
ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ
AI Summary
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ PNO စစ်ဆေးရေးဂိတ်များတွင် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီများ သယ်ယူပို့ဆောင်မှုကို တင်းကြပ်စွာ စစ်ဆေးကန့်သတ်နေပါသည်။ ဤကန့်သတ်မှုများသည် တော်လှန်ရေးအင်အားစုများထံ ရိက္ခာနှင့် စစ်ရေးအထောက်အပံ့များ မရောက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ဆီဆိုင်-နောင်ထော် လမ်းပိုင်းရှိ ဂိတ်များတွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော ပစ္စည်းများကို သိမ်းယူခြင်းများရှိပြီး၊ ဒေသခံများသည် စားသုံးဆီနှင့် ဒီဇယ်စသည့် ကုန်ပစ္စည်းများကို အများအပြား ဝယ်ယူသယ်ယူရန် ခက်ခဲနေရသည်။ ဆေးဝါးများ သယ်ယူရာတွင်လည်း အကြောင်းပြချက် ခိုင်လုံမှသာ ခွင့်ပြုပြီး အလွန်ခက်ခဲကြောင်း သိရသည်။ လက်ရှိတွင် ဆီဆိုင်-နောင်ထော် လမ်းပိုင်းတစ်လျှောက် PNO စစ်ဆေးရေးဂိတ် ၃ ခုရှိပြီး ကုန်စည်စီးဆင်းမှုအပေါ် ဆက်လက်တင်းကြပ်နေဆဲဖြစ်သည်။
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ် ထားကြောင်း သိရသည်။ ဆီဆိုင် – နောင်ထော်သွားသည့် လမ်းပိုင်းရှိ PNO စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်ပြီး၊ ပစ္စည်းများကို သိမ်းယူမှုရှိနေကြောင်း ဆီဆိုင်မြို့နယ် အသက် ၄၀ ဝန်းကျင်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “နောင်ထော်ကနေ ဆီဆိုင်ကို ဈေးလာသုံးရင် စားသောက်ကုန်တွေကို ဝယ်ပြန်ကြတယ်။စားသုံးဆီ ၃ ဘူးဝယ်လာရင် သူတို့က ၁ ဘူး မဟုတ်ရင် ၂ ဘူးယူတယ်။ပစ္စည်းတွေလည်း အများကြီး ဝယ်ပြန်လို့မရတာ။စက်သုံးဆီ ဒီဇယ်တွေကစ ဝယ်ပြန်လို့မရဘူး။ မထင်ရင်မထင်သလိုသိမ်းတက်သေးတယ်”ဟု ၎င်းအမျိုးသမီးကဆိုသည်။ အယခုကဲ့သို့ စက်သုံးဆီနှင့် ကုန်စည်စီးဆင်းမှုများကို PNO က ကန့်သတ်ရသည့် အကြောင်းအရင်းမှာ တော်လှန်ရေးအင်အားစုများထံ ရိက္ခာနှင့် စစ်ရေးအထောက်အပံ့များ မရောက်ရှိ စေရန် ရည်ရွယ်ချက်ဖြင့် ကန့်သတ်ထားခြင်းဖြစ်နိုင်ကြောင်း ဆီဆိုင်မြို့နယ် အသက် ၄၀ ဝန်းကျင်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။ “ဆီဆိုင်ဘက်မှာ တိုက်ပွဲဖြစ်တုန်းကလည်း ဆေးဝါးတွေ သယ်ရင် အကြောင်းအရင်း ခိုင်လုံမှ သယ်လို့ရတာ ၊ သယ်ဖို့အရမ်းခက်တယ်။ဒီနောင်ထော်ဘက် ပစ္စည်းတွေ ဆေးဝါးတွေ သယ်ပြန်ရင် သူတို့ မယုံတာလည်း ပါတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကို သတ်မှတ်ထားသည့် ပမာဏအတိုင်း တင်ဆောင်သွင်းခွင့်ပြုပြီး သတ်မှတ်ထားသည့် စံနှုန်းကျော်လွန်သည့် ကုန်ပစ္စည်းများကို သိမ်းယူကြောင်း သိရသည်။ ဆီဆိုင်မြို့ မှ နောင်ထော်သွားသည့် လမ်းပိုင်းတလျှောက် စစ်ကော်မရှင် လက်အောင်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ် ၃ ဂိတ်ရှိကြောင်း ဒေသခံများကပြောသည်။ promotion SHAN Membership ฿
19 ฿
169 /mo ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။ လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။ Related News Latest News ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ... ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား... ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ... ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ် သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်... ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...