
AI Summary
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲနှင့် Proof of Life လှုပ်ရှားမှုကို ဇွန် ၁၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရန်နှင့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည့်အနေဖြင့် Burmese Canadian Society BC က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုကြောင့် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ဗန်ကူးဗားရောက် မြန်မာပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်အား ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအတွက် ရန်ပုံငွေရှာဖွေသည့်အနေဖြင့် မြန်မာအစားအစာ ရောင်းချသည့်ပွဲကိုလည်း တစ်ပါတည်း ကျင်းပခဲ့သည်။ လက်ရှိတွင် အဆိုပါလှုပ်ရှားမှုများမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ရယူရန် ကြိုးပမ်းလျက်ရှိသည်။

ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အကြိုဆုတောင်းပွဲနဲ့ “Proof of Life” လှုပ်ရှားမှုကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗား၊ ဆာရီအရပ်ရှိ ဟော်လန်ပန်းခြံမှာ ဒေသအချိန် ဇွန် ၁၃ ရက်က ကျင်းပပါတယ်။
ဒီဆုတောင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လည်း စစ်အာဏာရှင်ကို တောင်းဆိုခဲ့ကြပါတယ်။ Burmese Canadian Society BC (BCSBC) ကစီစဉ်ကျင်းပတဲ့ ဒီလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ ဗန်ကူးဗားရောက် မြန်မာပြည်သူတွေပူးပေါင်းပါဝင်ခဲ့ကြပြီး ကဗျာရွတ်ဆိုတာ၊ မိုးပျံပူဖောင်းတွေ လွှတ်တင် ဆုတောင်းတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
Proof of Life လှုပ်ရှားမှုနဲ့ အတူ မြန်မာအစားအစာတွေကို ရောင်းချတဲ့ ရန်ပုံငွေစျေးရောင်းပွဲကို လည်း ကျင်းပသွားပါတယ်။