
AI Summary
အာဏာသိမ်းစစ်တပ်၏ မင်းတုန်းစစ်ကြောင်းသည် ရခိုင်ရိုးမပေါ်သို့ အင်အားထောင်နှင့်ချီ အသုံးပြုကာ စစ်ကြောင်းထိုးခဲ့ရာ စစ်ရေးစီမံချက် ပျက်ပြယ်သွားပြီး မြို့နယ်အနောက်ခြမ်းသို့ ဆုတ်ခွာအခြေပြုနေရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ အဆိုပါ စစ်ကြောင်းသည် မအီ-တောင်ကုတ်၊ အမ်းနှင့် မအီ လမ်းကြောင်းများသို့ တက်ရောက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မေလ ၃၀ ရက်မှ ဇွန်လ ၄ ရက်အတွင်း အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များ၏ ရင်ဆိုင်တိုက်ပွဲများကြောင့် စစ်တပ်ဘက်မှ အင်အားရာချီ သေဆုံးပြီး ရာနှင့်ချီ လက်နက်ချခဲ့ရသည်။ အထူးသဖြင့် မင်းတုန်းမြို့နယ်အနောက်ဘက် နတ်ရေကန်ဒေသသည် စစ်ရေးအရ အထင်ရှားဆုံး စစ်မျက်နှာဖြစ်ပြီး စစ်တပ်လောကတွင် "သက်ရှိသင်္ချိုင်း" ဟု တင်စားခေါ်ဝေါ်ကြသည်။ မကွေးတိုင်းအနောက်ခြမ်းမှ ရခိုင်ရိုးမပေါ်တက်လာသော စစ်ကြောင်းတစ်ခုတွင် အင်အား ၄၀၀ ကျော်မှ ၅၀ ကျော်သာ ကျန်ရှိတော့ပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေသည်။ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀၀ ကျော် သေဆုံးကာ ၁၀၀ နီးပါး ထွက်ပြေး၊ အလံဖြူပြ၊ အလင်းဝင်လာခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။
နိရဉ္စရာ၊ ဇွန် ၆ / ၂၀၂၆
ရခိုင်ရိုးမပေါ်သို့ အင်အားထောင်နှင့်ချီ အသုံးပြုကာ စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်၏ မင်းတုန်းစစ်ကြောင်းသည် စစ်ရေးစီမံချက်ပျက်ပြယ်သွားရပြီး မြို့နယ် အ နောက်ခြမ်းတဝိုက်သို့ ဆုတ်ခွာ အခြေပြု ပြီး တ ပ ်ဖြန့် လှုပ်ရှားနေရ သည့် အ ခြေအနေသို့ ရောက်ရှိသွား ပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်၏ ဇွန်လ ၆ ရက်နေ့ စစ်ရေးသတင်း သုံးသပ်ချက်တွင် ဖော်ပြထားသည်။
“ ဆိပ်ဖြူ နဲ့ ပေါက်နယ်မြေ မ ှ အာဏာသိမ်း စစ်ကြောင်း တွေမှာ အထိနာ ပေမဲ့လည်း သူတို့ရဲ့ ချီစစ် ရည်မှန်းချက်ပျက်မသွားနိုင်အောင် ဆက်လက်ရွေ့လျားနိုင်ခဲ့ ပေမဲ့လည်း မင်းတုန်း စစ်မျက်နှာကတော့ စစ်ရေးစီမံချက် ပျ က်ပြယ်သွားရပြီး မြို့နယ ် အနောက်ခြမ်းတဝိုက်သို့သာ ဆုတ်ခွာအခြေပြုတ ပ ်ဖြန့် လှုပ်ရှားနေရတဲ့အခြေအနေသို့ ရောက်ရှိသွားခဲ့ရပါတယ် ” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
အာဏာသိမ်း စစ်တပ်သည် နတ်ရေကန် စစ်မျက်နှာ ၏ တောင်ဘက် မင်းတုန်းနယ်မြေ မှတဆင့် မအီ -တောင်ကုတ်၊ အမ်း နှင့် မအီ လမ်းကြောင်းပေါ်သို့ တက်ရောက်နိုင်ရေး အတွက် အင်အားထောင်ချီ ရှိသော စစ်ကြောင်းတစ်ခုကို ထပ်မံ ပို့ဆောင်လာခဲ့ သည်ဟု ဆိုသည်။
အဆိုပါ အင်အားထောင်ချီပါသော အာဏာသိမ်းစစ်တပ် စစ်ကြောင်းသည် မင်းတုန်းမှ ရခိုင်ရိုးမပေါ်သို့ တိုးဝင်လာခဲ့ရာမှ အာရက္ခတပ်တော် အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်များနှင့် မေလ ၃၀ ရက်နှင့် ဇွန်လ ၄ အကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှ အင်အားရာချီသေဆုံးသွားပြီး ရာနှင့်ချီပြီး လက်နက်ချသွားခဲ့ကြသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။
ဗိုလ်ကြီးဇင်ယော်က “ အကြမ်းဖက်စစ်တပ် ဟာ အဆိုပါ စစ်ဒေသသို့ မည်သည့် ရည်ရွယ်ချက် နဲ့ စေလွှတ်လိုက်တယ်ဆိုတာ မသိရပေမယ့် ၎င်းလမ်းကြောင်းကနေ ရိုးပေါ်သို့ တက်လိုလျှင် အင်အား ၅၀၀၀ အထက် မသုံးလျင် မရတဲ့အနေအထားမျိုး ရှိနေတယ်လို့ တွက်ဆရပါတယ် ” ဟု သုံးသပ်ထားသည်။
၎င်းပြင် သူက “ မ ူလရည် မှန်းချက်က ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထိန်းချုပ်ရုံသာဖြစ်ပြီး ရမလား ဆိုပြီး နည်းနည်းတိုးကြည့် ညီလေးဆိုတဲ့ ကိုတိုးကြီးဆိုတဲ့ ငနာကြီးတွေရဲ့ အီကောပလန် လက်ရာပဲ ဖြစ်ပါလိမ့်မယ် ” ဟု လည်း ပြောဆိုသည်။
အခု တိုက်ပွဲဖြစ်ပွားရာ မင်းတုန်းမြို့နယ် အနောက်ဘက် နတ်ရေကန်ဒေသ ဒေသသည် စစ်ရေးအရ အထင်ရှားဆုံး စစ်မျက်နှာ မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှောင်းပိုင်းက စတင်လို့ စ စ ်မက်ပြင်းထန်ခဲ ့သည်ဟု ဆိုသည်။
နတ်ရေကန် စစ်မျက်နှာတွင် တ ပ်မ (၈၈)၊ တပ်မ ( ၉၉ ) တို့ အထိနာခဲ့ သဖြင့် ယခု လက်ရှိရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) လက်အောက်ခံ စကခ ( ၁၇ ) တပ် များနှင့် ခံစစ်ဆင်နေ သော်လည်း နေ့စဉ်နီးပါး ထိတွေ့တို က ်ပွဲ ဖြစ်ပွားနေပြီး အကျအဆုံး အထိအခိုက်တွေ ရှိနေခဲ့ သည့် နယ်မြေတစ်ခု ဖြစ် သည်ဟု ဆိုသည်။
“ နတ်ရေကန် ဆိုတာ အကြမ်းဖက်စစ်တပ်လောကမှာတော့ သက်ရှိသင်္ချိုင်း ဆိုပြီး တင်စားလေ့ ရှိပါတယ် ” ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
နတ်ရေကန်ကို သက်ရှိသင်္ချိုင်း ဟု ခေါ်ဆိုရခြင်း အပေါ်လည်း သူက ယခုလို ရှင်းပြထားသည်။
“ ဘာကြောင့်လဲဆိုတော့ နတ်ရေကန် ကို ပို့ခံရပြီဆိုတာနဲ့ ရှင်လျက်နဲ့သေနေရသလို ဘဝမျိုး ကို ရောက်သွားတာဖြစ်တဲ့အတွက် ပို့မယ်ဆိုတာနဲ့ ပြေး၊ ရောက်ပြီဆိုတာနဲ့ပြေး ၊ လစ်ပြီဆိုတာနဲ့ပြေး ကြတာကြောင့် ဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။
မကွေးတိုင်း အနောက်ခြမ်းကို အခြေပြုလို့ အကြမ်းဖက်စစ်တ ပ ်ဟာ ရခိုင် နှင့် ချင်းတောင်ပိုင်းကို သာ လွန်အင်အားတွေ အသုံးပြုပြီး စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်နေခဲ့ သည်ဟု ဆိုသည်။
မကွေးတိုင်း အနောက်ခြမ်း သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အနောက် ဘက်မှ ရခိုင်ရိုးပေါ်ကို တက်သွားသော အာဏာသိမ်းစစ်တပ် ၏ အင်အား ၄၀၀ ကျော် တွင် ၅၀ ကျော်သာ ကျန်ရှိပြီး ရှေ့ဆက်မတိုးရဲဘဲဖြစ်နေသည်ဟု ဒို့ပြည်သတင်းဌာ နတွင် ဖော်ပြထားသည်။
၎င်း စစ်တပ်စစ်ကြောင်း သည် မေလ ၃၀ ရက်နေ့ က စတင်တက်သွားတာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ အထိ ၄ ရက်တာ တိုက်ပွဲ အတွင်း ၂၀၀ ကျော် သေဆုံးကာ ထွက်ပြေးသူ၊ အလံဖြူပြသူ နှင့် အလင်းဝင်လာသူ ဟာ ၁၀၀ နီးပါးရှိ သည်ဟု အဆိုပါသတင်းဌာန ၏ သတင်းတွင်ဖော်ပြထားသည်။