ့ နိုင်ငံရေးအရ သန္နိဋ္ဌာန်နဲ့ အထူးစိတ်ဝင်စားမှုကို ထင်ရှားစွာ သက်သေပြနေတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရာမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ပိုမိုထွက်ပေါ်လာစေရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ အစပြုချက်ကြီး ၄  ချက် ပေါ်မှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေဖို့  မြန်မာနိုင်ငံနဲ့  ဆွေးနွေးသွားဖို့  မျှော်လင့်တယ်လို့လည်း မော်နင်းက ပြောပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့တွေ့ဆုံရာမှာ ဆွေးနွေးမဲ့ အကြောင်းအရာတွေကိုတော့  အသေးစိတ်ပြောဆိုသွားတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီလကုန်ပိုင်းမှာ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့သလို စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ပါတွေ့ဆုံခဲ့ပါတယ်။

အဆိုပါ ဝမ်ယိရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း နှစ်ဖက်စလုံးက ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန်ဖို့နဲ့ ကဏ္ဍစုံမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ရွက်ဖို့ ကောင်းမွန်တဲ့ ဘုံသဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ဆိုပါတယ်။

တရုတ်နဲ့ မြန်မာတို့ဟာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၆ နှစ်တာကာလအတွင်း ၂ နိုင်ငံဟာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြပြီး၊  နှစ်ဖက်စလုံးက အဆိုပြုခဲ့ကြတဲ့ ငြိမ်းချမ်းစွ ာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅  ချက်ကို ဆက်လက်ထိန်းသိမ်းကာ၊ အေးအတူပူအမျှ အပြန်အလှန်လက်တွဲ ရပ်တည်ခဲ့ကြတဲ့အပြင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကိုလည်း မြှင့်တင်ခဲ့ကြလို့ ပြည်သူအတွက် လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်လို့လည်း မော်နင်းက ပြောပါတယ်။

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် အပြီးမှာပဲ အခုလို  စစ်အာဏာရှင် ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ တရုတ်ခရီးစဉ် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တရုတ်နိုင်ငံ သွားရောက် | YGN Daily