
AI Summary
ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ သိုင်းငင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ CDF CDM Siyin ထံသို့ ဇွန်လ ၁၇ ရက်နေ့တွင် အလင်းဝင်ရောက်လာခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် စစ်တပ်၏ စစ်ကြောင်းထိုးလှုပ်ရှားမှုများအတွင်း စခန်းမှ ထွက်ပြေးလာခြင်းဖြစ်ပြီး ၎င်းတို့အား CDF CDM Siyin ဘက်မှ နွေးထွေးစွာ ကြိုဆိုကာ ဆုကြေးများ ချီးမြှင့်ခဲ့သည်။ ဤဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့အတွင်း အင်အားလျော့နည်းမှုနှင့် စိတ်ဓာတ်ရေးရာ ထိခိုက်မှုများ ရှိလာနိုင်သည်။ လက်ရှိတွင် အလင်းဝင်ရောက်လာသူ ၄ ဦးစလုံးမှာ လုံခြုံစိတ်ချရသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး အဖွဲ့အစည်းအနေဖြင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ဖိတ်ခေါ်လျက်ရှိသည်။
ထင်ရှားသော ပြောကြားချက်များ
"ကျနော်တို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကလေး-တီးတိန်-ဟားခါး လမ်းခွဲက သိုင်းငင်းရွာမှာ အထိုင်ချနေကြတဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ ထဲက တပ်ကြပ်ကြီး စည်သူဖြိုး၊ ဒုတပ်ကြပ် ရာဇာ၊ တပ်သား အေးနိုင်နဲ့ တပ်သား ဝင်းလှိုင်တို့ ၄ ယောက်က လက်နက်ခဲယမ်းတွေယူပြီး ကျနော်တို့ဆီ အလင်းဝင်လာကြတာပါ"
"သူတို့ ၄ ယောက်လုံးကို ကျနော်တို့ဘက်က နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီးတော့ သူတို့ယူလာကြတဲ့ လက်နက်ခဲယမ်းတွေအတွက်လည်း ထိုက်တန်တဲ့ဆုကြေးတွေ ပေးအပ်ထားပါတယ်"

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ အခြေစိုက်တဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတယောက် အပါအဝင် စစ်အာဏာရှင်တပ်လက်အောက်ခံ ၄ ယောက်ဟာ ဇွန် ၁၇ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြတယ်လို့ CDF CDM Siyin ဆီကနေ သိရပါတယ်။
CDF CDM Siyin ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကလေး-တီးတိန်-ဟားခါး လမ်းခွဲက သိုင်းငင်းရွာမှာ အထိုင်ချနေကြတဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ ထဲက တပ်ကြပ်ကြီး စည်သူဖြိုး၊ ဒုတပ်ကြပ် ရာဇာ၊ တပ်သား အေးနိုင်နဲ့ တပ်သား ဝင်းလှိုင်တို့ ၄ ယောက်က လက်နက်ခဲယမ်းတွေယူပြီး ကျနော်တို့ဆီ အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။
တပ်ကြပ်ကြီး စည်သူဖြိုးဟာ ရန်ကုန်မြို့၊ လှိုင်သာမြို့နယ် ဇာတိဖြစ်ပြီး ၂၀၀၀ ပြည်နှစ်၊ ဩဂုတ်လထဲမှာ စစ်တပ်ထဲ ဝင်ရောက်ခဲ့သူဖြစ်ကာ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဇာတိဖြစ်တဲ့ ဒုတပ်ကြပ်ရာဇာကတော့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ စစ်တပ်ထဲ ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
တပ်သား အေးနိုင်ကတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလထဲမှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဇာတိဖြစ်တဲ့ တပ်သား ဝင်းလှိုင် ဟာလည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလထဲမှာ စစ်တပ်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
CDF CDM Siyin ရဲ့တာဝန်ရှိသူတယောက်က “သူတို့ ၄ ယောက်လုံးက အခုလ ၄ ရက်နေ့မှာ သိုင်းငင်းရွာစစ်တပ်စခန်းကို ရောက်လာကြတာ။ လက်နက်ခဲယမ်းတွေယူပြီး ၁၁ ရက်ကနေ ထွက်ပြေးလာရင်း ကျနော်တို့ဆီ ဆက်သွယ်ပြီးတော့ ၁၇ ရက်နေ့ရောက်မှ အလင်းဝင်လာနိုင်ကြတာ။ သူတို့ ၄ ယောက်လုံးကို ကျနော်တို့ဘက်က နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီးတော့ သူတို့ယူလာကြတဲ့ လက်နက်ခဲယမ်းတွေအတွက်လည်း ထိုက်တန်တဲ့ဆုကြေးတွေ ပေးအပ်ထားပါတယ်” လို့ ပြောပါတယ်။
ထပ်မံအလင်းဝင်ရောက်လာကြသူတွေကိုလည်း နွေးနွေးထွေးထွေးထွေး ကြိုဆိုနေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ စစ်တပ်ဘက်က အင်အား ၇၀၀ နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကလေးမြို့နဲ့ သိုင်းငင်းကျေးရွာတွေဘက်ကနေ စစ်ကြောင်းထိုးလာပြီး မေ ၈ ရက်မှာတော့ တီးတိန်မြို့ပေါ်ကို ဝင်ရောက်တပ်စွဲထားတာလည်း ဖြစ်ပါတယ်။