မဟာချိုင်တွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၀ ကျော် နစ်နာကြေးတောင်းဆို

မဟာချိုင်တွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၀ ကျော် နစ်နာကြေးတောင်းဆို

DVB
SourceDVB

AI Summary

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ အကင်အိုးစက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၄၀ ကျော်ကို စက်ရုံဘက်မှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှ အပြီးတိုင်ထုတ်ပယ်ခဲ့သည်။ အလုပ်ရှင်ဘက်မှ လုပ်ငန်းရပ်နားကြောင်း အကြောင်းပြချက်ဖြင့် အလုပ်သမားများကို အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်။ အလုပ်သမားများ၏ လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရေးအတွက် WAG အပါအဝင် အဖွဲ့အစည်းများက အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ တိုင်ကြားထားသည်။ ထို့အပြင် စက်ရုံဘက်မှ လူမှုဖူလုံရေးကြေးများကို လစာထဲမှဖြတ်တောက်ထားသော်လည်း သက်ဆိုင်ရာရုံးသို့ ပေးသွင်းခြင်းမရှိကြောင်း စွပ်စွဲချက်များလည်း ပေါ်ပေါက်နေသည်။ လက်ရှိတွင် အလုပ်သမားများ၏ နစ်နာကြေးနှင့် လုပ်ခလစာများ ရရှိရေးအတွက် သက်ဆိုင်ရာဌာနများတွင် ထပ်မံတိုင်ကြားထားပြီး အမှုကိစ္စကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် အလုပ်သမားများ (Photo : WAG အလုပ်သမား မဟာမိတ်အဖွဲ့)

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ ဘန်ကကျောက်ကျေးရွာက အကင်အိုးထုတ်တဲ့ စက်ရုံ တရုံမှာ မြန်မာအလုပ်သမား ၄၀ ကျော်ဟာ အကြောင်းမဲ့ အလုပ်ရပ်နားခံရတာကြောင့် WAG အလုပ်သမား မဟာမိတ်အဖွဲ့ဆီကို အကူအညီတောင်းခံခဲ့ပါတယ်။

စက်ရုံဘက်က ကြိုတင်အကြောင်းမကြားဘဲ အလုပ်သမားတွေကို ရက်အကန့်အသတ်မရှိ အလုပ် နားခိုင်းခဲ့တာကြောင့် WAG အဖွဲ့က မေ ၂၂ ရက်မှာ စမွတ်စခွန် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးကို တိုင်ကြားပေးခဲ့ပါတယ်။

သက်ဆိုင်ရာဌာနတွေက စစ်ဆေးပြီးနောက် မေ ၂၇ ရက်မှာ အလုပ်သမားတွေ စက်ရုံကို အလုပ် ပြန်ဝင်ခဲ့ပေမဲ့ စက်ရုံဘက်က အလုပ်သမားအားလုံးကို အလုပ်ကနေ အပြီးတိုင် ဖြုတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် WAG အဖွဲ့၊ Raks Thai Foundation နဲ့ FED Foundation တို့ ပူးပေါင်းပြီး အလုပ်သမားတွေရဲ့ နစ်နာကြေး၊ ကြိုတင်အသိပေးကြေးနဲ့ ကျန်ရှိလုပ်ခလစာတွေ ရရှိဖို့ မေ ၂၉ ရက် မှာ ထပ်မံတိုင်ကြားခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးကြေးကို လစာထဲက ဖြတ်တောက်ထားပေမဲ့ သက်ဆိုင်ရာရုံးကို ပေးသွင်းထားတာ မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကြောင့် လူမှုဖူလုံရေးရုံးကိုလည်း ထပ်မံတိုင်ကြားထားပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း စက်ရုံနဲ့ အလုပ်ရုံတချို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်တာတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ဧပြီလအတွင်းကလည်း ချွန်ဘူရီခရိုင်ရှိ အီလက်ထရောနစ်နဲ့ ကြက်သားစက်ရုံတွေမှာ အလုပ်သမား ရာနဲ့ချီ အလုပ် ထုတ်ခံခဲ့ ရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
မဟာချိုင်တွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၀ ကျော် နစ်နာကြေးတောင်းဆို | YGN Daily