မြို့နယ် ၆၀ ၌ စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုးရန် လွှတ်တော်တွင် အဆိုတင်

မြို့နယ် ၆၀ ၌ စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုးရန် လွှတ်တော်တွင် အဆိုတင်

DVB
SourceDVB

AI Summary

ဇွန်လ ၄ ရက်နေ့တွင် စစ်အာဏာရှင် ဩဇာခံ ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးက မြို့နယ် ၆၀ တွင် ကြေညာထားသော စစ်အုပ်ချုပ်ရေးကို ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုးရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့က စစ်အာဏာရှင် မင်းအောင်လှိုင်က ၎င်း၏သမ္မတသက်တမ်း ပထမဆုံးအမိန့်အဖြစ် အဆိုပါမြို့နယ်များတွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြို့နယ်များသည် ကချင်၊ ကယား၊ ချင်း၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့မှဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသော သို့မဟုတ် PDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများဖြစ်သည်။ ဒေါ်သီတာဦး၏ ပြောကြားချက်အရ အဆိုပါဒေသများတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှုချေမှုန်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မူလအခြေအနေသို့ ပြန်ရောက်စေရန် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တာဝန်ပေးကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများ ပေးအပ်ထားသည်။ ယခုအခါ ပြည်ထောင်စုလွှတ်တော်က အဆိုပါစစ်အုပ်ချုပ်ရေးအမိန့်ကို ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးရန် အတည်ပြုပေးရမည်ဖြစ်သည်။

Photo: ပြည်ထောင်စုလွှတ်တော်

မြန်မာပြည်တွင်းရှိ မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အပေါ် သက်တမ်းထပ်တိုးဖို့ ဇွန် ၄ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်အာဏာရှင် ဩဇာခံ ဥပဒေရေးရာဝန်ကြီးနဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦးက အဆိုတင်သွင်းပါတယ်။

ဧပြီ ၂၃ ရက်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က သူ့ရဲ့ သမ္မတသက်တမ်း စစချင်း ပထမဆုံးအမိန့်အနေနဲ့ ကချင်၊ ကယား၊ ချင်း၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့က မြို့နယ်ပေါင်း ၆၀ ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။

အဲဒီထဲက မြို့နယ်အများစုဟာ ၁၀၂၇ စစ်ဆင်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မြို့နယ်တွေ ပါသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေလည်း ပါဝင်ပါတယ်။

အဲဒီလိုကြညာထားတဲ့ အမိန့်ကို စစ်အာဏာရှင်သမ္မတက မပယ်ဖျက်သေးတာကြာင့် အမိန့်ကြေညာပြီး ရက်ပေါင်း ၆၀ အတွင်း အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝးမှာ သမ္မတကိုယ်စား အဆိုတင်သွင်းပြီး အတည်ပြုချက်ရယူတာ ဖြစ်တယ်လို့ ဒေါ်သီတာဦးက ပြောပါတယ်။

ဒေါ်သီတာဦးက "အခုအခါမှာ ရွေးကောက်ခံ လွှတ်တော်တွေ၊ ရွေးကောက်ခံ နိုင်ငံတော်အစိုးရနဲ့ ရွေးကောက်ခံ နိုင်ငံတော်သမ္မတတို့ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ သို့သော်လည်း တချို့ဒေသတွေမှာ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ အကြမ်းဖက်မှုတွေကို သုတ်သင်ချေမှုန်းရေးနဲ့ တရားဥပဒစိုးမိုးရေးအတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်ရမဲ့ကိစ္စတွေ ရှိနေပါတယ်" လို့ ဆိုပါတယ်။

အဲဒီဒေသတွေမှာ မူလအခြေအနေ ပြန်ရောက်ပြီး တရားဥပဒေစိုးမိုးရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် တပ်ချုပ်သစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တာဝန်ပေးပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်သီတာဦး တင်ပြသွားတဲ့ တင်ပြချက်အရ အဲဒီ မြို့နယ် ၆၀ မှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်‌။

ဆက်စပ်သတင်းများ

AI Curated
မြို့နယ် ၆၀ ၌ စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုးရန် လွှတ်တော်တွင် အဆိုတင် | YGN Daily