ဆော်ဒီလေကြောင်းလိုင်းနှင့် MAI ခရီးစဉ် ချိတ်ဆက်ပျံသန်းမည်
မြန်မာသတင်း||3 MIN READ

ဆော်ဒီလေကြောင်းလိုင်းနှင့် MAI ခရီးစဉ် ချိတ်ဆက်ပျံသန်းမည်

DVB
SourceDVB
Back to News

AI Summary

ဆော်ဒီအမျိုးသားလေကြောင်းလိုင်း Saudia နှင့် မြန်မာနိုင်ငံမှ MAI လေကြောင်းလိုင်းတို့သည် ဂျက်ဒါးမြို့တွင် အထူးနှုန်းထား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသဘောတူညီချက်ကြောင့် ခရီးသွားပြည်သူများသည် လေကြောင်းလိုင်းနှစ်ခု၏ ပျံသန်းမှုကွန်ရက်များသို့ လက်မှတ်တစ်စောင်တည်း၊ ခရီးစဉ်တစ်ခုတည်းဖြင့် အလွယ်တကူ ချိတ်ဆက်စီးနင်းနိုင်မည်ဖြစ်သည်။ ၎င်းသည် ဈေးကွက်နှစ်ခုကြား ခရီးသွားလာလိုသည့် ခရီးသည်များ၏ တိုးတက်လာသော လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် ဆော်ဒီအာရေဗျနှင့် မြန်မာနိုင်ငံကြား ခရီးသွားလာခွင့် လမ်းကြောင်းများကို ပိုမိုကျယ်ပြန့်စေရန် ရည်ရွယ်သည်။ ယခုပူးပေါင်းမှုဖြင့် Saudia လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင်းသို့ ပျံသန်းမှုကွန်ရက်ကို တိုးချဲ့နိုင်ခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း ချိတ်ဆက်မှုကိုလည်း ပိုမိုအားကောင်းလာစေသည်။ ခရီးသည်များသည် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဒူဘိုင်း စသည့် အဓိကဗဟိုလေဆိပ်များမှတစ်ဆင့် ဆော်ဒီနိုင်ငံရှိ ဂျက်ဒါး သို့မဟုတ် မာဒီနာမြို့များနှင့် ရန်ကုန်မြို့ကြားကို ခရီးစဉ်တစ်ခုတည်းဖြင့် ချိတ်ဆက်ပျံသန်းနိုင်တော့မည်ဖြစ်သည်။ လက်ရှိတွင် Saudia သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ပျံသန်းမှုကွန်ရက်ကို လမ်းကြောင်းအသစ်များနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုများမှတစ်ဆင့် ဆက်လက်တိုးချဲ့လျက်ရှိသည်။ ဤကြိုးပမ်းမှုများသည် ကမ္ဘာလှည့်ခရီးသည်များအတွက် ခရီးသွားလာခွင့်လမ်းကြောင်းများကို တိုးမြှင့်ပေးပြီး ကမ္ဘာကြီးကို ဆော်ဒီအာရေဗျနိုင်ငံဆီ ခေါ်ဆောင်လာရန် Saudia ၏ ရည်မှန်းချက်ကို အထောက်အကူပြုသည်။

Photo: airwaysmag

ဆော်ဒီအမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ ဆော်ဒီယာ (Saudia) နဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်တဲ့ အမ်အေအိုင် (Myanmar Airways International - MAI) တို့ဟာ အထူးနှုန်းထား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်တယ်လို့ Airways Magazine သတင်းဝက်ဘ်ဆိုက်မှာ ဇွန် ၂ ရက်က ဖော်ပြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးမြို့မှာ လက်မှတ်ရေးထိုးလိုက်တာဖြစ်ကာ ဒီသဘောတူညီချက်ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ လေကြောင်းလိုင်း နှစ်ခုလုံးရဲ့ ပျံသန်းမှုကွန်ရက်တွေဆီကို လက်မှတ်တစောင်တည်း၊ ခရီးစဉ်တခုတည်းနဲ့ အလွယ်တကူ ဘွတ်ကင်လုပ်ပြီး ချိတ်ဆက်စီးနင်းနိုင်မဲ့ အကျိုးကျေးဇူးကို ရရှိကြမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရန်ကုန်အခြေစိုက် MAI လေကြောင်းလိုင်းဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေကို အဓိကထားပြီး ပုံမှန်ခရီးစဉ်တွေ ပျံသန်းနေပါတယ်။

အခုလို မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်တာကြောင့် ဆော်ဒီယာလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံတွင်းကို ပျံသန်းမှုကွန်ရက် တိုးချဲ့နိုင်ခဲ့သလို အရှေ့တောင်အာရှဒေသတွင်း ချိတ်ဆက်မှုကိုလည်း ပိုမိုအားကောင်းလာစေတယ်လို့ ဆိုပါတယ်။

ဒါဟာ ဈေးကွက်နှစ်ခုကြား ခရီးသွားလာချင်တဲ့ ခရီးသည်တွေရဲ့ တိုးတက်လာတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို ဒီသဘောတူညီချက်ဟာ ဆော်ဒီအာရေဗျနဲ့ မြန်မာနိုင်ငံကြား ခရီးသွားလာခွင့် လမ်းကြောင်းတွေကို ပိုမိုကျယ်ပြန့်လာစေမှာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူနဲ့ ဒူဘိုင်း စတဲ့ ဒေသတွင်း အဓိကဗဟိုလေဆိပ်တွေကို ဖြတ်သန်းကာ ဆော်ဒီနိုင်ငံက ဂျက်ဒါး၊ ဒါမှမဟုတ် မာဒီနာမြို့တွေနဲ့ ရန်ကုန်မြို့ကြားကို ခရီးစဉ်တခုတည်းနဲ့ ချိတ်ဆက်ပျံသန်းနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆော်ဒီယာလေကြောင်းလိုင်းဟာ တိုက်ကြီး ၄ တိုက်က ခရီးစဉ်ဒေသပေါင်း ၁၀၀ ကျော်ကို ပျံသန်းပြေးဆွဲနေတာဖြစ်ပြီး လမ်းကြောင်းအသစ်တွေနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုတွေကတဆင့် သူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာ ပျံသန်းမှုကွန်ရက်ကို ဆက်လက်တိုးချဲ့နေပါတယ်။

အခုလို ကြိုးပမ်းမှုတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ခရီးသွားလာခွင့်လမ်းကြောင်းတွေကို တိုးမြှင့်ပေးရင်း၊ ကမ္ဘာကြီးကို ဆော်ဒီအာရေဗျနိုင်ငံဆီ ခေါ်ဆောင်လာရမယ်ဆိုတဲ့ ဆော်ဒီယာလေကြောင်းလိုင်းရဲ့ ရည်မှန်းချက်ကို အထောက်အကူပြုနေတာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

AI Curated