လူ့အခွင့်အရေးနဲ့ အနုပညာခြေရာတွေ ထင်ကျန်ခဲ့သူ ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန်
politics||3 MIN READ

လူ့အခွင့်အရေးနဲ့ အနုပညာခြေရာတွေ ထင်ကျန်ခဲ့သူ ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန်

DVB
SourceDVB
Back to News

AI Summary

မြန်မာနိုင်ငံမှ ထင်ရှားသော ဒါရိုက်တာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မင်းထင်ကိုကိုကြီးသည် အသက် ၆၅ နှစ်အရွယ်တွင် ဇွန်လ ၂ ရက်နေ့၌ ကွယ်လွန်သွားခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်တွင် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်ကာ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်သည့် “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်” ကို ကျင်းပခဲ့သူဖြစ်သည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် မှတ်တမ်းရုပ်ရှင်များစွာ ရိုက်ကူးခဲ့ပြီး နိုင်ငံတကာစင်မြင့်များတွင် အောင်မြင်မှုများ ရရှိခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ ရုပ်ရှင်များတွင်လည်း ပါဝင်ခဲ့သည်။ သူသည် ၂၀၁၉ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ စစ်တပ်ကို ဝေဖန်ခဲ့မှုကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅(ခ) ဖြင့် ထပ်မံဖမ်းဆီးခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သူ၏ ကွယ်လွန်မှုသည် မြန်မာ့မှတ်တမ်းရုပ်ရှင်လောကနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး၊ အာဏာရှင်တော်လှန်ရေးတွင်လည်း အဆုံးထိ ယုံကြည်ချက်ကို ကိုင်စွဲခဲ့သူအဖြစ် အနုပညာအသိုက်အဝန်းက မှတ်ချက်ပြုကြသည်။

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ဒါရိုက်တာတယောက်လည်း ဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်လည်းဖြစ်တဲ့ မင်းထင်ကိုကိုကြီး အသက် ၆၅ နှစ်ဟာ ဒီကနေ့ ဇွန် ၂ ရက်မှာ ကွယ်လွန်သွားပြီလို့ အနုပညာအသိုက်အဝန်းကနေ သိရပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ ၂၀၁၂ ခုနှစ်မှာ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်” ကို ကျင်းပခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ  ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက မှတ်တမ်းရုပ်ရှင်တွေ စတင်ရိုက်ကူးခဲ့ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်မှာ “မောင်ရာဇာနေဝင်းကလုံး” ဆိုတဲ့ ဒီဗီဒီကားနဲ့ ဒါရိုက်တာဘဝကို စတင်ခြေချခဲ့ပါတယ်။

အနုပညာအရလည်း မှတ်တမ်းရုပ်ရှင်လက်ရာအများစုဟာ နိုင်ငံတကာစင်မြင့်တွေမှာ နေရာရခဲ့ပြီး  ထိုင်းနိုင်ငံအတွင်း ပြောင်းရွှေ့အခြေချတဲ့ ပဒေါင်လူမျိုးတွေအကြောင်း ရိုက်ကူးထားတဲ့ မနုဿလှောင်ချိုင့် “Human Zoo” နဲ့ အင်းလေးဒေသက ဂေဟစနစ်ပျက်စီးမှုအကြောင်း ရိုက်ကူးထားတဲ့ အင်းသီး “The Floating Tomatoes” မှတ်တမ်းရုပ်ရှင်တို့ဟာ အောင်မြင်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သလို၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးမှာလည်း ပါဝင်ခဲ့တဲ့ ဒါရိုက်တာတယောက် ဖြစ်ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ၂၀၁၉ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်တပ်ကို လူမှုကွန်ရက်ပေါ်ကတဆင့် ဝေဖန်ရေးသားခဲ့လို့ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့ မနက်အစောပိုင်းမှာပဲ အစောဆုံး ဖမ်းဆီးခြင်းခံခဲ့ရပြီး၊ ပုဒ်မ ၅၀၅(ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့မှတ်တမ်းရုပ်ရှင်လောကနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ခြေရာတွေ ချန်ထားရစ်ခဲ့သူ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်မှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို အာဏာရှင်တော်လှန်ရေးမှာလည်း အဆုံးထိ ယုံကြည်ချက်ကို ကိုင်စွဲထားခဲ့သူ ဖြစ်တယ်လို့ နီးစပ်တဲ့ အနုပညာအသိုက်အဝန်း မိတ်ဆွေတွေက မှတ်ချက်ပြုပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

AI Curated
လူ့အခွင့်အရေးနဲ့ အနုပညာခြေရာတွေ ထင်ကျန်ခဲ့သူ ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန် | YGN Daily