မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ
society||3 MIN READ

မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ

Back to News

AI Summary

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ အခြေခံပညာကျောင်းအချို့တွင် ကျောင်းသားများကို အချိန်ပိုသင်ကြားပေးသည်ဟုဆိုကာ ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲနှုန်းဖြင့် ကောက်ခံနေကြောင်း သိရသည်။ ယင်းသို့ ငွေကြေးကောက်ခံခြင်းမှာ ကျောင်းအုပ်များက မိဘများနှင့် အစည်းအဝေးပြုလုပ်၍ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် မိဘများအတွက် စီးပွားရေးအရ အခက်အခဲများ ဖြစ်ပေါ်စေသည်။ အဆိုပါကိစ္စရပ်ကြောင့် ကျောင်းသားမိဘများမှာ စစ်မှုထမ်းကြေးနှင့် ကျောင်းမုန့်ဖိုးများအပြင် ထပ်မံပေးဆောင်ရသည့် အချိန်ပိုကြေးများကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။ အလားတူဖြစ်စဉ်များအား တားဆီးရန်အတွက် မိုးနဲမြို့နယ် ပညာရေးမှူးက အချိန်ပိုသင်ကြားပါက ငွေကြေးမကောက်ခံရန် ဆရာ၊ ဆရာမများကို ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းထားသည်။ လက်ရှိတွင် မိုင်းရှူးမြို့နယ်အတွင်းရှိ ကျောင်းအချို့၌ အချိန်ပိုကြေးကောက်ခံမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။

ယခု  ၂၀၂၆ – ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျောင်းသား/သူ များကို အချိန်ပို ဟုခေါ်ဆိုကာ စာသင်ပေးပြီး တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း ကျောင်းသားမိဘတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“အရင်နှစ်တွေက အချိန်ပိုမရှိဘူး။ ရှိရင်လည်း ပိုက်ဆံမတောင်းပါဘူး။ ကျောင်းအုပ်က မိဘတွေကို အစည်းဝေးခေါ်ပြီး အချိန်ပိုကြေးတောင်းတဲ့ ကိစ္စပြောတယ်။ တစ်ယောက်ကို ၂ သောင်းလို့အရင်ပြောတယ်။ အဲ့ဒါကို ကျောင်းသားမိဘတွေက အဆင်မပြေဘူးပြောရင် ၁ သောင်ခွဲဖြစ်သွားတာ။”ဟု ၎င်းကပြောသည်။

အဆိုပါ ကျောင်းဆရာ/ ဆရာမများသည် ယခုကဲ့သို့ အချိန်ပိုသင်ကြားပေးပြီး ငွေတောင်း နေခြင်းကြောင့် ကျောင်းသားမိဘများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းကထပ်ရှင်းကပြောသည်။

“ကလေးတွေရဲ့ ကျောင်းမုန့်ဖိုးရယ်။ လတိုင်းပေးနေရသည့် စစ်မှုထမ်းကြေးတွေ ပြီးတော့ ကလေးတွေအတွက် အချိန်ပိုကြေး ဒီလိုတောင်းနေတော့ ကျမတို့အတွက် အဆင်မပြေဘူး။ ကလေးနှစ်ယောက်ရှိရင် ၃ သောင်းလောက်က ဖြစ်နေပြီလေ။ရွာမှာဆိုတော့ ကျောင်းသားမိဘတွေ ကလည်း လယ်ယာတွေပဲလုပ်ကြတာလေ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁၀ ရက်) မိုးနဲမြို့နယ် ကျောင်းပညာရေးမှူးက အချိန်ပိုသင်ကြားလျှင် ကလေးမိဘများထံ ငွေကြေးမတောင်းရဟု ဆရာ၊ဆရာများကို ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းကြောင်း မိုးနဲမြို့နယ် ကျောင်းဆရာမတစ်ဦး ဆက်ပြောသည်။

“မနေ့ကပဲ အချိန်ပိုမသင်ရတဲ့  ကျောင်းပညာရေးမှူးတွေပြောလာတာရှိတယ်။ဆရာ၊ဆရာမတွေ လက်မှတ်ထိုးရတာ။ သင်ပေးချင်ရင်လည်း ပိုက်ဆံမတောင်းရတဲ့အကြောင်း ပညာရေးမှူးက ပြောလာတယ်။”ဟု မိုးနဲမြို့နယ်ကျောင်းဆရာမတစ်ဦးက ပြောသည်။

ယခုပညာသင်နှစ် ၂၀၂၆ – ၂၇ ခုနှစ်တွင် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း ၁၃၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ | YGN Daily