
AI Summary
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နှင်းဆီဝတ်မှုံကဗျာရွတ်ဆိုပွဲနှင့် လမ်းလျှောက်ပွဲကို ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယင်းမာပင်-ဆားလင်းကြီး သပိတ်ဦးဆောင်ကော်မတီနှင့် ဒေသခံများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်လက်အောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ရည်ရွယ်သည်။ ၈၁ နှစ်ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် ကျေးရွာ ၉ ရွာကို ဖြတ်သန်းကာ ၉ မိုင်အကွာအဝေးအထိ နှင်းဆီပန်းများ ကိုင်ဆောင်၍ လမ်းလျှောက်ခဲ့ကြသည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပနေရာအသီးသီး၌ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"အမေစုအတွက် ကဗျာရွတ်ဆိုပါတယ်၊ ပြီးတော့ ကျေးရွာ ၉ ရွာ ၉ မိုင်ကို လမ်းလျှောက်ခဲ့ပါတယ်။ ၈၁ နှစ်ပြည့်မှာ ၈+၁ ဆိုတဲ့ အဓိပ္ပာယ်နဲ့ လမ်းလျှောက်ခဲ့တာပါ၊ ခြေလှမ်းပေါင်း ၂၇,၀၀၀ ပါ။ နှင်းဆီပန်း ၉ ပွင့်ကိုင်ပြီး လမ်းလျှောက်ခဲ့တာပါ"

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှင်းဆီဝတ်မှုံ ကဗျာရွတ်ပွဲနဲ့ လမ်းလျှောက်ပွဲကို ဇွန် ၁၉ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
နှင်းဆီဝတ်မှုံ ကဗျာရွတ်ဆိုပွဲနဲ့ လမ်းလျှောက်ပွဲကို ယင်းမာပင်-ဆားလင်းကြီး သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ခဲ့တာဖြစ်ပြီး ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ယင်းမာပင်-ဆားလင်းကြီး သပိတ်ဦးဆောင်ကော်မတီဝင် ကိုသက်ဦးက “အမေစုအတွက် ကဗျာရွတ်ဆိုပါတယ်၊ ပြီးတော့ ကျေးရွာ ၉ ရွာ ၉ မိုင်ကို လမ်းလျှောက်ခဲ့ပါတယ်။ ၈၁ နှစ်ပြည့်မှာ ၈+၁ ဆိုတဲ့ အဓိပ္ပာယ်နဲ့ လမ်းလျှောက်ခဲ့တာပါ၊ ခြေလှမ်းပေါင်း ၂၇,၀၀၀ ပါ။ နှင်းဆီပန်း ၉ ပွင့်ကိုင်ပြီး လမ်းလျှောက်ခဲ့တာပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင် မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ နေရာစုံမှာ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။