နျူကလီးယားလက်နက် အားပြိုင်မှုကြားက တရုတ်သမ္မတရဲ့ မြောက်ကိုရီးယားခရီးစဉ်
politics||2 MIN READ

နျူကလီးယားလက်နက် အားပြိုင်မှုကြားက တရုတ်သမ္မတရဲ့ မြောက်ကိုရီးယားခရီးစဉ်

Back to News

AI Summary

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြောက်ကိုရီးယားခရီးစဉ်သည် ၂၀၁၉ ခုနှစ် ခရီးစဉ်နှင့် ရည်ရွယ်ချက်၊ အခြေအနေများ ကွာခြားနေပါသည်။ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာက မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို တားဆီးရန် ကြိုးပမ်းနေချိန်ဖြစ်ပြီး တရုတ်နှင့် ရုရှားတို့ကလည်း ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများကို ထောက်ခံခဲ့ကြသည်။ ယခု ဇွန်လ ၈ ရက်မှ ၉ ရက်နေ့အထိ ခရီးစဉ်တွင်မူ နျူကလီးယားလက်နက်ပိုင်ဆိုင်လာသော မြောက်ကိုရီးယားအပေါ် ရုရှား၏ဩဇာကို ပြန်လည်ထိန်းညှိရန် ရည်ရွယ်သည်ဟု The Economist က သုံးသပ်သည်။ ထို့ပြင် အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့် သံတမန်နည်းလမ်းဖြင့် ချဉ်းကပ်လာပါက မြောက်ကိုရီးယား၏ အဓိကစီးပွားရေးမဟာမိတ်အဖြစ် တရုတ်၏ဩဇာကို ပြန်လည်ခိုင်မာစေရန်လည်း ရှီကျင့်ဖျင်က ရည်ရွယ်ထားသည်။ ယခုအခါ အီရန်ထက် ပိုမိုအဆင့်မြင့်နေပြီဖြစ်သည့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်ကို တားဆီးခြင်းသည် တရုတ်၏ ဦးစားပေးလုပ်ငန်းစဉ်တွင် မရှိတော့ပါ။ ဤခရီးစဉ်သည် ဒေသတွင်း နိုင်ငံရေးအခြေအနေနှင့် အင်အားချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်သည့် အလားအလာရှိသည်။

တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ အခုတစ်ကြိမ် မြောက်ကိုရီးယားခရီးစဉ်ဟာ ၂၀၁၉ ခုနှစ်က သွားခဲ့တဲ့ ခရီးစဉ်နဲ့ ရည်ရွယ်ချက်ရော အခြေအနေပါ ကွာခြားနေပါတယ်။

၂၀၁၉ ခုနှစ်မှာ သမ္မတရှီကျင့်ဖျင် မြောက်ကိုရီးယားကို သွားရောက်ခဲ့စဉ်က နိုင်ငံတကာအနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို တားဆီးဖို့ ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။

အဲဒီတုန်းက မြောက်ကိုရီးယားရဲ့ မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ကိုယ်တိုင် ဒီလိုဖိအားပေး တားဆီမှုတွေမှာ ပါဝင်ခဲ့ပြီး ကုလသမဂ္ဂရဲ့ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ထောက်ခံခဲ့ကြပါတယ်။

အခု ဇွန်လ ၈ ရက်ကနေ ၉ ရက်နေ့အထိ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာတော့ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်လာတဲ့ မြောက်ကိုရီးယားအပေါ် ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုကို ပြန်လည်ထိန်းညှိနိုင်ဖို့ ဖြစ်တယ်လို့ The Economist သတင်းဌာနက သုံးသပ်ထားပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သံတမန်နည်းလမ်းအရ ပြန်လည်ချဉ်းကပ်ဖို့ ကြိုးစားလာခဲ့ရင် မြောက်ကိုရီးယားရဲ့ အဓိက စီးပွားရေးမဟာမိတ်အဖြစ် တရုတ်ရဲ့ ဩဇာအာဏာကို ပြန်လည်ခိုင်မာအောင် လုပ်ဖို့လည်း ရှီကျင့်ဖျင်က ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အီရန်ထက် အများကြီး ပိုမို အဆင့်မြင့်နေပြီဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို တားဆီးဖို့ကတော့ တရုတ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ထဲမှာ မရှိတော့ပါဘူး။

ဆက်စပ်သတင်းများ

AI Curated
နျူကလီးယားလက်နက် အားပြိုင်မှုကြားက တရုတ်သမ္မတရဲ့ မြောက်ကိုရီးယားခရီးစဉ် | YGN Daily