ဂေါ်ဒွန်အတွက် ဘာစီလိုနာ၏ ပေါင် သန်း၇၀ ဖြင့် ကမ်းလှမ်းမှုကို နယူးကာဆယ် လက်ခံ

ဂေါ်ဒွန်အတွက် ဘာစီလိုနာ၏ ပေါင် သန်း၇၀ ဖြင့် ကမ်းလှမ်းမှုကို နယူးကာဆယ် လက်ခံ

DVB
SourceDVB

AI Summary

နယူးကာဆယ်အသင်းသည် တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်အတွက် ဘာစီလိုနာအသင်း၏ ပေါင် သန်း ၇၀ တန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်သည်။ ကစားသမားဖြစ်သူ ဂေါ်ဒွန်သည် ကတ်တလန်မြေတွင် ဆေးစစ်မှုခံယူရန် ပြင်ဆင်နေကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်နှင့် လီဗာပူးတို့လည်း စိတ်ဝင်စားခဲ့ကြသော်လည်း ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက အေးဂျင့်နှင့် အလျှင်အမြန် တွေ့ဆုံဆွေးနွေးကာ အပြောင်းအရွှေ့ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီက နယူးကာဆယ်အတွက် ၁၈ ဂိုးသွင်းယူပေးခဲ့သည့် ဂေါ်ဒွန်သည် အပြောင်းအရွှေ့သတင်းများကြောင့် ရာသီပိတ်ခါနီး ပွဲစဉ်အချို့တွင် ချန်လှပ်ခံခဲ့ရသည်။ နယူးကာဆယ်ဘက်ကလည်း ဂေါ်ဒွန်နေရာတွင် အစားထိုးရန် လိုင်လီတိုက်စစ်မှူး ဖာနန်ဒက်ဇ်-ပါဒိုကို မျက်စိကျနေပြီး ဂေါ်ဒွန်၏ အသင်းဟောင်း အဲဗာတန်ကလည်း အပြောင်းအရွှေ့အမြတ်ငွေ၏ ၁၅ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။

Photo: Reuters

နယူးကာဆယ်အသင်းဟာ တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်အတွက် ဘာစီလိုနာအသင်းရဲ့ ပေါင် သန်း ၇၀ တန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ကစားသမားဖြစ်သူဟာ ကတ်တလန်မြေမှာ ဆေးစစ်မှုခံယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ကလည်း စိတ်ဝင်စားခဲ့ကြပေမဲ့ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက တနင်္လာနေ့မှာပဲ အေးဂျင့်နဲ့ အလျှင်အမြန် တွေ့ဆုံဆွေးနွေးကာ အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အတွက် ၁၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် ရာသီပိတ်ခါနီး ပွဲစဉ်တချို့မှာ ချန်လှပ်ခံခဲ့ရပါတယ်။

နယူးကာဆယ်ဘက်ကလည်း ဂေါ်ဒွန် နေရာမှာ အစားထိုးဖို့ လိုင်လီတိုက်စစ်မှူး ဖာနန်ဒက်ဇ်-ပါဒိုကို မျက်စိကျနေပြီး ဂေါ်ဒွန်ရဲ့ အသင်းဟောင်းဖြစ်တဲ့ အဲဗာတန်အသင်းကလည်း ဒီအပြောင်းအရွှေ့ အမြတ်ငွေထဲက ၁၅ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ဂေါ်ဒွန်အတွက် ဘာစီလိုနာ၏ ပေါင် သန်း၇၀ ဖြင့် ကမ်းလှမ်းမှုကို နယူးကာဆယ် လက်ခံ | YGN Daily