သမုဒ္ဒရာတွေ ပိုမည်းနက်လာတာကို လူသားတွေစိုးရိမ်သင့်ပြီလား
environment||11 MIN READ

သမုဒ္ဒရာတွေ ပိုမည်းနက်လာတာကို လူသားတွေစိုးရိမ်သင့်ပြီလား

AI Summary

ကမ္ဘာ့သမုဒ္ဒရာများ၏ ငါးပုံတစ်ပုံကျော် (၂၁ ရာခိုင်နှုန်း) သည် ၂၀၀၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ပိုမိုမည်းနက်လာကြောင်း ဗြိတိန် ပလင်းမတ်သ် တက္ကသိုလ်၏ သုတေသနက ဖော်ပြသည်။ ဤဖြစ်စဉ်သည် သမုဒ္ဒရာ၏ အပေါ်ယံအလွှာဖြစ်သော "အလင်းထိုးဖောက်ဝင်ရောက်နိုင်သည့် လင်းရောင်ခြည်ဇုန်" ထဲသို့ အလင်းရောင်ဝင်ရောက်မှု ခက်ခဲလာခြင်းကြောင့်ဖြစ်ပြီး ရေညှိများ တိုးပွားလာခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်အပူချိန် ပြောင်းလဲမှုတို့က အဓိကအကြောင်းရင်းများ ဖြစ်သည်။ အဏ္ဏဝါသက်ရှိအားလုံး၏ ၉၀ ရာခိုင်နှုန်း ကျင်လည်ကျက်စားရာ ဤဇုန် မည်းနက်လာခြင်းကြောင့် အဏ္ဏဝါမျိုးစိတ်များနှင့် ဂေဟစနစ်ဝန်ဆောင်မှုများအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်။ အထူးသဖြင့် နေရောင်ခြည်ကိုမှီခို၍ အစာချက်လုပ်သော ရေမျောများ ထိခိုက်ပြီး အစာကွင်းဆက်နှင့် ကမ္ဘာ့လေထု၏ အောက်စီဂျင်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ ထို့ပြင် လူတို့၏ အသက်ရှူလေ၊ စားသုံးငါးနှင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်နိုင်စွမ်းအပေါ်ပါ ထိခိုက်နိုင်သဖြင့် သိပ္ပံပညာရှင်များက စိုးရိမ်လျက်ရှိသည်။ သို့သော် သမုဒ္ဒရာ၏ ၁၀ ရာခိုင်နှုန်းခန့်မှာမူ အရောင်ဖျော့သွားသည်ကိုလည်း တွေ့ရပြီး ၎င်းသည် သမုဒ္ဒရာစနစ်၏ ရှုပ်ထွေးမှုကို ပြသနေသည်။ လက်ရှိတွင် ဤပြောင်းလဲမှုများ၏ တိကျသောအကျိုးဆက်များကို ဆက်လက်လေ့လာဆန်းစစ်နေဆဲဖြစ်သည်။

ပင်လယ်လှိုင်းက နက်ပြာနေပြီး အဖျားပိုင်းမှာတော့ အရောင်က ဖျော့နေပါတယ်။ ကောင်းကင်က တိမ်အဖြူတွေနဲ့ ထူနေပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ ငါးပုံတစ်ပုံကျော်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ပိုပြီးမည်းနက်လာတယ်လို့ ဗြိတိန်မှာရှိတဲ့ ပလင်းမတ်သ် တက္ကသိုလ်ရဲ့ သုတေသနက ဖော်ပြပါတယ်။

"သမုဒ္ဒရာမည်းနက်လာခြင်း"လို့ သိကြတဲ့ လုပ်ငန်းစဥ်ဟာ သမုဒ္ဒရာရဲ့ အပေါ်ယံအကျဆုံးအလွှာမှာရှိတဲ့ ရေထုထဲကို အလင်းရောင် ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတဲ့အခါ ဖြစ်ပေါ်တဲ့ ဖြစ်စဥ်မျိုးပါ။ အပေါ်ဆုံးအလွှာကို "အလင်းထိုးဖောက် ဝင်ရောက်နိုင်တဲ့ လင်းရောင်ခြည်ဇုန် - Photic Zone" လို့ခေါ်ကြပြီး အဏ္ဏဝါသက်ရှိအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ကျင်လည်ကျက်စားရာဇုန်ဖြစ်ပါတယ်။ ဒီဇုန်ဟာ ကျန်းမာကောင်းမွန်တဲ့ ကမ္ဘာ့ဇီဝဘူမိဓာတုသံသရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အလွန်အရေးကြီးတဲ့အရာလည်း ဖြစ်ပါတယ်။

၂၀၀၃ နဲ့ ၂၀၂၂ ခုနှစ်ကြားမှာ တစ်ကမ္ဘာလုံးက သမုဒ္ဒရာတွေရဲ့ ၂၁ ရာခိုင်နှုန်းဟာ ပိုပြီး မည်းနက်လာတယ်လို့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေအကြောင်း ရေးသားထုတ်ဝေတဲ့ Global Change Biology ဂျာနယ်ပါ လေ့လာမှုက ဖော်ပြပါတယ်။

ဘာကြောင့် သမုဒ္ဒရာ မည်းလာတာလဲ

သမုဒ္ဒရာ မည်းလာတဲ့အကြောင်းရင်းတွေထဲမှာ ရေညှိတွေ အလျင်အမြန်တိုးပွားလာတဲ့ဖြစ်စဥ်နဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပြောင်းလဲမှုတို့လို အချက်တွေကြောင့်ဖြစ်တယ်လို့ ယူဆရကြောင်း အဲဒီလေ့လာမှုက ဖော်ပြပါတယ်။

အဲဒီလို မည်းနက်လာတာကို ကမ်းရိုးတန်းဒေသတွေမှာ မကြာခဏဆိုသလို မြင်တွေ့ရပြီး အဲဒီနေရာတွေဟာ အာဟာရကြွယ်ဝတဲ့ရေတွေက ရေမျက်နှာပြင်ထက်ဆီ တက်လာတာ၊ မိုများလာတာကြောင့် စိုက်ပျိုးခင်းတွေဆီက ရေတွေ ပင်လယ်ထဲ စီးဆင်းလာတာနဲ့ မြေပြင်ပေါ်က အနည်အနှစ်တွေ ရေထဲ ရောက်လာတာတွေကြောင့် အဏုဇီဝသက်ရှိတွေ ပါဝင်တဲ့ ရေမျောတွေ တိုးပွားလာစေပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်က နေရာအများအပြားမှာ မိုးများတဲ့ဖြစ်စဥ်တွေ ပိုတွေ့လာရပြီး အဲဒီဖြစ်စဉ်က ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။

သမုဒ္ဒရာဟင်းလင်းပြင်မှာ မည်းနက်မှုဖြစ်လာရတာကတော့ ပင်လယ် ရေမျက်နှာပြင်အပူချိန် တိုးလာတာနဲ့ ဆက်စပ်နေနိုင်ပြီး ရေမျောတွေ တိုးပွားမှုဖြစ်စေကာ အလင်းရောင်ကို ကာဆီးသွားစေတာမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်နေရာတွေကို ဒီသက်ရောက်မှု ရှိနေလဲ။

၂၀၀၃ နဲ့ ၂၀၂၂ ကြား အပြောင်းအလဲကိုပြတဲ့ ကမ္ဘာ့မြေပုံ။ အနီရောင်နေရာတွေက သမုဒ္ဒရာမည်းနက်မှုကို ပြသနေပြီး အပြာရောင်နေရာကတော့ အရောင်မည်းနက်မှု လျော့နေတာကို ပြသပါတယ်။

သမုဒ္ဒရာရဲ့ ၉ ရာခိုင်နှုန်းကျော်မှာ ရေအနက် မီတာ ၅၀ (၁၆၄ ပေ) နေရာမှာ အလင်းထိုးဖောက်ဝင်ရောက်နိုင်မှု ကျဆင်းတာကို ဒီလေ့လာချက်က တွေ့ရှိခဲ့ပါတယ်။ သမုဒ္ဒရာရဲ့ ၉ ရာခိုင်နှုန်းဆိုတာ အာဖရိကတိုက်နဲ့အရွယ်အစားတူလောက်ရှိပါတယ်။

ဖင်လန် အလံ အဖြူရောင်အပြာရောင်စပ်မြေပုံနဲ့ ဖင်လန်မြို့တော်က နာမည်ကျော် ဘုရားကျောင်း အလည်တည့်တည့်၊ ကျောပိုးအိတ်လွယ်ထားတဲ့အမျိုးသမီးငယ်တစ်ဦး ခရီးဆောင်အိတ်ဆွဲပြီး ကင်မရာကို ကျောပေးရပ််နေ၊ GED စာမေးပွဲအဖြေရလဒ် သရုပ်ဖော်ပုံနဲ့ ပုံဘယ်အစွန်းမှာ အတန်းပြီးမြောက်ကြောင်း ပညာရေး ဝတ်ရုံ ဝတ်ထားတဲ့လူငယ်တစ်ဦး ပုံရိပ်၊ နောက်ပြီး ပုံအလယ်မှာ အကြွေစေ့တွေ အဆင့်ဆင့် စုပုံထားတဲ့ ပေါင်းစပ် ဓာတ်ပုံ

မြိုင်မြို့နယ်၊ စက်မှု ၂ ဘက်ကိုထွက်ပြေးတဲ့ ပြည်သူ့စစ် (အရပ်အခေါ်) ပျူစောထီး အယောက် ၇၀ ကျော်ကို ဇွန် ၅ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဖမ်းဆီး

၂၀၂၆ ဇွန် ၄ ရက် ပြည်ထောင်စုလွှတ်တော်

ဓာတ်ပုံထဲမှာ အနီရောင်နောက်ခံတစ်ခုရှေ့မှာ ဘောလုံးပရိသတ် ၃ ယောက်ကို မြင်ရပုံ။ သူတို့ရဲ့မျက်နှာမှာ စိုးရိမ်မှုတွေ ပေါ်လွင်နေပါတယ်။ ဘယ်ဘက်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လက်နှစ်ဖက်နဲ့ သူ့မျက်နှာကို ဖုံးထားပါတယ်။ အလယ်မှာတော့ အစိမ်းရောင် တောက်ပတဲ့ ဘောလုံးဝတ်စုံနဲ့ လိုက်ဖက်တဲ့ ခေါင်းဆောင်းဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ ညာဘက်မှာတော့ အခြားအမျိုးသမီးတစ်ယောက်က ပါးပေါ်မှာ အာဂျင်တီးနားကိုယ်စားပြု အရောင်တွေ ရေးဆွဲထားပါတယ်။

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

သမုဒ္ဒရာရဲ့ နောက်ထပ် ၂.၆ ရာခိုင်နှုန်းမှာတော့ ရေအနက် ၃၂၈ ပေ (မီတာ ၁၀၀) ကျော်မှာ အလင်းထိုးဖောက်နိုင်မှု ကျဆင်းတာ တွေ့ရပါတယ်။

"အလင်းထိုးဖောက်ဝင်ရောက်နိုင်တဲ့ဇုန်" အနက်မှာ အသိသာဆုံး ပြောင်းလဲမှုတွေကို ပင်လယ်ကွေ့ရေစီးကြောင်းရဲ့ ထိပ်ပိုင်းနဲ့ အာတိတ်နဲ့ အန္တာတိကဒေသတွေနှစ်ခုလုံးထဲမှာ မြင်တွေ့နေရပါတယ်။ အဲဒီနေရာတွေဟာ ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သိသာထင်ရှားတဲ့အပြောင်းအလဲတွေ ကြုံနေရတဲ့နေရာတွေ ဖြစ်နေပါတယ်။

ဘော်လ်တစ် ပင်လယ်အပါအဝင် ကမ်းရိုးတန်းဒေသတွေနဲ့ ကုန်းတွင်းပိတ် ပင်လယ်တွေထဲမှာ မည်းနက်လာတာကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။

ကမ်းရိုးတန်းဒေသတွေမှာပဲ မည်းနက်လာတာမဟုတ်ဘဲ သမုဒ္ဒရာပြင်အထိပါ သက်ရောက်လာနေတာလို့ လေ့လာမှုက ဆိုပါတယ်။

ဒါပေမဲ့ သမုဒ္ဒရာရဲ့နေရာအားလုံးမှာ မည်းနက်လာတာလည်း မဟုတ်သေးဘူးလို့ လေ့လာမှုက ဖော်ပြပါတယ်၊။ သမုဒ္ဒရာရဲ့ ၁၀ ရာခိုင်နှုန်းကတော့ အဲဒီတူညီတဲ့ကာလမှာ အရောင်ဖျော့သွားတာလည်း ရှိပါတယ်။

အဲဒီလို မတူညီတဲ့ ရလဒ်တွေ ရောထွေးနေမှုက သမုဒ္ဒရာရဲ့ ရှုပ်ထွေးတဲ့စနစ်တွေနဲ့ ရေကြည်လင်မှုအပေါ် သက်ရောက်တဲ့ အကြောင်းရင်းစုံကြောင့် ဖြစ်တယ်လို့ သုတေသနစာတမ်းရေးသားသူတွေက ပြောပါတယ်။

အဏ္ဏဝါသက်ရှိတွေအပေါ် ဘယ်လို သက်ရောက်လဲ

သမုဒ္ဒရာရဲ့ အပေါ်ယံရေလွှာဟာ အဏ္ဏဝါသက်ရှိအများစု ရှိတဲ့နေရာဖြစ်

ဒီအပြောင်းအလဲတွေရဲ့ တိကျတဲ့ အကျိုးဆက်တွေက ရာနှုန်းပြည့် ရှင်းရှင်းလင်းလင်းမရှိသေးပေမဲ့ အဏ္ဏဝါမျိုးစိတ်အမြောက်အမြားနဲ့ ဂေဟစနစ်ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

"ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်မှာ ပင်လယ်ရေမျက်နှာပြင်ရဲ့အရောင် ဘယ်လိုပြောင်းလဲခဲ့တယ်ဆိုတာကို ပြသတဲ့ သုတေသနတွေ ရှိပါတယ်။ ဒါက ရေမျော အသိုက်အဝန်းတွေ ပြောင်းလဲမှုရဲ့ ရလဒ် ဖြစ်နိုင်တယ်" လို့ ပလစ်မောက်သ်တက္ကသိုလ်ရဲ့ အဏ္ဏဝါ ထိန်းသိမ်းမှုဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ သောမတ်စ် ဒေးဗီးစ်က ပြောပါတယ်။

"ဒါပေမဲ့ ဒီရလဒ်တွေကနေ ပြသတဲ့ သက်သေအထောက်အထားတွေအရတော့ ဒီပြောင်းလဲမှုတွေကြောင့် သမုဒ္ဒရာမည်းနက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေသလို အသက်ရှင်ရပ်တည်ရေးနဲ့ မျိုးပွားရေးအတွက် နေရောင်နဲ့ လရောင်အပေါ်မှီခိုနေတဲ့ တိရစ္ဆာန်တွေအတွက် ရရှိနိုင်တဲ့ သမုဒ္ဒရာရဲ့နေရာပမာဏက ကျုံ့လာတယ်။"

သမုဒ္ဒရာရဲ့ အပေါ်ယံရေလွှာဟာ အဏ္ဏဝါသက်ရှိအများစု ရှိတဲ့နေရာဖြစ်ပြီး နေရောင်ခြည်ကိုယူပြီး ရေမျောသက်ရှိတွေ အစာချက်လုပ်တဲ့လုပ်ငန်းစဥ် ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် အပင်နဲ့တူတဲ့ သက်ရှိတွေရှိတဲ့နေရာ ဖြစ်ပါတယ်။

ဒီအလွန်သေးငယ်တဲ့ဇီဝသက်ရှိတွေဟာ အစာကွင်းဆက်ရဲ့ အခြေခံဖြစ်ပြီး သူတို့ကို ရေမျက်နှာပြင်အနီးမှာ တွေ့ရှိရကာ အစာချက်လုပ်ဖို့ လုံလောက် တဲ့နေရောင်ခြည် လိုအပ်ပါတယ်။

ဒါကြောင့် ပင်လယ်သတ္တဝါအများအပြားဟာ ဒီအပေါ်ယံလွှာ လင်းရောင်ခြည်ဇုန်မှာပဲ အစာရှာပြီး ဒီမှာပဲ ပေါက်ဖွားကြပါတယ်။ ရေမျောတွေက အဏ္ဏဝါသက်ရှိတွေနဲ့ ကာဗွန်သံသရာအတွက် အဓိကကျစေပြီး ကမ္ဘာ့လေထုရဲ့ အောက်စီဂျင် တစ်ဝက်လောက်ကိုလည်း အဲဒီရေမျောတွေက ထုတ်ပေးတာ ဖြစ်ပါတယ်

စိုးရိမ်ဖွယ် အကြောင်းရင်း

တူရကီနိုင်ငံ၊ အစ်ဇမီယာပင်လယ်အော်က အစိမ်းရောင် ရေမျောများကို ကောင်းကင်က မြင်ရပုံ၊ ၁၂ ဇွန် ၂၀၂၄

သမုဒ္ဒရာမည်းနက်လာခြင်းက လူတွေအသက်ရှူတဲ့ လေအပေါ် ထိခိုက်နိုင်စေသလို လူတွေစားတဲ့ ငါးတွေနဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖို့ ကမ္ဘာကြီးရဲ့ စွမ်းဆောင်ရည်အပေါ်လည်း ထိခိုက်နိုင်တယ်လို့ ဒေါက်တာဒေးဗီးစ်က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေက စိုးရိမ်စရာ တကယ့်အကြောင်းရင်း ဖြစ်ပါတယ်။"

ဒီအပြောင်းအလဲတွေကြောင့် အဏ္ဏဝါသတ္တဝါတွေဟာ အလင်းရောင်ရှိတဲ့ ပင်လယ် ရေမျက်နှာပြင်နားထိ ရောက်လာနိုင်ပြီး အစားအစာနဲ့ တခြားအရင်းအမြစ်တွေအတွက် ပြိုင်ဆိုင်မှု ပိုများလာနိုင်တယ်လို့ ပလစ်မောက်သ် အဏ္ဏဝါ ဓါတ်ခွဲခန်းက အဏ္ဏဝါဇီဝဘူမိဓါတုနဲ့ စောင့်ကြည့်လေ့လာမှုသိပ္ပံဆိုင်ရာ အကြီးအကဲ ပါမောက္ခ တင်မ် စမစ်သ်က ပြောပါတယ်။

"အဲဒါက အဏ္ဏဝါဂေဟစနစ်တစ်ခုလုံးအတွင်းမှာ အခြေခံကျတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်"လို့ သူက ပြောပါတယ်။

လေ့လာမှုကို ဘယ်လိုလုပ်ခဲ့လဲ

အီဂျစ်နိုင်ငံ၊ ပင်လယ်နီ ကမ်းလွန်က သန္တာကျောက်တန်းတွေ ဖုံးလွှမ်းနေတဲ့ ရေအောက်ချောက်ကမ်းပါးတစ်ခု

"ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာ မည်းနက်လာခြင်း" လေ့လာမှုအတွက် သုသေသီတွေဟာ အဆင့်မြင့် သမုဒ္ဒရာဆိုင်ရာ ပုံဖော်တွက်ချက်မှုတွေနဲ့အတူ ဂြိုဟ်တုကနေရရှိတဲ့ အချက်အလက်တွေကို ဆယ်စုနှစ် နှစ်ခုနီးပါး ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့တာပါ။

အမေရိကန်အာကာသအေဂျင်စီ (NASA) ရဲ့ သမုဒ္ဒရာအ‌ရောင်မှတ်တမ်းတင်မှု Ocean Colour Web အချက်အလက်တွေမှာ ကမ္ဘာ့သမုဒ္ဒရာပြင်ကို ပုံအရည်အသွေး ၉ ကီလိုမီတာအကျယ်ထိ ကြည့်လို့ရနိုင်အောင် အပိုင်းလိုက် ခွဲထားပါတယ်။ အဲဒါကြောင့် သုတေသီတွေက သမုဒ္ဒရာမျက်နှာပြင်အပြောင်းအလဲကို စောင့်ကြည့် လေ့လာနိုင်ခဲ့ပါတယ်။ ပင်လယ်ရေထဲမှာ အလင်းရောင်ကိုတိုင်းတာတဲ့ တွက်ချက်မှုစနစ်ကိုတော့ နေရာတစ်ခုချင်းစီက လင်းရောင်ခြည်ဇုန်ရဲ့ အနက်ကို ခန့်မှန်းရာမှာ အသုံးပြုပါတယ်။

နေ့အချိန်ရော ညအချိန် နှစ်ခုလုံးမှာ အလင်းရောင်အခြေအနေတွေ မတူညီမှုက အဏ္ဏဝါမျိုးစိတ်တွေအပေါ် ဘယ်လို သက်ရောက်နိုင်လဲဆိုတာကို လေ့လာစုံစမ်းတဲ့နေရာမှာတော့ နေနဲ့ လတို့နဲ့ ရောင်ခြည်ပေးမှုစွမ်းအား တိုင်းတာမှုပုံစံတွေကို အသုံးပြုခဲ့ပါတယ်။

ညပိုင်းအချိန် အလင်းရောင်ပမာဏ အပြောင်းအလဲတွေက နေ့အချိန်နဲ့စာရင် ပြောင်းလဲမှုနည်းပေမဲ့ ဂေဟစနစ်အတွက်တော့ အရေးပါနေတာကို ဒီလေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
သမုဒ္ဒရာတွေ ပိုမည်းနက်လာတာကို လူသားတွေစိုးရိမ်သင့်ပြီလား | YGN Daily