မြစ်ဆုံစီမံကိန်းကို အပြီးဖျက်သိမ်းရန် ဒေသခံလူငယ်များ ဆန္ဒထုတ်ဖော်တောင်းဆို
general||2 MIN READ

မြစ်ဆုံစီမံကိန်းကို အပြီးဖျက်သိမ်းရန် ဒေသခံလူငယ်များ ဆန္ဒထုတ်ဖော်တောင်းဆို

Narinjara
SourceNarinjara
Back to News

AI Summary

မြစ်ကြီးနားမြို့မှ တက္ကသိုလ်ကျောင်းသားများနှင့် ဒေသခံလူငယ်များသည် မေလ ၂၅ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အာဏာသိမ်းစစ်အစိုးရက စီမံကိန်းကို ပြန်လည်စတင်ရန် ကြိုးပမ်းနေပြီး ကော်မတီများဖွဲ့ကာ ဒေသခံများကို ဝါဒဖြန့်စည်းရုံးနေခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်သည်။ မြစ်ဆုံဒေသသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး စီမံကိန်းကြောင့် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသည်။ လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေပြီး စစ်ပြေးရှောင်ဘဝရောက်နေသူများကို အတင်းအကျပ် ထောက်ခံမှုရယူခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေသည်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးကျိုးများကို ဆက်လက်စောင့်ကြည့်ဖော်ထုတ်သွားမည်ဖြစ်ပြီး၊ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေးအတွက် ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

နိရဉ္စရာ မေ ၂၆ /၂၀၂၆ ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန်အတွက် မြစ်ကြီးနားမြို့ တက္ကသိုလ်ကျောင်းသားများ၊ ဒေသခံလူငယ်များ စုပေါင်းပြီး မေ ၂၅ ရက်က ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)က ယနေ့ထုတ်ပြန်ထားသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက မြစ်ဆုံ ရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းနေသောကြောင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်သည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီများဖွဲ့စည်းပြီး ကချင်ပြည်နယ် မြို့နယ်အသီသီးရှိ ဒေသခံပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးဖြင့် အစည်းအဝေးဖိတ်ခေါ် ဝါဒဖြန့်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း KHRW က ဆိုသည်။ “မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောင် နိုင်ရေး ကော်မတီတွေဖွဲ့စည်းပြီး လှုပ်ရှားနေတာတွေ မြင်နေရပါတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတဲ့ စီမံကိန်းဖြစ်လာနိုင်တာကြောင့် ကျနော်တို့ မြစ်ကြီးနားကိုရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ လူငယ်တွေ ပူပေါင်းပြီး ဒီရေကာတာကိုဆက်မလုပ်ဖို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်”ဟု လူငယ်တစ်ဦးကပြောဆိုကြောင်း KHRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Narinjara News Image

ဆက်စပ်သတင်းများ

AI Curated
မြစ်ဆုံစီမံကိန်းကို အပြီးဖျက်သိမ်းရန် ဒေသခံလူငယ်များ ဆန္ဒထုတ်ဖော်တောင်းဆို | YGN Daily